25.4 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

39217 POSTS
0 COMMENTS

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့နိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop နဲ့ အကြမ်းဖက် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့အကျပ်အတည်း ပြေလည်အောင် အနိုင်-အရှုံးတွက် ချက်နေတာတွေကို ဖြတ်ကျော် အဖြေရှာဖို့ တိုက်တွန်းပြောဆိုသွားတယ်လို့...

စလင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး စစ်ကြောင်းတွင် ရုရှားနိုင်ငံသား ကြေးစား စစ်သား တချို့ပါဝင်ဟု မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၃၀ မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး စစ်ကြောင်းတွင် ရုရှားနိုင်ငံသား ကြေးစား စစ်သား တချို့ပါဝင်ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက...

ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၃၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ...

မင်းတုန်း၊ မဲဇလီကျေးရွာအနီး ကင်းပုန်းဝပ်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၀ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပိုင်းရှိ မဲဇလီကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ...

ဖာပွန်တွင် အင်အား ၁၂၀ ထက်မနည်းရှိသော စစ်ကောင်စီ၏ ခေါပုတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ထွက်ပြေးသူများလည်း များပြား၊ လက်နက်ခဲယမ်းအမြောက်အမြားနှင့်စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ

ရန်ကုန်၊ အောက်တိုဘာ ၃၀ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်အတွင်းရှိ အင်အား ၁၂၀ ထက်မနည်းရှိသော စစ်ကောင်စီ၏ ခေါပုတ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက...

ကြို့ပင်ကောက်တွင် စစ်ကြောင်း ထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၀ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကြောင်း ထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်...

မြင်းခြံနှင့် မတ္တရာတွင် စစ်တပ် တပ်စွဲထားသော နေရာနှင့် ဈေးထွက်ဝယ်သည့် စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၀ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ဆေးရုံတွင် တပ်စွဲထားသော စစ်သားများ ဈေးဝယ်ထွက်စဉ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဆီမီးခုံမြို့ဆေးရုံအတွင်း...

ဟားခါးမြို့အနီးရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံး၊ ဗိုလ်မှူး အပါအဝင် ၄ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၃၀ ချင်းပြည်နယ်၊ ဟားခါးမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ Kiamtlang စစ်တပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ဗိုလ်မှူးအပါအဝင် ၄ ဦးအရှင်ဖမ်းမိကာ လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း CDF Hakha က သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၂၈ ရက်နေ့က...

လူသတ် အကြမ်းဖက်သမား မင်းအောင်လှိုင်ကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်မှု ပြန်လည်သုံးသပ်သင့်ပြီး တရုတ်အစိုးရ အပေါ် မြန်မာလူထု၏ အထင်အမြင်လွဲမှားမှုနှင့်အမုန်းပွားမှု ဖြစ်လာနိုင်သဖြင့် စိုးရိမ်ပူပန်ဟု NUG ပြော

ရန်ကုန်၊ အောက်တိုဘာ ၃၀ အကြမ်းဖက် မင်းအောင်လှိုင်ကို လာမည့် နိုဝင်ဘာလတွင် တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ထားသည်ဆိုသော သတင်းများ ထွက်ပေါ်နေပြီး ယင်းသတင်းများ မှန်ကန်ပါက တရုတ်အနေဖြင့် ယင်းသို့ ဖိတ်ခေါ်ထားမှုကို ပြန်လည် သုံးသပ်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုသည်။ NUG က တရားဝင်...

ရွှေဘိုတွင် စစ်တပ်နှင့်ရဲများက ပြည်သူ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈)တွင် ထိန်းသိမ်းငွေညှစ်နေ

ရန်ကုန်၊အောက်တိုဘာ ၃၀ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့်ရဲများက ပြည်သူ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈) တွင် ထိန်းသိမ်း ငွေညှစ်နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။ အောက်တိုဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင်ရွှေဘိုမြို့နယ်အတွင်း ခရီးသွားပြည်သူများ၊ နယ်မှစျေးဝယ်လာသူများ၊ အလုပ်သမားတချို့ကို...

Latest news

- Advertisement -spot_img