- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

44931 POSTS
0 COMMENTS

စစ်တပ်၏ စစ်ကြောရေးစခန်းများတွင် လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လိင်အင်္ဂါကို မီးရှို့ခြင်း အပါ အဝင် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်သည့် သက်သေများ ရှာဖွေတွေ့ရှိရဟု ကုလသမဂ္ဂ IIMM က ပြော

ရန်ကုန်၊ ဩဂုတ် ၁၂ အကြမ်းဖက်စစ်တပ်၏ စစ်ကြောရေးစခန်းများတွင် လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လိင်အင်္ဂါကို မီးရှို့ခြင်း အပါ အဝင် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုများ၊ စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်သော အထောက်အထားများ ရှာဖွေတွေ့ရှိရကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား-IIMM က...

ရေဦးမြို့မြောက်ဘက်တွင် စစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၂ စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်၊ ရေဦးမြို့မြောက်ဘက်သို့ အင်အားပြထွက်လာသော စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ရေဦးမြို့နယ်ပြည်သူ့ ကာကွယ် ရေးအဖွဲ့ - ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဩဂုတ်လ...

စစ်ကိုင်း၊ တောင်းရင်းရွာအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုအတွင်း အလောင်းများ ထပ်မံတွေ့ရှိရပြီး သေဆုံးသူ ၁၆ ဦးအထိတိုးလာ၊ ပြည်သူ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၂ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်းရင်းရွာအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အလောင်းများ ထပ်မံတွေ့ရှိရပြီး သေဆုံးသူ ၁၆ ဦးတိုးလာကြောင်း၊ ပြည်သူ ၂၀ ဦးကျော်မှာလည်း ထိခိုက်ဒဏ်ရာရထားကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်...

ငါန်းဇွန် မြို့နယ် နဘဲပင်ရွာနှင့် ကျောက်တိုင်ရွာတို့ကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးတင်ရှို့နေ၊ ပြည်သူ ၅ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးထား

ရန်ကုန်၊ ဩဂုတ် ၁၂ မန္တလေးတိုင်း ငါန်းဇွန် မြို့နယ် နဘဲပင်ကျေးရွာနှင့် ကျောက်တိုင်ရွာတို့ကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်၍ မီးတင်ရှို့နေကာ ပြည်သူ ၅ ဦးကို ဖမ်းဆီးထားကြောင်းဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၆ နာရီတွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာသည့်အတွက်...

မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ဖြစ့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၁ ရက်ကြာ ခုခံတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး MBT အထူးကွန်မန်ဒို ရဲဘော် ၅ ဦးကျဆုံး

ရန်ကုန်၊ ဩဂုတ် ၁၂ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၇၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Myingyan Black Tiger - MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇူလိုင်လ ၃၁ ရက်နေ့က...

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် စစ်တပ်ရဲ့ ကိုယ်စားပြု ယာယီသမ္မတ အမည်ခံ မြင့်ဆွေရဲ့ အသုဘ ချပွဲကို အာဏာရှင်ဟောင်း သန်းရွှေက မတက်ဘဲ မြေးဖြစ်တဲ့သူ နေရွှေသွေးအောင်ကိုသာ စေလွှတ်ခဲ့ပြီး အရင်သမ္မတဟောင်း သိန်းစိန်၊ ဗိုလ်ချုပ်ကြီးဟောင်း...

မတ္တရာ၊ ဝက်လက်နှင့် တောင်သာ မြို့နယ်တို့တွင် ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်သဖြင့် ပြည်သူထောင်ချီ တိမ်းရှောင်ထွက်ပြေးနေရ

ရန်ကုန်၊ ဩဂုတ် ၁၂ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်သာမြို့နယ် နှင့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေ၍ ပြည်သူထောင်ချီ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများနှင့် Wetlet Informational Network မှ...

စစ်အာဏာတည်မြဲရေး အတည်ပြုမည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို တစ်မျိုးသားလုံးတာဝန်အနေဖြင့် ထားရှိလုပ်ဆောင်ရမည်ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ပြော

စစ်အုပ်စု၏ ရွေးကောက်ပွဲကြောင့် ပဋိပက္ခနှင့် ပွတ်တိုက်မှု ပိုမိုကြီးထွားလာမည်ဟု သတိပေး ရန်ကုန်၊ ဩဂုတ် ၁၂ အကြမ်းဖက်စစ်တပ်၏ အဆုံးအသတ်မရှိသော စစ်အာဏာတည်မြဲရေး အတည်ပြုမည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ မဖြစ် မြောက် ရေးကို တစ်မျိုးသားလုံးတာဝန်အဖြစ် ထားရှိဆန့်ကျင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးက ပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့်...

ထိုင်းနိုင်ငံ Uthai Thani ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၅၅ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ဩဂုတ် ၁၂ ထိုင်းနိုင်ငံ Uthai Thani ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၅၅ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာနက သတင်းဖော်ပြသည်။ ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ Uthai Thani အတွင်းရှိ တောထဲတွင် ရပ်နားထားသော...

တောင်သာတွင် တရုတ်ပိုက်လိုင်းစောင့် စစ်သား ၂ ဦးကို ဝဲလောင်ကျေးရွာနယ်မြေ ရဲစခန်းမှူးက PDF အထင်ဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ စစ်သား ၂ ဦး စလုံးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၂ မန္တလေးတိုင်း ၊ တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာတွင် လက်ဖက်ရည်ထိုင် သော အကြမ်းဖက် စစ်သား ၂ ဦးကို ဝဲလောင်ကျေးရွာ နယ်မြေရဲစခန်းမှ ရဲစခန်းမှူးနှင့်အဖွဲ့က PDF အထင်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ စစ်သား ၂ ဦးစလုံးသေဆုံးသွား ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက...

Latest news

- Advertisement -spot_img