- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

43067 POSTS
0 COMMENTS

ရွာပေါင်းစုံလူထုသပိတ်စစ်ကြောင်းနှင့် ရွှေရေကြည် သပိတ်စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချရေး ပူးပေါင်းချီတက်

ရန်ကုန်၊ စက်တင်ဘာ ၂၅ ယင်းမာပင် ရွာပေါင်းစုံလူထုသပိတ်စစ်ကြောင်းနှင့် ​ရွှေ​ရေကြည် သပိတ်စစ်​ကြောင်းတို့ ယ​နေ့ ည​နေပိုင်းစစ်အာဏာရှင် ဖြုတ်ချ​ရေး ပူး​​ပေါင်းချီတက်ကြသည်။ "အာဏာရှင်ရဲ့ယန္တရားကိုဖြိုဖျက်ကြ။ လူထုအားဖြင့် အောင်ပွဲဆီချီတက်ကြ။ဆက်လက်ပြီး အခက်အခဲအကြပ်အတည်းတွေကြုံနေရပါလိမ့်မယ်။ဒါဟာ တော်လှန်ရေးတခုရဲ့ သဘောသဘာဝပဲ။ဘယ်တုန်း ကမှ လူလိုသူလို မနေရတဲ့နိုင်ငံမှာလူလိုသူလို နေနိုင်ဖို့ တော်လှန်ဖို့ပါပဲ" ဟု သပိတ်ဦးဆောင်သူက ဟောပြောသည်။

နေပြည်တော်မှ တုန်လှုပ်ခြောက်ခြားနေသည့် စစ်ခေါင်းဆောင်များအတွက် မရဏ တရား (သို့မဟုတ်) အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင် သတ်ဖြတ်ခံရမှု၏ နောက်ကွယ်

By ရန်ကုန်ခေတ်သစ် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လက်ရှိ စစ် ဗိုလ်ချုပ်များ၊ ယခင် စစ်ဗိုလ်ချုပ်ဟောင်း များ၏ မိတ်ဆွေ၊ အစ်ကိုကြီး၊ ဆရာဖြစ်ခဲ့သူ စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ကျောင်းဆင်း အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်သည် စက်တင် ဘာလ ၂၄...

ယင်းမာပင် မြောက်ခြမ်း စစ်အာဏာရှင်ဆန့်ကျင်ရေးညနေခင်းသပိတ်စစ်ကြောင်း ချီတက်

ရန်ကုန်၊ စက်တင်ဘာ ၂၅ စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြောက်ခြမ်း စစ်အာဏာ ရှင် ဆန့်ကျင်ရေး ညနေခင်း သပိတ်စစ်ကြောင်း ယနေ့ညနေပိုင်း ချီတက် သပိတ်မှောက်သည်။

နိုင်ငံတကာခေါင်းဆေင်များ တက်ရောက်မည့် ရှင်ဇိုအာဘေး၏ ဈာပနတွင် မြန်မာစစ်ကောင်စီ တက်ရောက်ခြင်းကို တားဆီးပေးရန် CDM ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံး CDM သံတမန် တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၅ ယမန်နှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် စစ်ကောင်စီ၏ ထုတ်ပယ်ခြင်းခံခဲ့ရသော သံတမန်ဟောင်းတစ်ဦးက ၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနပွဲသို့ တက်ရောက်ရန် စစ်ကောင်စီ၏ မြန်မာသံအမတ်ကို ဖိတ်ကြားထားခြင်းအပေါ် ဂျပန်နိုင်ငံအား ပြစ်တင်ဝေဖန် ပြောဆိုလိုက်သည်။ အကယ်၍ ဂျပန်အစိုးရအနေနှင့် ရှင်ဇိုအာဘေး၏...

ရန်ကုန်စစ်တပ်ဘန်ကာအနီးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရန်ကုန်စစ်တပ်ဘန်ကာအနီးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ယနေ့ချိတ်ဆွဲသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်တွင် စစ်တပ် ဆန့်ကျင်ရေး သပိတ်မှောက် ချီတက်

ရန်ကုန်၊ စက်တင်ဘာ ၂၅ ယနေ့နံနက်ပိုင်း ချင်းပြည်နယ် ကန်ပက်လက်မြို့ မြို့တွင်းတစ်နေရာတွင် မြို့မိမြို့ဖများ၊ကျောင်းသားမိဘများ၊ကျောင်သားကျောင်းသူများက ဦးကျော်မိုးထွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ်တင်မြှောက်ရေးကို ငြိမ်းချမ်းစွာ ဆန္ဒ‌‌ထုတ်ဖာ်ကြသည်။ ဆန္ဒထုတ်ဖော်ပွဲတွင် CDF Kanpetlet ရဲဘော်များ၊ ရဲမေများမှ လုံခြုံရေးဆောင်ရွတ်ပေးခဲ့ကြပါသည်။

သံဃာတော်များက စစ်တပ်ဆန့်ကျင်ရေး သပိတ်မှောက်

ရန်ကုန်၊ စက်တင်ဘာ ၂၅ "ပြည်သူကို ရန်သူအထင်နဲ့သတ်ဖြတ်တဲ့စစ်အုပ်စုဆိုတာ ပြည်သူတွေရဲ့အားကိုးရာမဟုတ်ပါ။ပြည်သူတရပ်လုံးရဲ့ ဘုံရန်သူသာဖြစ်ပါတယ်" ဆိုသော စာသားကိုင်ဆောင်၍ သံဃာတော်များက စစ်တပ်ဆန့်ကျင်ရေး သပိတ်မှောက်ကြသည်။

စစ်အာဏာရှင် တော်လှန်ရေး ရက်ပေါင်း ၅၉၄ ရက်မြောက်အဖြစ် သံဃသမဂ္ဂ ရဟန်းတော်များက ပရိတ်ရွတ် မေတ္တာပို့

ရန်ကုန်၊ စက်တင်ဘာ ၂၅ "ယုတ်သော လုံ့လဝီရိယဖြင့် အထွဋ်အထိပ်သို့မရောက်နိုင်၊ မြင့်သော ဝီရိယဖြင့်သာ မြင့်သောအထွဋ်အထိပ်သို့ ရောက်နိုင်၏" ဟူသော မြတ်ဗုဒ္ဓအဆုံး အမကို လက်ကိုင်ပြုပြီး လုံ့လကြိုးစား၍ အောင်ပွဲကို ​တော်လှန်​ရေးသမားများ အမြန်ရရှိကြပါစေဟု သံဃာ​တောများက ဆု​တောင်းကြသည်။ ပြည်သူ့အတွက်ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်နေကြသည့် ပြည်သူများ သူရဲကောင်းများအားလုံးအတွက်ကျန်းမာ၍ ဘေးအန္တရာယ်...

သူတို့ အသက်စွန့်၍ တော်လှန်ခဲ့သည်မှာ ၁ နှစ်ပြည့်ပြီ (သို့မဟုတ်) နွေဦးတော်လှန်ရေး အာဇာနည် ဒေါက်တာဇင်လင်း၊ သူနာပြု မခင်ခင်ကြွယ်၊ ကိုကျော်ကြီးနှင့် ကိုပစ်ကြီး ကျဆုံးမှု တစ်နှစ်ပြည့် အထိမ်းအမှတ်

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း တိုက်ခန်းလေးတစ်ခန်းကို စစ် တပ် က ဝင်ရောက်စီးနင်းမှုတွင် နွေဦးတော်လှန်ရေး သူရဲကောင်း အာဇာနည် ဒေါက်တာဇင်လင်း၊ သူနာပြု မခင်ခင်ကြွယ်၊ ကိုကျော်ကြီးနှင့်ကိုပစ်ကြီးတို့ ကျဆုံးခဲ့ရသည်မှာ ယနေ့ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ယနေ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အောင်းမေ့သတိရ ဝမ်းနည်း လွမ်း...

စစ်ကောင်စီကြောင့် ကျောက်တော်ဂိတ်တွင် ကားများ ၁ ရက်ကြာ ပိတ်မိနေ၊ ရခိုင်တွင် ကုန်လမ်းနှင့် ရေလမ်းများကို မှတ်ပုံတင်ပါမှသွားလာခွင့်ရ

ရန်ကုန်၊ စက်တင်ဘာ၊ ၂၅ ရက် ရခိုင်ပြည်ရှိ မြို့နယ်အသီးသီးသို့ ပြေးဆွဲနေကြသည့် ကုန်လမ်းနှင့် ရေလမ်းခရီးသွားလာမှုကို မှတ်ပုံတင်ပါမှသာ သွားလာခွင့်ရပြီး ခရီးသွားလာမှုများတွင် စစ်ကောင်စီက အချိန်ကြာမြင့်စွာစစ်ဆေးမှုကြောင့် သွားလာခွင့်ရဖို့ ရက်အချိန်ကြာ စောင့်ဆိုင်းနေကြရသည်။ ပြည်ပဖက်သို့သွားလာခြင်းမဟုတ်ဘဲ မိမိတို့၏ ပြည်တွင်းရှိ မြို့နယ်အချင်းချင်းသွားရခြင်းကိုပင် မှတ်ပုံတင်ပြကာစစ်ဆေးမှုခံယူနေရသည့်အတွက် ယင်းသို့စစ်ကောင်စီ၏ စစ်ဆေးခံရမှုအပေါ်ရခိုင်ဒေသခံများပြင်းပြင်းထန်ထန် ဝေဖန်မှုရှိလာသည်။ ယင်းပြင် မှတ်ပုံတင်ပြရုံသာမက...

Latest news

- Advertisement -spot_img