25 C
Yangon
spot_img

CATEGORY

Editor Choice

မြ၀တီရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဦး KTV ဟိုင်းခန်းတွင် မူးယစ်ဆေးအလွန်အကျွံ့သုံးစွဲ​ သေဆုံး၊ ဦးနှောက် သွေးကြောပေါက် သေဆုံးသည်ဟု ကြေးနန်းတင်ပြပြီး သတင်းလိမ်လည်ဖြန့်

ရန်ကုန်၊ အောက်တိုဘာ ၂ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဦးသည် ယမန်နေ့ ကျရောက်သည့် ၆၁ နှစ်မြောက် ရဲတပ်ဖွဲ့နေ့ ညစာစားပွဲအပြီး KTV ဟိုင်းခန်းသို့ သွားရောက်ကာ ဟိုင်းခန်းတွင် အပျော်လွန် မူးယစ်ဆေးအလွန်အကျွံ့သုံးစွဲ​၍ သေဆုံးသွားကြောင်း မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှ ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ...

ကြံ့ဖွတ်ပါတီသို့ မင်းအောင်လှိုင် စေလွှတ်သည့် စစ်ဗိုလ်ချုပ်များအတွက် ရွေးကောက်ပွဲဝင်မည့် ကုန်ကျစရိတ်နှင့် မဲဆွယ်စည်းရုံးရေးစရိတ်များ အပြီးအစီး ယူဆောင်လာဟုဆို၊ ပါတီရေးရာ စီမံခန့်ခွဲမှုကိစ္စများ ဗဟိုကော်မတီဝင်အဆင့်ပင် သိခွင့်မရှိတော့

ရန်ကုန်၊ အောက်တိုဘာ ၂ ကြံ့ဖွတ်ပါတီသို့ မင်းအောင်လှိုင် စေလွှတ်သည့် စစ်ဗိုလ်ချုပ်ကြီးများအတွက် ရွေးကောက်ပွဲဝင်မည့် ကုန်ကျစရိတ်နှင့် မဲဆွယ်စည်းရုံးရေးစရိတ်များ အပြီးအစီး ယူဆောင်လာသည်ဟု သိရှိထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်မှ လက်ရှိ တာဝန်ထမ်းဆောင်နေသော ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦး...

ပြင်ဦးလွင်၊ ကပစ ၂၄ တွင် မြောက်ကိုရီးယားနှင့်တွဲဘက် ထုတ်လုပ်မည့် မစ်ဇိုင်းဒုံးစီမံချက်အတွက် မြေဧက ၆၀ ကျော်သိမ်းယူ၊ မင်းအောင်လှိုင်၏ လူယုံ မိုးမြင့်ဆွေ ကကထုတ်အရာရှိချုပ်ဖြစ်လာပြီးနောက် မြေသိမ်းယူမှုဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၂ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ကျွဲနွားထောက်ကျေးရွာအုပ်စုရှိ မြေဧရိယာ ၆၀ ဒသမ ၃၂ ကျော်ကို စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ- ကပစ ၂၄ အတွက် သိမ်းယူလိုက်ပြီး ယင်းမြေနေရာမှာ မြောက်ကိုရီးယားနှင့်တွဲဘက် ထုတ်လုပ်မည့် မစ်ဇိုင်းဒုံးစီမံချက်အတွက် လာရောက်မည့် မြောက်ကိုရီးယားပညာရှင်များ တည်းခိုနိုင်ရေး...

PDF များနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ လုပ်ကြံတိုက်ခိုက်မှု ခံရမည်ကို စိုးရိမ်၍ ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲယှဉ်ပြိုင်မည့် အမတ်လောင်းများ၏ အမည်များကို အထူးအရေးကြီးကိစ္စအဖြစ် လျှို့ဝှက်ဖုံးကွယ်ထား

ရန်ကုန်၊ အောက်တိုဘာ ၁ ကြံ့ဖွတ်ပါတီက လာမည့် ဒီဇင်ဘာလ အတွင်း ကျင်းပမည့်​ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများ၏ အမည်စာရင်းများကို ပါတီအတွင်းတွင်ပင် အသိမပေးဘဲ အထူးအရေးကြီးကိစ္စ လျှို့ဝှက်ထားကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အမျိုးသားညီညွတ်ရေအစိုးရ-NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပြင် ကရင်အမျိုးသားအစည်းအရုံး-KNU ကဲ့သို့သော တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များက...

စစ်သား၊ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ လစာ ၃ သောင်း တိုးမြှင့်၊ ဝန်ကြီးဌာနမှ နေ့စားလုပ်အားခကိုမူ တစ်ရက်လျှင် ၇၈၀၀ ကျပ် အထိတိုးမြှင့်

လစာတိုးမြှင့်မှုအတွက် လိုအပ်သော ငွေကြေးများကို ဒီဂျစ်တယ်ငွေကြေးအပြင် ငွေစက္ကူများ ထပ်မံရိုက်ထုတ်မည်ဟုဆို ရန်ကုန်၊ အောက်တိုဘာ ၁ အကြမ်းဖက်စစ်ကော်မရှင်က စစ်သား၊ ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အပိုထောက်ပံ့ကြေး အမည်တပ်ကာ လစာ ၃ သောင်းတိုးမြှင့်လိုက်ပြီး ဝန်ကြီးဌာနမှ နေ့စားလုပ်အားခကိုမူ တစ်ရက်လျှင် ၇၈၀၀...

ပြည်သူကို သတ်ဖြတ်နေသည့် မင်းအောင်လှိုင်က တိုင်းပြည် ပကတိအခြေအနေမှာ အမြင်မကျယ်မှုနှင့် ပညာရေး အား နည်းချက်ကြောင့်ဟု ဆိုပြန်

ရန်ကုန်၊ စက်တင်ဘာ ၃၀ မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ပုံစံမျိုးဖြင့် သတ်ဖြတ်နေသော အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းပြည်၏ ပကတိအခြေအနမှာ အမြင်မကျယ်မှုနှင့် ပညာရေးအားနည်းချက်ကြောင့် ဖြစ်သည်ဟု အပြစ်တင် ပြောဆိုပြန်သည်။ ယမန်နေ့ ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြန် လေယာဉ်ပေါ်တွင် စစ်တပ်လက် အောက်ခံ ဝါဒဖြန့်...

ရုရှားပြန် မင်းအောင်လှိုင်ကို ကြိုဆိုမည့် စစ်တပ်ထောက်ခံသူများ နေပြည်တော်လာရန် လမ်းစရိတ်၊ ဟိုတယ်ခ အပါအဝင် နေထိုင်စား တည်းခိုခ စရိတ်ငြိမ်းဖြင့် ငွေကျပ် ၃ သောင်းပါ မုန့်ဖိုးပေး

ရန်ကုန်၊ စက်တင်ဘာ ၂၉ ယနေ့ ရုရှားခရီးစဉ်မှ ပြန်လာမည့် အကြမ်းဖက် မင်းအောင်လှိုင်ကို ကြိုဆိုရန်အတွက် စစ်တပ်ထောက်ခံသူများကို နေပြည်တောသို့လာရန် လမ်းစရိတ်၊ ဟိုတယ်ခအပါအဝင် နေထိုင်စား တည်းခိုခစရိတ်ငြိမ်းဖြင့် ငွေကျပ် ၃ သောင်းကိုပါ မုန့်ဖိုးအဖြစ်ပေးကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက် မင်းအောင်လှိုင် နိုင်ငံခြားခရီးစဉ်မှ ပြန်လာတိုင်း ကြိုဆိုရန်အတွက်...

စစ်တပ်တွင်း တိုင်းမှူးအဆင့်မှ ညွှန်ကြားရေးမှူး၊ တပ်မမှူး၊ ကပစ စက်ရုံမှူးများအထိ ရာထူးအပြောင်းအလဲများစွာကို လူသစ်များဖြင့် အစားထိုး သွေးသစ် လောင်းရန်ရှိနေပြီး အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့ကို ဖျက်သိမ်း

ရန်ကုန်၊ စက်တင်ဘာ ၂၈ အကြမ်းဖက်စစ်တပ်အတွင်း တိုင်းမှူးအဆင့်မှ လက်ရုံးတပ်နှင့်စစ်ရုံး ညွှန်ကြားရေးမှူးများ၊ တပ်မမှူးများ နှင့် ကပစစက်ရုံမှူးများအထိ ရာထူးနေရာများစွာကို လူသစ်များဖြင့် သွေးသစ်လောင်း အပြောင်းအလဲလုပ်ရန်ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။ မင်းအောင်လှိုင်က လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲမတိုင်မီ စစ်တပ်ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးတချို့၊ ဒုတိယဗိုလ်ချုပ်ကြီးများကို ရွေးကောက်ပွဲဝင်ရန်...

သံတွဲမြို့ပေါ် လူနေရပ်ကွက်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရခိုင်ပြည်တွင် AA က တိုက်ခိုက်သိမ်းပိုက်ထားသော သံတွဲမြို့ပေါ် လူနေရပ်ကွက်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်...

၂၀၀၈ အခြေခံဥပဒေ အသေးစိတ်လေ့လာသုံးသပ်ရေးအဖွဲ့တစ်ခုကို မင်းအောင်လှိုင်က စစ်အရာရှိများ၊ ဥပဒေသမားတချို့ဖြင့် ဖွဲ့စည်းပြီး စာတမ်းများ ပြုစု တင်ပြခိုင်း၊ အခြေခံဥပေဒပါ စစ်တပ်၏ အခန်းကဏ္ဍ တိုးမြှင့်လာနိုင်ဖွယ်ရှိဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၇ အာဏာရှင်ဟောင်း သန်းရွှေ ဦးဆောင် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်ပြီး အားနည်းချက်နှင့်အားသာချက်များ၊ ပြင်ဆင်သည့်အချက်များ အပါအဝင် အသေးစိတ် လေ့လာသုံးသပ်ရေးအဖွဲ့တစ်ခုကို မင်းအောင်လှိုင်က ဖွဲ့စည်းပြီး စာတမ်းများ တင်ပြခိုင်းနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ မင်းအောင်လှိုင်က ဖွဲ့စည်းလိုက်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ...

Latest news

- Advertisement -spot_img