24 C
Yangon
spot_img

CATEGORY

Editor Choice

မင်းအောင်လှိုင်က ရွေးကောက်ပွဲတွင် ပြည်သူများ မဖြစ်မနေ မဲထွက်ပေးစေရေး နည်းလမ်းမျိုးစုံဖြင့် အသုံးပြုရန် အမိန့်ပေး၊ ကြိုတင်မဲများကောက်ယူခြင်းနှင့် ဆန္ဒမဲ အစမ်းလေ့ကျင့်ပွဲများဖြင့် ဆန္ဒမဲများ စတင်ရယူလာ

ရွေးကောက်ပွဲ အစမှ အဆုံးအထိ နယ်မြေခံစစ်အရာရှိများက ဦးဆောင်စီမံကွပ်ကဲမည် ရန်ကုန်၊ ဩဂုတ် ၂၂ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်သူ များ မဖြစ်မနေ မဲထွက်ပေးစေရေး ဌာနဆိုင်ရာများက ယခုကတည်းက ကြိုတင်လုပ်ဆောင်ရန် အမိန့်ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန် ထားကြောင်း...

စစ်အုပ်ချုပ်ရေး ကြေညာထားသော ၆၃ မြို့နယ်အနက်မှ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မြို့ပေါ် ဧရိယာများကို ဦးစားပေး တိုက် ခိုက်သိမ်းယူရန် စစ်တပ်က စီမံချက်ဖြင့် လုပ်နေ၊ မြို့နယ် ၁၀၂ ခုတွင် ရွေးကောက်ပွဲ အပိုင်း ၁ လုပ်မည်ဟု စစ်တပ်က ကြေညာ

ရန်ကုန်၊ ဩဂုတ် ၂၁ အကြမ်းဖက်စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားသော ၆၃ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မြို့ပေါ် ဒေသများကို ဦးစားပေး တိုက်ခိုက်သိမ်းယူရန် စီမံချက်ဖြင့် လုပ်ဆောင်နေကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့စတင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လက်လွှတ်ဆုံးရှုံးထားရသော...

ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်မှု ကလေးငယ်များ အပါ အဝင် စစ်ဘေးရှောင် ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၀ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက်...

ကြံ့ဖွတ်ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရဖြစ်မည့်အပြင် နိုင်ငံတကာ စီးပွားရေးပိတ် ဆို့မှုများ ရုပ်သိမ်းကာ ကမ္ဘာ့အသိအမှတ်ပြုမှု ပြန်လည်ရရှိမည်ဟု ခင်ရီ ပြောဆိုနေ၊ မြန်မာနိုင်ငံရေးတွင် NLD ပါတီ နိဂုံးချုပ်သွားပြီဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၀ အကြမ်းဖက်စစ်တပ်က ပြုလုပ်ပေးမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက အနိုင်ရရှိမည်ဖြစ်ပြီး အစိုးရဖွဲ့ခွင့်ရရှိမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပါတီတွင်း တရားဝင် ထုတ်ဖော်ပြောဆိုလာကြောင်း ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပါတီတွင်း အစည်းအဝေးများ၊ ပါတီဝင်သစ် အဆိုပြုလက်ခံပွဲ အခမ်းအနားများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်...

စစ်တပ်နှင့် နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD က မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ခဲ့ဟု မင်းအောင်လှိုင်ပြော

စစ်တပ်က အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်ကာကွယ်မည် ရန်ကုန်၊ ဩဂုတ် ၁၉ စစ်တပ်နှင့်နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD ပါတီက မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ဆောင်ခဲ့ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။ ယမန်နေ့ မကွေးမြို့၊ မကွေးတပ်နယ်တွင်...

Breaking News – စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ယမန်နေ့ညပိုင်း ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက် ပွဲဖြစ်၊ စစ်ကိုင်းမြို့ပေါ် မဟာခိုနန်းကျောင်းတိုက် ကျည်ဆန်များ ထိမှန်ခဲ့ပြီး ကိုရင်ငယ် ၁ ပါး ဒဏ်ရာရ၊ မန္တလေးမှ စစ်ကားများနှင့် စစ်ကူများ စစ်ကိုင်းဘက်သို့...

ရန်ကုန်၊ ဩဂုတ် ၁၈ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့ပေါ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းမြို့၊အနောက်ပိုင်း ငါးထပ်ကြီး၊ ဘုရားဖြူနှင့် ရပ်ကွက်များတွင်...

စစ်တပ်က ကျူးလွန်ထားသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဖုံးကွယ်ရန်အတွက် AA ကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ဟု အချိန်ကိုက် စွပ်စွဲဟု ခိုင်သုခ တုံ့ပြန်လိုက်ပြီး အမှန်တရားအပေါ် ရပ်တည်ပြီး ဖော်ထုတ်တိုက်ပွဲဝင်မည်ဟုဆို

အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC)ကလည်း ရိုဟင်ဂျာ ၆၀၀ ကျော်ကို AA က သတ်ဖြတ်ဟု ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထား ရန်ကုန်၊ ဩဂုတ် ၁၇ အကြမ်းဖက် စစ်တပ်က ကျူးလွန်ထားသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဖုံးကွယ်ရန်အတွက် AA ကို လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေ သည်ဟု...

ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်စစ်ရာဇဝတ်မှုများ ကျူးလွန်ထားမှုကြောင့် နိုင်ငံတကာ တရားရုံးများတွင် တရားစွဲခံထားရသော စစ်တပ်က AA ကို လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေဟု ဇော်မင်းထွန်း ပြောဆို

ရန်ကုန်၊ ဩဂုတ် ၁၆ ရခိုင်ပြည်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားမှုကြောင့် နိုင်ငံတကာ တရားရုံးများတွင် တရားစွဲခံထားရသော စစ်တပ်က AA ကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေသည်ဟု အကြမ်းဖက်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုသည်။ ၂၀၂၄ ခုနှစ် မေလအတွင်း ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု ထန်းရှောက်ခံကျေးရွာမှာ...

ငဖဲမြို့နယ်၊ စွန်းတက်ကျေးရွာအနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ အလောင်း ၂၀ ခန့်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ AA က မြို့သိမ်းတိုက်ပွဲများ ဆက်ဆင်နွှဲနေပြီး ရခိုင်ပြည်နှင့်အစပ် မကွေး၊ ဧရာ၀တီနှင့်ပဲခူးတို့တွင် တိုက်ပွဲများ ဆက်ဖြစ်

ရန်ကုန်၊ ဩဂုတ် ၁၆ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်းတက်ကျေးရွာအနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ အလောင်း ၂၀ ခန့်နှင့် လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိကြောင်း အာရက္ခတပ်တော် AA က ယမန်နေ့ ညပိုင်း သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ...

ရွေးကောက်ပွဲဝင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများ စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်သာ မဲဆွယ်စည်းရုံးရမည်

ရန်ကုန်၊ ဩဂုတ် ၁၅ အကြမ်းဖက် ရွေးကောက်ပွဲဝင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများအနေဖြင့် လုံခြုံရေးအတွက် စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်သာ မဲဆွယ်ကြရမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမည့်နေရာနှင့်အချိန်များကို ကြိုတင် အကြောင်းကြား ခွင့်ပြုချက်ယူရမည်ဆိုသော ကြိုတင်စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ထားပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်တပ်၊ ရဲ၊ ပျူစောထီး၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များကို...

Latest news

- Advertisement -spot_img