31.1 C
Yangon
spot_img

CATEGORY

Editor Choice

သီပေါနှင့် သပိတ်ကျင်းမြို့နယ်တို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၈ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၈ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ...

စစ်ကောင်စီက ထုတ်လုပ်ထားသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်က မဲရလဒ် များကို လိုသလို ချက်ချင်း အပြောင်းအလဲလုပ်နိုင်ပြီး သက်သေမကျန်

ရန်ကုန်၊ ဇူလိုင် ၁၅ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်ရန် ကြံရွယ်နေသည့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာ အီလက်ထရောနစ်မဲပေးစက်မှာ မဲပေးထားသည့် မဲရလဒ်များကို ချက်ချင်းဆိုသလို အပြောင်းအလဲလုပ်နိုင်ကြောင်း မဲပေးစက်အသုံးပြုမှု သင်တန်းတက်ရောက်နေသည့် ကျောင်းဆရာမတချို့က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက လက်ရှိ စတင်ဖွင့်လှစ်နေသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ...

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်စခန်းများအားလုံး အတိုက်ခံရတိုင်း လက်လွှတ်ဆုံးရှုံးရမှု အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်ကို စစ်ကောင်စီက ထုချေလွှာတင်ခိုင်း

ရန်ကုန်၊ ဇူလိုင် ၁၄ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နှင့် တပ်မဟာ ၇ နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံး အတိုက်ခံရတိုင်း လက်လွှတ်ဆုံးရှုံးနေရမှုနှင့်ပတ်သက်၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်ကို စစ်ကောင်စီက ထုချေလွှာ တင်ခိုင်းထားကြောင်း သိရှိရသည်။ ဇူလိုင်လ ၁၂ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်ရှိ...

အမေရိကန်သမ္မတ ထရမ့်ထံသို့ ပြန်ကြားစာ မင်းအောင်လှိုင်ကိုယ်တိုင် မြန်မာ ဘာသာဖြင့် ရေးသားခဲ့ပြီး အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေရန် စစ်ခေါင်းဆောင် အလွန်ဆန္ဒထက်သန်နေ

ရန်ကုန်၊ ဇူလိုင် ၁၂ အမေရိကန်သမ္မတ ထရမ့်ထံသို့ ပြန်ကြားစာကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ် တိုင် မြန်မာဘာသာဖြင့် ရေးသားခဲ့ပြီး အမေရိကန်နှင့် အဆင်ပြေရန် စစ်ခေါင်းဆောင် ဆန္ဒထက်သန်နေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အမေရိကန်သမ္မတထရမ့်က အမေရိကန်သို့ တင်ပို့မည့် မြန်မာထုတ်ကုန်များကို ဩဂုတ်လ ၁ ရက်နေ့မှ...

Breaking News – စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာ စစ်ဘေးရှောင် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်ဘေးရှောင် ပြည်သူ ၂၈ ဦးသေဆုံး၊ ဒဏ်ရာရသူများပြားလွန်း၍ သေဆုံးသူ မြင့်တက်လာနိုင်

ရန်ကုန်၊ ဇူလိုင် ၁၁ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာ စစ်ဘေးရှောင်များနေထိုင်ရာ ဘုန်းကြီး ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ စစ်ဘေးရှောင် ပြည်သူ ၂၈ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရသူများပြားလွန်း၍ သေဆုံးသူ မြင့်တက် လာနိုင်ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၁၁...

“မဲမသမာမှု ရှိလို့ အာဏာရယူတာပါ၊ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးပါ၊ သတင်းဌာနတွေနဲ့ ရန်ပုံငွေ စနစ်ကို ထိန်းချုပ်ပေးလို့ အထူးကျေးဇူးပါ” ဟု အကြမ်းဖက် မင်းအောင်လှိုင်က အမေရိကန်သမ္မတဆီ စာရေး

မင်းအောင်လှိုင်က သမ္မတထရမ့်ကို ကမ္ဘာ့ငြိမ်းချမ်းရေး ဦးဆောင်ကြိုးပမ်းသူအဖြစ် ချီးမွန်းခန်း ဖွင့်ပြန် ရန်ကုန်၊ ဇူလိုင် ၁၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်သမ္မတ ထရမ့်ဆီ ကုန်သွယ်ခွန်တိုးမြှင့်မှု ပေးပို့စာနှင့်ပတ်သက်၍ စာတစ်စောင်ရေးသား ပြန်ကြားလိုက်ပြီး အဆိုပါစာတွင် "မဲမသမာမှု ရှိလို့ အာဏာရယူတာပါ၊ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးပါ၊ သတင်းဌာနတွေနဲ့...

စစ်အာဏာရှင်အဆက်ဆက်ကို ဓမ္မဖြင့် ဆန့်ကျင်တော်လှန်ခဲ့သော ရွှေညဝါဆရာတော် အရှင်ပညာသီဟ ပျံလွန်တော်မူ

ရန်ကုန်၊ ဇူလိုင် ၁၀ အကြမ်းဖက် စစ်အာဏာရှင်ကို တစ်လျှောက်လုံး ဓမ္မဖြင့် တော်လှန်ခဲ့သော ရွှေညဝါဆရာတော် အရှင်ပညာသီဟသည် ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင် ပုဂ္ဂလိကဆေးရုံတွင် ပျံလွန်တော်မူသွားသည်။ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်၏ ကျောင်းထိုင်နာယကဆရာတော်ဖြစ်သော ရွှေညဝါဆရာ...

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်က ဖမ်းဆီးထားသည်ဆိုသော သတင်းမှာ မှန်ကန်မှု မရှိသော သတင်းအမှားဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြု

ရန်ကုန်၊ ဇူလိုင် ၉ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်အစိုးရက အကျယ်ချုပ် ဖမ်း ဆီး ထားသည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိသော သတင်းအမှားသာဖြစ် ကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။ ယနေ့ နံနက်ပိုင်းတွင် KIO...

မိုးကုတ်မြို့နှင့် ကျောက်မဲမြို့တို့ကို စစ်ကောင်စီက လေယာဉ်များဖြင့် တစ်ချိန်တည်း ဗုံးများကျဲချသ ဖြင့် အနည်းဆုံး ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ ၊ သေဆုံးသူအရေအတွက် တိုးလာနိုင်

ရန်ကုန်၊ ဇူလိုင် ၈ TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့နှင့် ကျောက်မဲမြို့တို့ကို စစ်ကောင်စီက လေယာဉ်များဖြင့် ယနေ့ နံနက်ပိုင်း တစ်ချိန်တည်း ဗုံးများကျဲချသဖြင့် အနည်းဆုံး ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၈ ရက်နေ့...

အမေရိကန်သို့ တင်ပို့မည့် မြန်မာထုတ်ကုန်များကို အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ပြီး အခွန်ရှောင်လျှင် ရာခိုင်နှုန်းထပ်မံတိုးမြှင့်မည်ဟု အမေရိကန်သမ္မတထရမ့်က မင်းအောင်လှိုင်ထံသို့ စာရေးအသိပေး

ရန်ကုန်၊ ဇူလိုင် ၈ အမေရိကန်သို့ တင်ပို့မည့် မြန်မာထုတ်ကုန်များကို အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ပြီး အခွန်ရှောင်လျှင် အခွန်ရာခိုင်နှုန်းထပ်တိုးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတထရမ့်က အကြမ်းဖက်မင်းအောင်လှိုင်ထံသို့ စာရေးသားပေးပို့၍ ပြောဆိုလိုက်သည်။ ဇူလိုင်လ ၇ ရက်နေ့ မင်းအောင်လှိုင်အပါအဝင် ထိုင်း၊ မလေးရှား၊ လာအို၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ကမ္ဘော...

Latest news

- Advertisement -spot_img