- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

44931 POSTS
0 COMMENTS

ကန့်ဘလူတိုက်ပွဲတွင် ဗိုလ်ကြီး ၂ ဦးနှင့် ဗိုလ် ၁ ဦး အရှင်ဖမ်းမိပြီး စစ်သား ၄၀ ဦး သေဆုံး၊ လက်နက် ၂၂ လက်နှင့်ကျည် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ

ရန်ကုန်၊ ဩဂုတ် ၂၃ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက စစ်ကောင်စီတပ်ကို ယနေ့ တိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၁ ဦး အရှင်ဖမ်းမိပြီး စစ်သား ၄၀ ဦးထက်မနည်းသေဆုံးကာ လက်နက် ၂၂ လက်နှင့် ကျည် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိကြောင်း...

မြိုင်မြို့နယ် သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၃ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ရဲဘော်များနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် "ထောင်တွင်း အကြမ်းဖက်မှု သတ်ဖြတ်မှု ဒို့လက်မခံ ပညာရေးနဲ့ လူထုအသံ"၊ "တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ လူထုမှတပါးအခြားမရှိ"...

ကနီမြို့နယ် ၃၁ မိုင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့လိုက်ပြီး လမ်းပြခေါ်ဆောင်ခဲ့သော အဘိုးအိုကို ပစ်သတ်သွား၊ ဖောင်းပြင်တွင် သငါရွာမှ အိမ်ခြေ ၂၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၆၀ ခန့် ပိတ်မိနေ

ရန်ကုန်၊ သြဂုတ် ၂၃ စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ကနီမြို့နယ်၊ မုံရွာ -ယာကြီး- ကလေးဝ လမ်းမဘေးရှိ ၃၁ မိုင်ကျေးရွာကို စစ်တပ်က ယနေ့ ညနေ ၄ နာရီမှစတင်ပြီး မီးရှို့ဖျက်ဆီးလိုက်ကာ လမ်းပြခေါ်ဆောင်ခဲ့သော အဘိုးတစ်ဦးကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဩဂုတ် ၂၃ ရက်နေ့ ညနေ...

အရာတော်တွင် “ဘယ်မျဉ်းစောင်းထိထိ ငါတို့နဲ့ ညှိတာပဲ” ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၃ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ပြည်သူများ စုပေါင်း၍ "ဘယ်မျဉ်းစောင်းထိထိ ငါတို့နဲ့ ညှိတာပဲ" ဘန်နာစာတန်းကိုင်စွဲကာ စစ်ဝတ်စုံကို မီးရှို့ခြင်း စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက်ကြသည်။

သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၂၃ မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် "ဘယ် ( / ) ထိထိ ငါတို့ကို ငြှိတာပါပဲ၅/ ၈/ ၉/ (သံဃသမဂ္ဂ)" ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်...

အကြမ်းဖက်စစ်တပ်က မြဝတီ-ဝေါလေကားလမ်း သုံးထပ်ကွေ့ကို ကြည်းကြောင်း၊ လေကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်၍ Cobra ရဲဘော် ၁ ဦးကျဆုံး၊ စစ်သား အသေအဆုံးများသော်လည်း အရေအတွက် အတည်မပြုနိုင်

ရန်ကုန်၊ ဩဂုတ် ၂၃ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ အုပ်ချုပ်နယ်မြေ၊ မြဝတီမြို့နှင့် ဝေါလေမြို့နယ်ခွဲကို ဆက်သွယ်ထားသော လမ်းလမ်းပေါ်ရှိ KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသော သုံးထပ်ကွေ့ကို အကြမ်းဖက်စစ်တပ်က ယနေ့ ဩဂုတ်လ ၂၃ ရက် နံနက် ၉ နာရီမှ...

ချင်းတွင်မြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၃ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် "ဘယ်(/)မျဥ်းစောင်းထိထိ ငါတို့နဲ့ငြိတာပဲ" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ Photos - AungKhantZaw

ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၂၃ မန္တလေး ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေရေကြည် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၃ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကနီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဘန်နာ ၁၃ ခု ချိတ်ဆွဲ၍ ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၃ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ ဦးဆောင်၍ ကနီနယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ ဝင်နေသည့် လမ်းများ၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဘန်နာ ၁၃ ခု ချိတ်ဆွဲ၍ ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းက ဆန္ဒပြခဲ့သည်။

Latest news

- Advertisement -spot_img