28 C
Yangon
spot_img

CATEGORY

Editor Choice

BGF ၏ လမ်းပြကူညီမှုဖြင့် အာရှလမ်းပိုင်းကို အဓိက ဦးတည် ထိုးဖောက်ခဲ့သော စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိင် (သိုမဟုတ်) ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုပုတ်ခတ်နေသော စစ်တပ်ဝါဒဖြန့် ဇတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်

ရန်ကုန်၊ စက်တင်ဘာ ၁၁ အကြမ်းဖက်စစ်တပ်စစ်ကြောင်းများက BGF ခေါ် စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲများ၏ ကူညီထောက်ပံ့မှုများဖြင့် ကော့ကရိတ်-မြ၀တီ လမ်းပိုင်းကို ယခုရက်ပိုင်းအတွင်း ထိုးဖောက်လာနိုင်ခဲ့ပြီး ယင်းသို ထိုးဖောက်လာသော စစ် တပ်စစ်ကြောင်းများကို ဦးစီးနေသူမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိင် (ခေါ်) စစ်တပ် ဝါဒဖြန့်...

ငဖဲမြို့နယ်၊ နတ်ရေကန်ကုန်းဘက်သို့ ၃ ကြိမ်ထိုးစစ်ဆင်လာသော ခလရ ၂၉၅ တပ်နှင့်စစ်တပ်စစ်ကြောင်းများကို AA က တိုက်ခိုက်မှု စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရခိုင်-ဧရာ၀တီတိုင်းအစပ်၊ မကွေးတိုင်းအစပ်နှင့် ပဲခူးတိုင်းအစပ်တို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ ရန်ကုန်၊ စက်တင်ဘာ ၁၁ မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်သော ခလရ ၂၉၅ တပ်နှင့်စစ်တပ်စစ်ကြောင်းများကို AA က တိုက်ခိုက်မှု စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း AA...

အိန္ဒိယအစိုးရက KIA ထံမှ မြေရှားသတ္တု ရယူနိုင်ရေး ထိတွေ့ဆက်ဆံ ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၁၀ အိန္ဒိယအစိုးရက မြန်မာနိုင်ငံမြောက်ပိုင်းရှိ KIA ထိန်းချုပ်ဒေသများမှ မြေရှားသတ္တုရယူနိုင်ရေး ထိတွေ့ဆက်ဆံ ဆွေးနွေးနေကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။ အိန္ဒိယအစိုးရက KIA ထံမှ မြေရှားပါးနမူနာများ ရယူရန် လုပ်ဆောင်နေကြောင်း သတင်းရင်းမြစ် ၄ ဦးက ပြောကြားလိုက်ပြီး တရုတ်က ထိန်းချုပ်ထားသော မြန်မာ့သယံဇာတစျေးကွက်အတွင်းသို့ အိန္ဒိယက...

ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီး ၁ ရက်အကြာ သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း

ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့လည်း ဖျက်သိမ်းခံရ ရန်ကုန်၊ စက်တင်ဘာ ၁၀ ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီးနောက် သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ဖျက်သိမ်းလိုက်ကြောင်း အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ စက်တင်ဘာလ ၉...

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက PDF များကို လက်ကိုင်တုတ်အဖြစ် ဘ၀များ စတေးကာ နယ်မြေကျူးကျော်ချဲ့ထွင်ဟု စစ်တပ်က သွေးခွဲပြန်၊ PDF နှင့်စစ်တပ် ရည်မှန်းချက်တူ၍ ညှိနှိုင်းပူးပေါင်းရန် ဖိတ်ခေါ်

ရန်ကုန်၊ စက်တင်ဘာ ၉ မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်က ယမန်နေ့ညပိုင်း PDF များဦးတည်သော အလင်းဝင်ရန် ကြေညာ ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO များက PDF များကို လက်ကိုင်တုတ်အဖြစ် အသုံးပြုပြီး PDF ဘ၀များ စတေးကာ နယ်မြေကျူးကျော်ချဲ့ထွင်နေကြောင်း...

ဧရာ၀တီတိုင်းမှ ရခိုင်သို့ စက်သုံးဆီ၊ ဆေးဝါးနှင့် ရိက္ခာများ လာဘ်ပေးလာဘ်ယူ တင်ပို့ခဲ့သည့်အမှုတွင် ပါဝင်ပတ် သက်သော်လည်း နယ်/လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မိုးမင်းနိုင် ရာထူးသာ အပြောင်းခံရပြီး လွတ်မြောက်ခဲ့၊ အာဏာ အလွဲသုံးစားမှုများစွာအတွက် အရေးယူမခံရ

ရန်ကုန်၊ စက်တင်ဘာ ၇ ဧရာ၀တီတိုင်းမှ ရခိုင်သို့ စက်သုံးဆီ၊ ဆေးဝါးနှင့် ရိက္ခာများ လာဘ်ပေးလာဘ်ယူ တင်ပို့ခဲ့သည့်အမှုတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့သော်လည်း နယ်/လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မိုးမင်းနိုင် အရေးယူမခံရဘဲ လွတ်မြောက်သွားခဲ့ကြောင်း အနောက်တောင်တိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က ပြောဆိုသည်။ ဗိုလ်မှူးကြီး မိုးမင်းနိုင်မှာ ဧရာ၀တီတိုင်းနယ်/လုံဝန်ကြီးအဖြစ် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှ...

NUG က တစ်နိုင်ငံလုံး အထွေထွေထိုးစစ် ပြင်ဆင်နေချိန် စစ်တပ်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများနှင့် မဟာဗျူဟာလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ် တန်ပြန်ထိုးစစ်ဆင်လာဟု ဝန်ခံ

ရန်ကုန်၊ စက်တင်ဘာ ၈ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က တစ်နိုင်ငံလုံးအထွေထွေထိုးစစ်အတွက် ပြင်ဆင်နေချိန် စစ်တပ်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများနှင့် မဟာဗျူဟာလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ် တန်ပြန် ထိုးစစ်ဆင်လာကြောင်း NUG -ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန် ဝန်ခံလိုက်သည်။ ယမန်နေ့ထုတ်ပြန်သော ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံစာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊...

မြို့နယ်နှင့် နယ်မြေရဲစခန်းတိုင်းတွင် Person Scrutinization and Monitoring System (PSMS) ဆော့ဝဲများ တပ်ဆင်၊ ပုဂံဘုရားဖူးလာသည့် CDM ဝန်ထမ်းတချို့ PSMS ဆော့ဝဲဖြင့် ဧည့်စာရင်းစစ်ချိန် အဖမ်းခံရ

ရန်ကုန်၊ စက်တင်ဘာ ၈ အကြမ်းဖက်စစ်တပ်က မြို့နယ်နှင့်နယ်မြေရဲစခန်းတိုင်းတွင် ပြည်သူများကို ပြစ်မှု မှတ်တမ်းနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု ရှိ၊ မရှိ အဓိက စိစစ်သည့် Person Scrutinization and Monitoring System (PSMS) ဆော့ဝဲများ တပ်ဆင်ထားကြောင်း သိရှိရသည်။ ယခုနှစ် မေလနှောင်းပိုင်းမှစတင်ပြီး စစ်တပ်က...

ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းဆန်

ရန်ကုန်၊ စက်တင်ဘာ ၅ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်း ဆိုသော်လည်း စစ်တပ်က ငြင်းဆန်ထားကြောင်း ဗြိတိန်အခြေ စိုက် The Independent သတင်းဌာနက သတင်းဖော်ပြသည်။ အသက် ၈၀ နှစ်ရှိနေပြီဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ...

စစ်တပ်ခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းက ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်များကို တစ်ဦးလျှင် မြေကွက် ၁ ကွက်စီ ချပေး

ရန်ကုန်၊ စက်တင်ဘာ ၄ အကြမ်းဖက် စစ်တပ်ခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းက ပဲခူးမြို့ရှိ ကျေး ရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပျူစောထီးခေါင်းဆောင်များကို ၁ ဦးလျှင် မြေကွက် ၁ စီးချပေး လိုက် ကြောင်း ပဲခူးမြို့ အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာန၊ သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂ ရက်နေ့တွင်...

Latest news

- Advertisement -spot_img