- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

42267 POSTS
0 COMMENTS

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံ၊ လုံခြုံရေးဘန်ကာမှ ထွက်လာသော စစ်သားတချို့ကို မိုင်းဆွဲမှု စစ်သား ၁ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဇွန် ၁၄ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ လုံခြုံရေးဘန်ကာအတွင်းမှ ထွက်လာသော စစ်သားတချို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Operation Flame အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ ည ၈...

Khit Thit သတင်းဌာန၏ ဇွန် ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရန်ကုန်မြို့က အလုံမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတည် ဆောက်ရေး တိုးချဲ့ဖို့ဆိုပြီး စောရန်ပိုင် အနောက်ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၅၀၀ ကျော်ကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံ ပြည်သူတွေက...

စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းများကို နိုင်ငံတော်ပုန်ကန်မှုတွင် ပူးပေါင်းပါဝင်မှု အပါအဝင် ပုဒ်မများစွာဖြင့် တရားစွဲအရေးယူမည့် ဥပဒေ ပြဋ္ဌာန်း

ရန်ကုန်၊ ဇွန် ၁၄ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများကို နိုင်ငံတော်ပုန်ကန်မှုတွင် ပူးပေါင်းပါဝင်မှု အပါအဝင် ပုဒ်မများစွာဖြင့် တရားစွဲအရေးယူမည့် ဥပဒေ ကို ပြည်ထောင်စုလွှတ် တော်ကိုယ် စားပြု ကော်မတီ (CRPH) က ယမန်နေ့ ပြဋ္ဌာန်းလိုက်သည်။ ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ CRPH...

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ကရင်ပြည် “ကော်သူးလေ” နိုင်ငံအဖြစ် ပါဝင်ပြီး မိမိတို့၏ ကံကြမ္မာကို မိမိတို့ကသာလျှင် ဖန်တီး စီမံအုပ်ချုပ်နိုင်ရမည်ဟု KNU ဥက္ကဋ္ဌ ပြော

ရန်ကုန်၊ ဇွန် ၁၄ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ကရင်ပြည် ကော်သူးလေ နိုင်ငံအဖြစ် ပါဝင်ပြီး မိမိတို့၏ ကံကြ မ္မာကို မိမိတို့ကသာလျှင် ဖန်တီး စီမံအုပ်ချုပ်နိုင်ရမည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် ကော်သူးလေနေ့ အဖြစ် ထုတ်ပြန်သော မိန့်ခွန်းတွင်...

မန္တလေး၊ အိုးဘိုထောင်တွင် ဆေးကုသခွင့် မရ၍ နိုင်ငံ‌ရေးအကျဉ်းသူ‌ CDM အလယ်တန်းကျောင်းအုပ် ဒေါ်မြင့်မြင့်သန်း ကွယ်လွန်၊ ယခုနှစ်အတွင်း ထောင်အတွင်း သေဆုံးရသော နိုင်ငံရေးအကျဉ်းသား ၁၁ ဦးရှိလာ

ရန်ကုန်၊ ဇွန် ၁၄ မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ဆေးကုသမှု မရရှိ၍ နိုင်ငံ‌ရေးအကျဉ်းသူ‌ CDM အလယ်တန်းကျောင်း အုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်း ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် မေလ ၇ ရက်နေ့ CDM...

လမ်းမတော်နှင့် ကမာရွတ်မြို့နယ်တို့တွင် ရဲတပ်ဖွဲ့နှင့် ပျူစောထီးများအကြား ပစ်ခတ်မှုဖြစ်သည်အထိ ရုန်းရင်း ဆန်ခတ်မှုများဖြစ်ပွား၊ ပျူစောထီးတချို့ကို ရဲက ဖမ်းသော်လည်း တပ်က ပြန်လွှတ်ခိုင်း

ရန်ကုန်၊ ဇွန် ၁၄ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် ရဲတပ်ဖွဲ့နှင့် ပျူစောထီးများအကြား ပစ်ခတ်မှုဖြစ်သည်အထိ အချင်းများ ရန်ဖြစ်မှုများ ပေါ်ပေါက်လာကြောင်း တပ်သတင်းရင်းမြစ်တချို့နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။ ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန် လမ်းမတော်မြို့နယ်၊ ဂျန်းရှင်းမော်တင်အနီးတွင်...

Khit Thit သတင်းဌာန၏ ဇွန် ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၁၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံအခြေအနေကို အရေးယူဆောင်ရွက်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်တယ်နိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရှောင်လွဲနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် နာရေးအိမ် ပေါ်ကို...

သဲကုန်းမြို့နယ်တွင် ကင်းစောင့်ရန် တာဝန်ယူထားသော ပျူစောထီး မျိုးအောင်ကို တာဝန်ချိန်နောက်ကျမှုဖြင့် စစ်သားများက အပြစ်ပေးရိုက်နှက်ရာမှ လက်လွန် သေဆုံး

ရန်ကုန်၊ ဇွန် ၁၄ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် ကင်းစောင့်ရန် တာဝန်ယူထားသော ပျူစောထီး မျိုးအောင်ကို တာဝန်ချိန်နောက် ကျမှုဖြင့် စစ်သားများက အပြစ်ပေးရိုက်နှက်ရာမှ လက်လွန် သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန် သဲကုန်းမြို့နယ်၊...

အလုံမြို့နယ်တွင် စစ်ကောင်စီက အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတည်ဆောက်ရေး တိုးချဲ့ရန်ဟုဆိုကာ စောရန်ပိုင် အနောက်ရပ်ကွက်မှ အိမ်ခြေ ၅၀၀ ကျော်ကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်း

ရန်ကုန်၊ ဇွန် ၁၄ ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် စစ်ကောင်စီက အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတည်ဆောက်ရေး တိုးချဲ့ရန်ဟုဆိုကာ စောရန်ပိုင် အနောက်ရပ်ကွက်မှ အိမ်ခြေ ၅၀၀ ကျော်ကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ ၁၅၆ ဒသမ ၉၃၁ ဧက...

ဖားကန့်၊ တောင်ယာကုန်းရွာမှ ပြည်သူ ၃ ဦးကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့ပြီး စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ပြည်သူ ၂၆ ဦးအထိရှိလာ

ရန်ကုန်၊ဇွန် ၁၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောင်ယာကုန်ကျေးရွာမှ ပြည်သူ ၃ ဦးကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ပြည်သူ ၂၆ ဦးအထိရှိလာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၃ ရက်နေ့ မှော်ဆီဇာဘုရားကုန်းမှ စစ်ကောင်စီတပ်များက တောင်ယာကုန်ကျေးရွာဘက်သို့...

Latest news

- Advertisement -spot_img