- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

42291 POSTS
0 COMMENTS

ဝက်လက်မြို့နယ်၊ သစ်ဆိပ်ကျေးရွာ ဆေးခန်းကို စစ်ကောင်စီတပ်က သင်္ကြန်အတက်နေ့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချမှု ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၆ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ သစ်ဆိမ့်ကျေးရွာဆေးခန်းကို ပစ်မှတ်ထားကာ အကြမ်း ဖက် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၁၂ နှစ် အရွယ် ကလေး ၁ ဦး ပါအဝင် ပြည်သူ ၄ ဦးသေဆုံးကြောင်း...

ပြည်သူကို သတ်ဖြတ်နေသော မင်းအောင်လှိုင်က လူထုကို ကိုယ်စားပြုခြင်းမရှိ၍ အာဆီယံက တွေ့ဆုံမည့်အပေါ် NUG ၊ KNU ၊ CNF ၊ ABSDF ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများ ကန့်ကွက်

ရန်ကုန်၊ ဧပြီ ၁၆ မြန်မာပြည်သူများကို ငလျင်ဘေးသင့်ချိန်နှင့် သင်္ကြန်နှစ်သစ်ကူးကာလပါ မကျန် ဗုံးကျဲသတ်ဖြတ်နေသော မင်းအောင်လှိုင်မှာ လူထုကို ကိုယ်စားပြုခြင်းမရှိ၍ အာဆီယံက တွေ့ဆုံမည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ချင်းအမျိုးသားတပ်ဦး- CNF ၊ ABSDF ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများ ကန့်ကွက်ကြောင်း...

အင်းစိန်မြို့နယ်၊ က+ခရပ်ကွက်တွင် လူငယ်များ စစ်မှုထမ်းမလား (သို့မဟုတ်) ငွေပေး၍ လူစားထိုးမလားဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ သောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လစဉ် ကောက်ခံ

ရန်ကုန်၊ ဧပြီ ၁၆ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ က+ခရပ်ကွက်တွင် လူငယ်များကို စစ်မှုထမ်းမလား (သို့မဟုတ်) ငွေပေး၍ လူစားထိုးမလားဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ သောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လစဉ်ကောက်ခံလျက်ရှိကြောင်း အဆိုပါရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၆ ရက်နေ့တွင် အင်းစိန်မြို့နယ်၊ (က+ခ) ရပ်ကွက်တွင်...

သင်္ကြန်အတက်နေ့တွင် စစ်ကောင်စီက အရာတော်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာ ၂ ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၆ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၆...

Khit Thit သတင်းဌာန၏ ဧပြီ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၁၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူးကာလ လုပ်ဆောင်မြဲဖြစ်တဲ့ အကျဉ်းသား တချို့ လွတ်ငြိမ်းသက်သာခွင့်ပေးဖို့ရှိနေပြီး အဲ့ဒီ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အာဆီယံရဲ့ အသိအမှတ်ပြုမှုကို ရယူချင်နေတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ငလျင်ဒဏ်ခံစားထားရတဲ့...

ကလေးမြို့တောင်ပိုင်း၊ စစ်တပ်နှင့်ပျူစခန်း ၅ ခုကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် အကြိမ်ပေါင်း ၁၀၀၀ ကျော်ဗုံးကျဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၅ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၆ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ ပျူစခန်းများ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်လုပ်ဆောင်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁၅ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း CDF – KKG က ယနေ့...

သင်္ကြန်ကာလ ထီးလင်း၊ ဆောနှင့်ဂန့်ဂေါမြို့နယ်တို့ကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ

ရန်ကုန်၊ ဧပြီ ၁၆ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်နှင့်ဂန့်ဂေါမြို့နယ်တို့ကို စစ်ကောင်စီတပ်က သင်္ကြန်ကာ လအတွင်း လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယနေ့ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်...

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၊ လမ်းလျှောက်သင်္ကြန် သွားရောက်လည်ပတ်သည့် လူငယ်တချို့ ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၁၆ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်နေသော လမ်းလျှောက်သင်္ကြန်သို့ သွားရောက်လည်ပတ်ခဲ့သည့် လူငယ် ၃ ဦးကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသည့် လူငယ် ၃ ဦး၏ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့...

သင်္ကြန်အတက်နေ့ ကျုံဒိုးမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်နေပြီး စစ်ဘေးရှောင် ကားတစ်စီးပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အနည်းဆုံး ပြည်သူ ၁၀ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဧပြီ ၁၆ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့် ကားပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အနည်းဆုံး ပြည်သူ ၁၀ ဦးသေဆုံးကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာသို့...

Khit Thit သတင်းဌာန၏ ဧပြီ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်ကောင်စီက ဟန်ပြ ယာယီအပစ်အခတ်ရပ်စဲရေးကြေညာပြီး တိုက်ခိုက်မှုတွေ နေ့စဉ်လုပ် နေလို့ စစ်တပ်ကို စောင့်ကြည့်မယ့် နိုင်ငံတကာယန္တရားတစ်ခုထူထောင်ဖို့ လိုအပ်မယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ NUG၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ အကြမ်းဖက်စစ်တပ်က...

Latest news

- Advertisement -spot_img