- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

42202 POSTS
0 COMMENTS

ကြို့ပင်ကောက်၊ ကွင်းချောင်းရွာမှ ပျူစောထီးများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကျောက်ပန်းတောင်းတွင် ပျူစောထီးကို သေနတ် ၁ လက်နှင့် အတူ ဖမ်းမိ

ရန်ကုန်၊ မေ ၂၅ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှ ထွက်လာသော ပျူစောထီး များကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ တပ်ခွဲမှူး ရဲဘော်ကရင်လေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၂၄...

ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

ရန်ကုန်၊ မေ ၂၅ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၂၅ ရက်နေ့ နံနက်...

တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် ကိုရီးယားမြန်မာပူပေါင်း၍ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကျင်းပ

ရန်ကုန်၊ မေ ၂၅ တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် ကိုရီးယားမြန်မာပူပေါင်း၍ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆန္ဒပြပွဲကို အူဆန်မြန်မာအသင်းက ဦးဆောင်ပြီး တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက စစ်အာဏာရှင်စနစ်ဆိုးက လွတ်မြောက်သည်အထိ ဆက်လက်ပါဝင်ပေးရန်၊ ပြည်တွင်းပြည်ပမြန်မာနိုင်ငံသူနိုင်ငံသားများထောက်ပို့အပိုင်းကို အရှိန်အဟုံမြင့်ပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar...

ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းတွင် ဒုတပ်ကြပ် ဂျူလိုင်ထွန်း မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး အဆုံးစီရင်

ရန်ကုန်၊ မေ ၂၅ မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းတွင် ဒုတပ်ကြပ်တစ်ဦး မိမိကိုယ်ကို သေနတ် ဖြင့်ပစ်ခတ်ပြီး အဆုံးစီရင်သေဆုံးသွားကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မေလ ၂၁ ရက်နေ့ ညပိုင်း ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ဒုတပ်ကြပ်...

သဲကုန်းတွင် စစ်သား စုဆောင်းနေသူ အုပ်ချုပ်ရေးမှူး ကျော်ဝင်းထွဋ် ပစ်ခံရ၍ သေဆုံးပြီး အလောင်းလာကောက်သည့် စစ်တပ်ကိုပါ ထပ်မံ မိုင်းဆွဲ

ရန်ကုန်၊ မေ ၂၅ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် စစ်မှုထမ်းစစ်သား စုဆောင်းနေသူ အုပ်ချုပ်ရေးမှူးကျော် ဝင်းထွဋ်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက် လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadowက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မေလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ...

၀စီပိတ်ဘုန်းကြီး ခေါ်လို့ ကျိုင်းတုံမှာ မင်းအောင်လှိုင် လင်မယားက လောက သရဖူ စေတီ ဘုရားဌာပနာ ယတြာချေပွဲနှင့် ဆေးရုံဖွင့်ပွဲတွေ လုပ်

ရန်ကုန်၊ မေ ၂၅ မင်းအောင်လှိုင်လင်မယားက သူတို့ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးခေါ်လို့ ကျိုင်းတုံထိသွားပြီး လောကသရဖူ စေ တီ ဘုရားဌာပနာ ယတြာချေပွဲနဲ့ ဆေးရုံဖွင့်ပွဲ တက်ရောက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုပါတယ်။ မေလ ၂၃ ရက်နေ့ကတည်းက ကျိုင်းတုံကို ရောက်ရှိခဲ့တဲ့ မင်းအောင်လှိုင် လင်မယားက ၀စီပိတ်ဘုန်းကြီးရဲ့...

Khit Thit သတင်းဌာန မေ ၂၅ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၂၅ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews...

မိုးညှင်းခရိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် သက်ကြီးပိုင်း လင်မယား ၂ ဦးပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ မေ ၂၅ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အရပ်သားပြည်သူများ နေထိုင်သော နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲကာ သက်ကြီးပိုင်း လင်မယား ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၄ ရက်နေ့ ​ညနေ ၅ နာရီ...

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU က ယနေ့နံနက်ပိုင်း ထပ်မံ ထိုးစစ်ဆင်၊ ဘလက်ဒို စစ်စခန်း သိမ်းပိုက်ပြီးနောက် ၂ ရက်အကြာ စစ်တပ်စခန်းများအားလုံးကို တောက်လျှောက် မရပ်မနား ထိုးစစ်ဆင်နေ

ရန်ကုန်၊ မေ ၂၅ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU က ယနေ့နံနက်ပိုင်း ထပ်မံ ထိုးစစ်ဆင်နေပြီး တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်သံများကြားနေရကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ မေလ ၂၅ ရက်နေ့...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၇ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၄ မြန်မာနိုင်ငံတစ်ဝန်း မေလ ၂၄ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၉၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိ ရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင်...

Latest news

- Advertisement -spot_img