28.3 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

37165 POSTS
0 COMMENTS

ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းက စစ်တပ် ကျရှုံးရေးဆန္ဒပြ

ရန်ကုန်၊ ဇွန် ၉ ယင်းမာပင်မြို့နယ်တွင် "ပြည်သူ့အားမာန် သပိတ်စစ်ကြောင်း" က အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဆားလင်းကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ချီတက်

ရန်ကုန်​၊ဇွန် ၉ ဆားလင်းကြီးတွင် လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက “Airbus: End investment in AVIC” ခေါင်းစဥ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ချီတက်ခဲ့ကြောင်း သိရှိရသည်။

ရွှေဘိုမြို့အထွက်မှ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ကင်းလှည့်ရန် ထွက်လာစဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇွန် ၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ တောင်ဘက်အထွက် မုဒ်ဦးတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းလှည့်ရန် ထွက်လာစဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Fight For Freedom အဖွဲ့က ပြောဆိုသည်။ ဇွန်လ ၆ ရက်နေ့တွင် ရွှေဘိုမြို့ တောင်ဘက်အထွက်...

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၉ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကော့ကရိတ်နှင့်ကျုံဒိုးတွင် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ အထိနာ၊ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိ

ရန်ကုန်၊ ဇွန် ၉ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့တို့တွင် စစ်တပ်က စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၆ ရက်နေ့မှစတင်ပြီး စစ်တပ်က စစ်ကြောင်းများခွဲ၍ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့နယ်တို့ဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ဇွန်လ...

Khit Thit သတင်းဌာန၏ ဇွန် ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ နိုင်ငံတကာစာမျက်နှာမှာ စစ်ကောင်စီဘက်ကနေ ရပ်တည်ထောက်ခံပေးမှုအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်တယ်ဆိုပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုလာ ပြန်တဲ့အပြင် တရုတ်သမ္မတရှီကျင့်ဖျင်ကို အနာဂတ်ကမ္ဘာရဲ့ ငြိမ်းချမ်းရေး မြှင့်တင်နိုင်သူဆိုပြီးတော့ပါ မင်းအောင်လှိုင် က အလွန်အကျူး...

ကျိုက်မ​ရောနှင့် ကော့ကရိတ်မြို့နယ် အစပ်ရှိ ပန်ရပ် ​ကျေးရွာ နေအိမ်စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်​၊ဇွန် ၉ မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အစပ် ပန်ရပ် ​ကျေးရွာရှိ ကလေးများကို စာသင်ကြားပေးနေသည့် နေအိမ်စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၉ ရက်နေ့...

ဖားကန့်မြို့နယ်၊ မှော်ဆီဇာ ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ လက်ဖက်ရည်ဆိုင်ထိုင်စဉ် ပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဆီဇာ ဘုရားကုန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားတချို့ အပြင်ထွက်၍ လက်ဖက်ရည်ဆိုင် ထိုင်စဉ် ပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၉ ရက်နေ့...

ကြို့ပင်ကောက်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ဗောဓိကုန်းရွာအုပ်ချုပ်ရေးမှူး မောင်ညိမ်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၂ လုံးသိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၉ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ဗောဓိကုန်းရွာ လက်နက်ကိုင် အုပ်ချုပ်ရေးမှူး မောင်ညိမ်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး လက်ပစ်ဗုံး ၂ လုံးသိမ်းဆည်းရရှိခဲ့ကြောင်း BTZM GBK PDF တပ်ခွဲမှူး ကိုတေဇမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့...

TNLA ပါဝင်သော တအာင်းပြည်ကောင်စီ TLC ဖွဲ့စည်းလိုက်ပြီး ယခုနှစ်အတွင်း တအာင်းပြည် တော်လှန်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းတော့မည်

ရန်ကုန်၊ ဇွန် ၉ ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့များနှင့် မန္တလေးတိုင်းအတွင်းမှ မိုးကုတ် အပါအဝင် မြို့နယ်ပေါင်း ၁၂ မြို့သိမ်းပိုက်ထားသော TNLA အပါအဝင် တအာင်းအမျိုးသား အစုအဖွဲ့များ စုပေါင်း၍ တအာင်းပြည်တော်လှန်ရေးကာလအစိုးရကို ဖွဲ့စည်းထူထောင်ရေးအတွက် တအာင်းပြည်ကောင်စီကို ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။ တအာင်းပြည်တစ်နေရာတွင် တအာင်းအမျိုးသားပါတီ -TNP၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး...

Latest news

- Advertisement -spot_img