28 C
Yangon
spot_img

CATEGORY

Editor Choice

ပြင်ဦးလွင်၊ ရတနာပုံမြောက်ပိုင်းအိမ်ရာစီမံကိန်းတစ်ခုလုံးကို မင်းအောင်လှိုင် သား အောင်ပြည့်စုံက ကုမ္ပဏီခွဲများစွာဖြင့် ရင်းနှီးမြှုပ်နှံနေပြီး တရုတ် ကုမ္ပဏီများကိုပါ ဖိတ်ခေါ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၀ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးတွင် ရတနာပုံမြို့သစ်စီမံကိန်းနှင့်အတူ ရတနာ ပုံမြောက်ပိုင်းအိမ်ရာစီမံကိန်းတစ်ခုလုံးကို မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက ကုမ္ပဏီခွဲများစွာဖြင့် ရင်းနှီးမြှုပ်နှံနေပြီး တရုတ်ကုမ္ပဏီများကိုပါ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းအကြောင်းကို သိရှိထားသော စီးပွားရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ရတနာ ပုံမြောက်ပိုင်းအိမ်ရာစီမံကိန်းကို မင်းအောင်လှိုင်သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သော Sky One...

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေပြီး တွဲကားများပါ မီးလောင်နေ၊ ရထားလမ်းနှင့်ကားလမ်းများအားလုံး ယာယီရပ်ဆိုင်းနေ

ရန်ကုန်၊ဇန်နဝါရီ ၉ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နှင့် ကျွဲပွဲအကြား စည်ပင်သာယာကျေးရွာအနီးရှိ စစ်တပ်စခန်းနှင့် တောကျွဲအင်းမြို့ရှိ စစ်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသပြည်သူများနှင့် ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၆...

AA က တူးဖော်ရရှိသွားသည့် ရခိုင်သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်းလောင်း အကြောင်း အစီရင်ခံ အမြန်တင်ပြရန် မင်းအောင်လှိုင်က ရှေးဟောင်းသုတေသနကို ညွှန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၈ ရခိုင်ပြည်တွင် အာရက္ခတပ်တော်-AA က တူးဖော်ရရှိသွားသည့် ရခိုင်ရှေးဟောင်း ယတြာခေါင်းလောင်း၏ အကြောင်း ကို အစီရင်ခံစာ အသေးစိတ် အမြန်တင်ပြရန် နေပြည်တော်စစ်ရုံးက ရှေးဟောင်းသုတေသနဦးစီးဌာနကို ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ရခိုင်အခြေစိုက် မီဒီယာများက ရခိုင်သမိုင်းဝင် ရှေးဟောင်း...

ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားရာချီ ပိတ်မိနေ

ရန်ကုန်၊ ဇန်နဝါရီ ၇ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက် ခိုက်သဖြင့် တိုက်ပွဲများဖြစ်ပွားနေပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားများ ပိတ်မိနေကြောင်း မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက် ၄...

ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် AA၏ လက်ချက်ဖြင့် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် နှင့်အတူ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး တို့ပါ သေဆုံးသွားခဲ့၊ အလောင်းပြန်မရဘဲ စကခ ၁၀ တွင် နာရေး...

ရန်ကုန်၊ ဇန်ဝါရီ ၇ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် အာရက္ခတပ်တော်-AA ကွန်မန်ဒိုတပ်ဖွဲ့၏ လက်ချက်ဖြင့် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်နှင့်အတူ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး တို့ပါ သေ ဆုံးသွားခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့်...

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ကျူးလွန်ခဲ့ကြောင်း အခြေခံပညာနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားရန် မင်းအောင်လှိုင်ညွှန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၅ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် မဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ကြောင်း အခြေခံပညာနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းစာအုပ်များတွင် ထည့်သွင်းသင်ကြားရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့ကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်...

ဟားခါးမြို့နယ်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၂ ဦးနှင့်မိခင်ဖြစ်သူ သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာ အပြင်းအထန်ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၅ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၂ ဦးနှင့်မိခင်ဖြစ်သူ သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း CNA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ ည...

မြန်မာစစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် နှင့် ငြိမ်းချမ်းစွာ အဖြေရှာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း၊ မြန်မာပြည်သူများနှင့်အတူ အမေရိကန်က ရပ်တည်နေ

ရန်ကုန်၊ ဇန်နဝါရီ ၄ မြန်မာစစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် နှင့် ငြိမ်းချမ်းစွာ အဖြေရှာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တိုက်တွန်းပြောဆိုသည်။ ယနေ့ ကျရောက်သည့် မြန်မာလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်တွင် အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းများနှင့် ပတ်သက်၍...

ခင်ရီ အပါအဝင် ကြံ့ဖွတ်ကိုယ်စားလှယ် ၂၄ ဦးကို အနိုင်ရ အမတ်များဖြစ် ကြေညာလိုက်ပြီး ရွေးကောက်ပွဲ မကျင်းပသော မြို့နယ် ၁၄ ခုမှ ကြံ့ဖွတ်ကိုယ်စားလှယ် ၁၄ ဦးကိုလည်း အလိုအလျောက်အမတ်များအဖြစ် ကြေညာ ၊ ကြိုတင်မဲအားလုံးကို ကြံ့ဖွတ်ပါတီကသာ ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၃ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီ အပါအဝင် ကြံ့ဖွတ်ကိုယ်စားလှယ် ၂၄ ဦးကို အနိုင်ရ အမတ်များဖြစ်ကြေညာလိုက်ပြီး ရွေး ကောက်ပွဲ မကျင်းပဘဲ မြို့နယ် ၁၄ ခုမှ ကြံ့ဖွတ်ကိုယ်စားလှယ် ၁၄ ဦးကိုလည်း...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးတပ်များက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အ၀သိမ်းပိုက်ထားပြီး ၄၁ မြို့နယ်ကို ၀ိုင်းပတ်ထိန်းချုပ်ထား၊ ၂၀၂၅ ခုနှစ်တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၅၆၉၉ ဦးသေဆုံးခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးတပ်များက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အ၀သိမ်းပိုက်ထားပြီး ၄၁ မြို့နယ်ကို ၀ိုင်းပတ်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီအရင်ခံစာအရ သိရှိရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအကုန်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် မဟာမိတ်တော်လှန်ရေးတပ်များက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း...

Latest news

- Advertisement -spot_img