26 C
Yangon
spot_img

CATEGORY

Editor Choice

စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီး စစ်ကိုင်းတံတားအဟောင်း ပြိုကျ၊ အောင်ပန်းတွင် ဟိုတယ်အောင်ပန်း ၃ ထပ်တိုက် အလုံးလိုက်ပြိုကျ၊ မန္တလေးတွင်လည်း တိုက်ပြိုကျမှုများ ရှိနေ

ရန်ကုန်၊ မတ် ၂၈ စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်သွားသည်ဟု အမေရိကန်ငလျင်ဌာန USGS က ထုတ်ပြန်ကြေညာလိုက်ပြီး လတ်တလော စစ်ကိုင်းတံတားအဟောင်း ပြိုကျသွားကာ မန္တလေးနှင့်စစ်ကိုင်းတွင် အပျက်အစီးများရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မွန်းလွဲ...

အကြမ်းဖက် စစ်တပ်က စစ်ဆက်တိုက်မည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေကို ကာကွယ်၍ အမျိုးသားနိုင်ငံရေး ဆက်လုပ်မည်ဟု မင်းအောင်လှိုင်က ကြေညာ

ရန်ကုန်၊ မတ် ၂၈ မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်တပ်အနေဖြင့် အကျပ်ကိုင်တောင်းဆိုမှုများကို အလျှော့ပေးလက်ခံခဲ့သည့် အစဉ်အလာမရှိ၍ စစ်ဆက်တိုက်မည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားတွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့က နိုင်ငံအတွင်းဖြစ်ပေါ်လာသော နိုင်ငံရေးပြဿနာများကို အခွင့်...

နေပြည်တော်တွင် ရာသီဥတုပူပြင်းနေ၍ စစ်တပ်က ယနေ့ စစ်ရေးပြအခမ်းအနားကို ညနေ ၅ နာရီမှစတင်မည်

ရန်ကုန်၊ မတ် ၂၇ နေပြည်တော်တွင် ရာသီဥတုပူပြင်းနေ၍ စစ်တပ်က ယနေ့ စစ်ရေးပြအခမ်းအနားကို ညနေ ၅ နာရီမှစတင်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နှစ်မှစတင်၍ စစ်ကောင်စီက စစ်ရေးပြအခမ်းအနားကို ညနေပိုင်းစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း စစ်ရေးပြအခမ်းအနားကိုလည်း ညနေပိုင်းတွင်သာ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း၊ ယနေ့ ညနေ ၅...

ပြည်ပရောက် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ကိုယ်စားမဲနှိုက်ခိုင်းနေပြီး မြန် မာ နိုင်ငံသို့ ပြန်လာ စစ်မှုထမ်းစေရေး စတင်စည်းရုံး၊ စစ်မှုထမ်း ပျက်ကွက်သူများကို အမည်ပျက်နှင့် ၀ရမ်းပြေး ကြေညာရန် အဆင့်များစွာ ထားရှိ

ရန်ကုန်၊ မတ် ၂၇ ပြည်ပရောက် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ကိုယ်စားမဲနှိုက်ခိုင်းနေပြီး မဲပေါက်သူ ပြည်ပရောက် မြန်မာများအနေဖြင့် မြန်မာ နိုင်ငံသို့ ပြန်လာ စစ်မှုထမ်းစေရေး စည်းရုံးသည့် နည်းလမ်းကို အသုံးပြုမည်ဖြစ်ကာ ပျက်ကွက်သူများကို အမည်ပျက်နှင့် ၀ရမ်းပြေး ကြေညာရန် အဆင့်များစွာ ထားရှိကြောင်း ရန်ကုန်တိုင်း၊ မြို့နယ်...

မင်းအောင်လှိုင်သား အောင်ပြည့်စုံပိုင် Capital Ace ကုမ္ပဏီက စစ်တပ်၏ ဦးပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍ တာယာများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ၊ စစ်တပ်ထုတ်ကုန်မှန်း မသိစေရန် Joker တာယာဟု အမည်ပြောင်း ထုတ်လုပ်

ရန်ကုန်၊ မတ် ၂၆ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သား အောင်ပြည့်စုံ ပိုင်ဆိုင်သော Capital Ace ကုမ္ပဏီက စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍ တာယာများထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း တပ်နှင့်ဆက်နွယ်နေသော စီးပွားရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး စစ်တပ်လက်အောက်ခံ ဦးပိုင်ကုမ္ပဏီနှင့် မင်းအောင်လှိုင်သားပိုင်ဆိုင်သော Capital Ace...

စစ်ကောင်စီက ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္တပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ၄ ကြိမ်ခွဲ၍ ပြုလုပ်မည်ဟု မင်းအောင်လှိုင် ပြော

ရန်ကုန်၊ မတ် ၂၆ အကြမ်းဖက်စစ်ကောင်စီက စစ်ကောင်စီက ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္တပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ၄ ကြိမ်ခွဲ၍ ပြုလုပ်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် ၎င်းက...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရေမြောင်းသန့်ရှင်းရေးလုပ်နေသည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက်သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရေမြောင်းသန့်ရှင်းရေးလုပ်နေသည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက်သေဆုံး ရန်ကုန်၊ မတ် ၂၅ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်စူမြို့နယ် ပါရချူလမ်းမကြီး ဆွယ် ၃၇ အနီး ရေမြောင်းသန့်ရှင်းရေးလုပ်သည့် မြန်မာအလုပ်သမား ၂ ဦး မြေအောက်လှိုဏ်ဂူအတွင်း ဓာတ်လိုက် သေဆုံးသွားကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားကို...

မင်းအောင်လှိုင် ခန့်အပ်ထားသော စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ထန်တလန်မြို့ရှိ နေအိမ်၊ ခြံနှင့် မြေအားလုံးကို ပြည်သူပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်က ကြေညာ

မင်းအောင်လှိုင် ခန့်အပ်ထားသော စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ထန်တလန်မြို့ရှိ နေအိမ်၊ ခြံနှင့် မြေအားလုံးကို ပြည်သူပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်က ကြေညာ ဟားခါးရှိ နေအိမ်ကိုလည်း ယခုနှစ် ဖေဖော်ဝါရီလတွင် CDF-HaKha က ချိတ်ပိတ်ခဲ့ ရန်ကုန်၊ မတ် ၂၅ အကြမ်းဖက် မင်းအောင်လှိုင်က ခန့်အပ်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ဒေါက်တာမှုထန်၏ထန်တလန်မြို့ရှိ...

စလင်းမြို့နယ်၊ ကျပင်းမြောက်ရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး လက် ပြန် ကြိုးတုပ် သတ်ဖြတ်ကာ အိမ်သာကျင်းထဲတွင် အလောင်းများ စွန့် ပစ်၊ စစ်ဘေးရှောင်ပြည်သူ ၅ ဦးမှာလည်း တောထဲတွင် ရောဂါဖြင့် သေဆုံး

ရန်ကုန်၊ မတ် ၂၄ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျပင်းမြောက်ရွာမှ ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခဲ့ကာ စစ်ဘေးရှောင် ရောဂါ အခံရှိသူ ပြည်သူ ၅ ဦးလည်း တောထဲ၌ သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ...

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေး တက်မည်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေး တက်မည် ရန်ကုန်၊ မတ် ၂၃ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ BIMSTEC အစည်းအဝေးတက်ရောက်ရန် ဧပြီလ ၃ ရက်မှ ၄ ရက်အထိ ဘန်ကောက်မြို့သို့...

Latest news

- Advertisement -spot_img