24 C
Yangon
spot_img

CATEGORY

Editor Choice

လက်နက်ကိုင်တပ်များက တရားမဝင်ကုန်သွယ်မှုများမှ ဆက်ကြေးကောက် အင်အား ပိုမို တည်ဆောက်လာ၍ တရားမဝင်ကုန်စည်များ ဖမ်းရန် မင်းအောင်လှိုင် ထပ်မံအမိန့်ပေးပြန်

ဆေးဝါးနှင့်ဆေးပစ္စည်းများကို ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုပြီး စစ်တပ်က ဒေါ်လာ ရောင်းမပေးဘဲ ကိုယ့်ငွေကိုယ်ရှာ တင်သွင်းခိုင်း ရန်ကုန်၊ ဩဂုတ် ၁၄ မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များက တရားမဝင်ကုန်သွယ်မှုများမှ ဆက်ကြေးကောက်၍ အင်အား ပိုမို တည်ဆောက်လာမည်ဖြစ်သောကြောင့် တရားမဝင်ကုန်စည်များ ဖမ်းဆီးရန် မင်းအောင်လှိုင် ထပ်မံအမိန့်ပေးသည်။ ဩဂုတ်လ ၁၂ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော...

တောင်ငူတွင် မင်းအောင်လှိုင် အမိန့်ဖြင့် ကေတုမတီနန်းတော်၊ မြို့ရိုးနှင့်ကျူံးကို ပြန်လည် တည်ဆောက်ရန် ဘုန်းကြီးနှင့်သီလရှင်ကျောင်း ၂၀ ကျောင်း၊ ဘုရား ၁ ဆူနှင့် ခရစ်ယာန်ဘုရားကျောင်း ၁ ခု၊ လူနေရပ်ကွက်များကို ဖယ်ရှားခိုင်း

ရန်ကုန်၊ ဩဂုတ် ၁၃ ပဲခူးတိုင်း၊တောင်ငူမြို့တွင် မင်းအောင်လှိုင် အမိန့်ဖြင့် ကေတုမတီ ရှေးဟောင်းနန်းတော်၊ မြို့ရိုးနှင့်ကျူံးကို ပြန်လည် တူးဖော် တည်ဆောက်ရန် ဘုန်းကြီး ကျောင်း နှင့်သီလရှင်ကျောင်း ၂၀ ကျောင်း၊ ဘုရား ၁ ဆူနှင့် ခရစ်ယာန်ဘုရားကျောင်း ၁ ခု၊ ရပ်ကွက်များကို စစ်တပ်က...

ရွေးကောက်ပွဲဥပဒေတွင် မဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဆိုသော သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိ၍ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်မည်ဟု မင်းအောင်လှိုင် ကြွေးကြော်

ရန်ကုန်၊ ဩဂုတ် ၁၃ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဥပဒေတွင် မဲပေးသူ မည်သည့် ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဆိုသော သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိ၍ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်ရန် မင်းအောင်လှိုင်က ကြွေးကြော်ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကော်မရှင် အစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ မင်းအောင်လှိုင်က...

စစ်အာဏာတည်မြဲရေး အတည်ပြုမည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို တစ်မျိုးသားလုံးတာဝန်အနေဖြင့် ထားရှိလုပ်ဆောင်ရမည်ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ပြော

စစ်အုပ်စု၏ ရွေးကောက်ပွဲကြောင့် ပဋိပက္ခနှင့် ပွတ်တိုက်မှု ပိုမိုကြီးထွားလာမည်ဟု သတိပေး ရန်ကုန်၊ ဩဂုတ် ၁၂ အကြမ်းဖက်စစ်တပ်၏ အဆုံးအသတ်မရှိသော စစ်အာဏာတည်မြဲရေး အတည်ပြုမည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ မဖြစ် မြောက် ရေးကို တစ်မျိုးသားလုံးတာဝန်အဖြစ် ထားရှိဆန့်ကျင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးက ပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့်...

ရခိုင်ပြည်၏ ၉၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီး အာရက္ခလမ်းစဉ်နှင့် စစ်ရေးရည်မှန်း ချက်အတိုင်း ဆက်လက် ချီတက်နေ၊ ရခိုင်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို AA က ကျင်းပခွင့်ပြုမည် မဟုတ်

ရန်ကုန်| ဩဂုတ် ၁၁ ရခိုင်ပြည်၏ ၉၀ ရာခိုင်နှုန်းကျော်ကို AA က သိမ်းပိုက်ထားပြီး ရှေ့ဆက်၍လည်း အာရက္ခလမ်းစဉ်နှင့် စစ်ရေးရည်မှန်းချက်အတိုင်း ဆက်လက် ချီတက်နေဆဲဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။ အာရက္ခတပ်တော် AA က ယနေ့ ဩဂုတ်လ ၁၁...

နေပြည်တော်တွင် မြင့်ဆွေမသာအလောင်း ဖြတ်သန်းမည့် ဆင်သေချာင်းတံတားမှ ဆည်ရေပေးမြောင်းအထိ လမ်းဘေးဝဲယာတစ်လျှောက် ပြည်သူ ၃၀၀၀ ကျော် ကြိုဆိုနှုတ်ဆက်ရမည်ဟုဆိုကာ စစ်တပ်က ကျေးရွာအုပ်စုတစ်ခုလျှင် လူ ၄၀ ဦး ဆင့်ခေါ်

ရန်ကုန်၊ ဩဂုတ် ၁၁ နေပြည်တော်တွင် အကြမ်းဖက်စစ်တပ်၏ ကိုယ်စားပြု ယာယီသမ္မတ အမည်ခံ မြင့်ဆွေမသာအလောင်း ဖြတ်သန်းမည့် ဆင်သေချာင်းတံတားမှ ဆည်ရေပေးမြောင်းအထိ လမ်းဘေးဝဲယာတစ်လျှောက် ပြည်သူ ၃၀၀၀ ကျော်က ကြိုဆိုနှုတ်ဆက်ရမည်ဟုဆိုကာ စစ်တပ်က ကျေးရွာအုပ်စုတစ်စုလျှင် လူ ၄၀ ဦး ဆင့်ခေါ်ထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယနေ့...

မြင့်ဆွေအလောင်း မသာချ အသုဘ လှည့်လည် လမ်းကြောင်း ၈ ခု သတ်မှတ်ထားပြီး အရပ်ဘက်မှ လူအင်အား ၁ သောင်းနီးပါးဖြင့် ဇွတ်တရွတ် စည်ကားစေရေး ဆောင်ရွက်မည်

ရန်ကုန်၊ ဩဂုတ် ၁၀ အကြမ်းဖက်စစ်တပ်၏ ကိုယ်စားပြု ယာယီသမ္မတ အမည်ခံ မြင့်ဆွေအလောင်း မသာချ အသုဘပို့ရန် လမ်းကြောင်း ၈ ခု သတ်မှတ်လိုက်ပြီး အရပ်ဘက်အင်အားလူ ၉၈၄၀ ဦးဖြင့် ဇွတ်တရွတ် စည်ကားစေရေး ဆောင်ရွက်ရန် စစ်တပ်က စီစဉ်ထားသည်။ ဩဂုတ်လ ၁၁ ရက်နေ့ မြင့်ဆွေအလောင်းမသာကို...

နေပြည်တော်မှာ မြင့်ဆွေအလောင်း အသုဘလှည့်လည် မသာချချိန် Non-CDMဝန်ထမ်းများ အပြင်ထွက် နှုတ်ဆက်ခြင်းနှင့် လိုက်ပါပို့ဆောင်ခြင်း လုပ်ရမည်

ရန်ကုန်၊ ဩဂုတ် ၉ နေပြည်တော်တွင် အကြမ်းဖက် စစ်တပ် ကိုယ်စားပြု ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၏ မသာအလောင်း အသုဘလှည့်လည်ချိန် Non-CDMဝန်ထမ်းများ အပြင်ထွက်နှုတ်ဆက်ခြင်းနှင့် လိုက်ပါပို့ဆောင်ခြင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဩဂုတ်လ ၇ ရက်နေ့ သေဆုံးခဲ့သော မြင့်ဆွေ၏ အလောင်းကို ၅ ရက်တိုင်...

ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီး

ရန်ကုန်၊ ဩဂုတ် ၈ ပဲခူးတိုင်း၊ ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီးလိုက်ကြောင်း ပဲခူးမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ညသန်းခေါင်ယံ ၁၂ နာရီအချိန် ပဲခူးမြို့လယ်၊ အမှတ် ၁ အခြေခံပညာကျောင်းအနီး ဘုရားလမ်းနှင့်တောင်ငူလမ်းမ၊ ဆေးရုံလမ်းနှင့်လမ်း ၃၀...

ယာယီသမ္မတ မြင့်ဆွေ ဒီနေ့တော့ တကယ်သေပြီလို့ စစ်တပ်က သတင်းထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၇ ယာယီသမ္မတ မြင့်ဆွေ ဒီနေ့တော့ တကယ်သေသွားပြီလို့ စစ်တပ်က တရားဝင် သတင်းထုတ်ပြန်လာပါတယ်။ ဒီနေ့ မနက် ၈ နာရီ ၂၈ မိနစ်အချိန် အမှတ် ၂ စစ်ဆေးရုံမှာ သေဆုံးပြီး အသုဘကိုတော့ နိုင်ငံတော်ဈာပနလုပ်မယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မနေ့ကတော့ မြင့်ဆွေ...

Latest news

- Advertisement -spot_img