- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

42212 POSTS
0 COMMENTS

Khit Thit သတင်းဌာန၏ မေ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မင်းအောင်လှိုင်လင်မယားက သူတို့ကိုးကွယ်တဲ့ ဝစီပိတ်ဘုန်းကြီး ခေါ်လို့ ကျိုင်းတုံထိသွားပြီး လောက သရဖူစေတီ ဘုရားဌာပနာ ယတြာချေပွဲနဲ့ ဆေးရုံဖွင့်ပွဲ တက်ရောက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်တဲ့ ပြည်သူ့...

AA နှင့် PDF များ ဝင်ရောက်လာမည်ဟုဆိုကာ အင်္ဂပူမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့တွင် စစ်တပ်က စစ်သားသစ်များ အကြီး အကျယ်စုဆောင်းပြီး စစ်သင်တန်းများနှင့် ရက်တို ပစ်ခတ်မှု သင်တန်းများ ဆက်တိုက်ပေးနေ

ရန်ကုန်၊ မေ ၂၆ ဧရာ၀တီတိုင်းတွင် AA နှင့် PDF များ ဝင်ရောက်လာမည်ဟုဆိုကာ အင်္ဂပူမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့တွင် စစ်တပ်က စစ်သားသစ်များ အကြီးအကျယ်စုဆောင်းပြီး စစ်သင်တန်းများ ဆက်တိုက်ပေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ AA နှင့် PDF များ ဝင်ရောက်လာ၍ လေးမျက်နှာမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက်...

မလေးရှားနိုင်ငံတွင် ယနေ့ စတင်မည့် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးက ထိပ်တန်းကိစ္စ အဖြစ်ပါဝင်နေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

ရန်ကုန်၊ မေ ၂၆ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ယနေ့ စတင်မည့် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးက ထိပ်တန်းအဖြစ်ပါဝင်ပြီး စစ်ကောင်စီဘက်မှ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ကာ စစ်တပ်၏ အဆင့်နိမ့်ကိုယ်စားလှယ် တက်ရောက်မည်ဖြစ်ကြောင်း မလေးရှားမှလာသော သတင်းများအရ သိရှိရသည်။ မလေးရှားနိုင်ငံတွင် ယနေ့ တနင်္လာနေ့...

နေပြည်တော်တွင် Modular Office နှင့် House များ အပါအဝင် ယာယီအဆောက်အအုံ တည်ဆောက်မှုအတွက် လိုအပ်သော သွင်းကုန်များကို မင်းအောင်လှိုင်သားအောင်ပြည့်စုံ၊ ဦးပိုင်နှင့်စစ်တပ် အသိုင်းအ၀ိုင်းက တင်သွင်းခွင့်ရရှိ

ရန်ကုန်၊ မေ ၂၆ ငလျင်ဒဏ်သင့် နေပြည်တော်တွင် Modular Office နှင့် Modular House များ အပါအဝင် ယာယီအဆောက် အအုံ တည်ဆောက်မှုအတွက် လိုအပ်သော သွင်းကုန်များကို မင်းအောင်လှိုင်သားအောင်ပြည့်စုံ၊ စစ်တပ်ဦးပိုင်ကုမ္ပဏီနှင့်စစ်တပ် အသိုင်းအ၀ိုင်းက တင်သွင်းခွင့်ရရှိထားကြောင်း သိရှိရသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော...

ကျားဖြန့်သူဌေး ရှီဂျီကျန်း နှင့် Amazing Group ပိုင်ရှင် အောင်မျိုးမင်းဒင် အပါအဝင် မြန်မာစစ်တပ်ကို နှစ်ပေါင်းများစွာ ထောက်ပံ့နေသည့် ဂုဏ်သရေပျက် အာဆီယံသူဌေးကြီးများ

ရန်ကုန်၊ မေ ၂၅ မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးများကို အားပေးကူညီနေသည့် ဂုဏ်သရေပျက် အာဆီယံ သူဌေးကြီးများစာရင်းအား Justice For Myanmar (JFM)အဖွဲ့က မေလ ၁၂ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါဂုဏ်သရေပျက် သူဌေးကြီးများစာရင်းတွင် ပါဝင်သော အာဆီယံသူဌေးကြီးများ၏ အသေးစိတ်အချက်အလက်များကို JFM ကဆက်လက်ထုတ်ပြန်လျှက်ရှိရာ၊ ယခုရက်ပိုင်း ထုတ်ပြန်သောစာရင်းတွင် ထိုင်း-မြန်မာ...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၅ မြန်မာနိုင်ငံတစ်ဝန်း မေလ ၂၅ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိ ရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင်...

မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၅ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးခဲ့ကြောင်း Peacock Drone Team – Myaung တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၂၄ ရက်...

တနင်္သာရီနှင့် မုံရွာ တို့တွင် စစ်စခန်း၊ စစ်ကားနှင့် လုံခြုံရေးကင်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ မေ ၂၅ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မှ တနင်္သာရီမြို့နယ် ဘက်ကိုလာသည့် စစ်ကား ၃ စီးနှင့် လုံခြုံရေးကင်းတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီမြို့နယ် ပကဖ ဇုန် - ၃ ကပြောဆိုသည်။ မေလ ၂၂...

ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်ပျူစောထီးရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ မေ ၂၅ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အောင်သာဘဲရွာသစ်ပျူစောထီးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Ayar Daung အဖွဲ့က ပြေဆိုသည်။ မေလ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ အောင်သာ...

မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာ နှင့် ရွှေဘော်ကျွန်းရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးကာ ဘုန်ကြီးကျောင်း ပျက်စီး

ရန်ကုန်၊ မေ ၂၅ မန္တလေးတိုင်း မြင်းခြံမြို့နယ် မြောက်ဘက်ရှိတနဘူးအိုင်ရွာနှင့် ရွှေဘော်ကျွန်းရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နှင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၁ ဦး သေဆုံးကာ ကိုရင်ငယ်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မေလ၂၄ ရက်နေ့ နံနက် ၆နာရီခွဲနှင့် ၆ နာရီ ၄၅မိနစ်အချိန်များတွင်...

Latest news

- Advertisement -spot_img