29 C
Yangon
spot_img

CATEGORY

Editor Choice

KNU နှင့် PDF များပူးပေါင်း၍ စစ်တပ်ကို ရန်သူအဖြစ် ပြတ်ပြတ်သားသား တိုက်ခိုက်ရှင်းလင်းနေပြီး စစ်ဆင်ရေးစီမံချက်အရ တပ်အရွှေ့အပြောင်းများ လုပ်နေပြီဟု KNU အတွင်းရေးမှူး ပြောဆို

အကြမ်းဖက်စစ်တပ်က ပြည်သူများအပေါ် လုံး၀ စစ်ပွဲအဖြစ် ပစ်မှတ်ထား တိုက်ခိုက်နေ ရန်ကုန်၊ နိုဝင်ဘာ ၆ ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေများမှ PDF များ ပူးပေါင်း၍ စစ်ကောင်စီကို ရန်သူအဖြစ် ပြတ်ပြတ်သားသားတိုက်ခိုက်ချေမှုန်းရှင်းလင်းမှုများ ဆောင်ရွက်နေပြီး စစ်ရေးအရ ပူး ပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း KNU အထွေထွေ အတွင်းရေးမှူး...

ရန်ကုန်လေဆိပ်တွင် အမည်မည်းစာရင်းရေးသွင်းထားသူများ ပြည်ပထွက်ခွာခွင့်မပြုစေရေး ဂရုပြု စိစစ်တားဆီးရန် စစ်ကောင်စီလ၀က ဝန်ကြီး မြင့်ကြိုင် အမိန့်ပေး

ရန်ကုန်၊ နိုဝင်ဘာ ၅ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမည်မည်းစာရင်းရေးသွင်းထားသူများ ပြည်ပထွက်ခွာခွင့်မပြုစေရေး ဂရုပြု စိစစ်တားဆီးတင်းကျပ်ရန် အကြမ်းဖက်စစ်ကောင်စီ၏ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး မြင့်ကြိုင်က အမိန့်ပေးညွှန်ကြားနေကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ လ၀က ဝန်ကြီး မြင့်ကြိုင်က ရန်ကုန်လေဆိပ်သို့ သွားရောက်၍ လ၀က...

အကြမ်းဖက် မင်းအောင်လှိုင် ယနေ့ နံနက်ပိုင်း MAI အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာ၊ မဲခေါင်အစည်းအဝေးတက်ရောက်ပြီး ချောင်ချင်းနှင့် ရှန်ကျန်းမြို့များသို့ လည်ပတ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၅ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် MAI အထူးလေယာဉ်ဖြစ်သော Airbus 319 -XYALK ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်...

ထင်ရှားကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်များအားလုံး ပြည်ပ ထွက်ခွာလိုပါက စစ်ကောင်စီထံမှ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်၊ မန္တလေးလေဆိပ်မှ ထိုင်းသို့ သွားမည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း ပတ်စ်ပို့သိမ်းခံရပြီး လေဆိပ်မှ လှည့်ပြန်ရ

ထင်ရှားကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်များအားလုံး ပြည်ပ ထွက်ခွာလိုပါက စစ်ကောင်စီထံမှ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်၊ မန္တလေးလေဆိပ်မှ ထိုင်းသို့ သွားမည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း ပတ်စ်ပို့သိမ်းခံရပြီး လေဆိပ်မှ လှည့်ပြန်ရ ရန်ကုန်၊ နိုဝင်ဘာ ၄ မြန်မာနိုင်ငံမှ နာမည်ကြီး ထင်ရှားကျော်ကြားသော ကုန်သည်ကြီးများ၊ ဘဏ်လုပ်ငန်းရှင်များ၊ ရွှေဆိုင်ပိုင်ရှင် အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်...

တရုတ်-မြန်မာနယ်စပ်ရှိ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဖီမော်မြို့ရှိ ဝါစိမ်းနီ စစ်ကောင်စီ၏ အလံကို ဖြုတ်ချ

တရုတ်-မြန်မာနယ်စပ်ရှိ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဖီမော်မြို့ရှိ ဝါစိမ်းနီ စစ်ကောင်စီ၏ အလံကို ဖြုတ်ချ စစ်ကောင်စီ၏ BP7 တပ်စခန်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ရှင်းသန့်အောင်ကို အရှင်ဖမ်းဆီးရရှိ ရန်ကုန်၊ နိုဝင်ဘာ ၃ ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိမ်း၏ ကချင်အထူးဒေသ ၁ က...

ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်စက်ရုံ အပါအဝင် ရေအားလျှပ်စစ်စက်ရုံ ၉ ခု မလည်ပတ်နိုင်သဖြင့် ဓာတ်အားရရှိမှု အလွန်လျော့နည်းနေပြီး လျှပ်စစ်မီးများ အချိန်ပိုမို ကြာမြင့်စွာ ပြတ်တောက်မည်၊ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်၏ ၄၆ ရာခိုင်နှုန်းသာ ထုတ်နိုင်

ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်စက်ရုံ အပါအဝင် ရေအားလျှပ်စစ်စက်ရုံ ၉ ခု မလည်ပတ်နိုင်သဖြင့် ဓာတ်အားရရှိမှု အလွန်လျော့နည်းနေပြီး လျှပ်စစ်မီးများ အချိန်ပိုမို ကြာမြင့်စွာ ပြတ်တောက်မည်၊ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်၏ ၄၆ ရာခိုင်နှုန်းသာ ထုတ်နိုင် ရန်ကုန်၊ နိုဝင်ဘာ ၂ ကရင်နီရှိ ဘီလူးချောင်းလောပိတရေအားလျှပ်စစ်စက်ရုံများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်စက်ရုံ...

အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AA သိမ်းပိုက်ရရှိ

အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AA သိမ်းပိုက်ရရှိ ရန်ကုန်၊ နိုဝင်ဘာ ၂ ရခိုင်ပြည်၊...

အမ်း၊ သံတွဲနှင့်တောင်ကုတ်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် စစ်ဘေးရှောင်နှင့် အရပ်သားပြည်သူ ၂၀ နီးပါး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ သံတွဲမြို့နယ်နှင့်တောင်ကုတ်မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုများ တောက်လျှောက် လုပ်ဆောင်နေသဖြင့် စစ်ဘေးရှောင်နှင့် အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရခိုင်ဒေသမှ သတင်းရင်းမြစ်များက ပြောဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် အမ်းမြို့နယ်၊ မြို့သစ်...

အကြမ်းဖက်မင်းအောင်လှိုင် ၈ ကြိမ်မြောက် မဲခေါင်နိုင်ငံများ အစည်းအဝေး တက်ရန် နိုဝင်ဘာလ ၅ ရက်နေ့ တရုတ်နိုင်ငံသို့ သွားရောက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၅ ရက်နေ့ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ကူမင်းတွင် နိုဝင်ဘာလ ၆ ရက်နေ့မှ...

လှိုင်သာယာတွင် တရုတ်ကျားဖြန့် အွန်လိုင်း လုပ်ငန်းများ လာဘ်ယူ ခွင့်ပြုမှုဖြင့် အမှတ် ၁ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးမင်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ခိုင်မင်းကို၊ ဗိုလ်မှူးကြည်သာဇော်၊ ရဲမှူး ဇော်မင်းအောင် အပါအဝင် မြို့နယ်ဌာနဆိုင်ရာ အရာရှိများ စစ်ဆေးခံနေရ

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် တရုတ်ကျားဖြန့် အွန်လိုင်း လုပ်ငန်းများ လာဘ်ယူ ခွင့်ပြုမှုဖြင့် အမှတ် ၁ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးမင်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ခိုင်မင်းကို၊ ဗိုလ်မှူးကြည်သာဇော်၊ ရဲမှူး ဇော်မင်းအောင် အပါအဝင် မြို့နယ်ဌာနဆိုင်ရာ အရာရှိများ စစ်ဆေးခံနေရကြောင်း လှိုင်သာယာဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

Latest news

- Advertisement -spot_img