Features Archives - Khit Thit Media

မုံရွာတွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်
မုံရွာတွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မုံရွာမြို့ လူစည်ကားရာနေရာများတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The post မုံရွာတွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ကြိုဆိုကြောင်း ဆန္ဒထုတ်ဖော် appeared first on Khit Thit Media.

ဝါသ၀ (သို့မဟုတ်) စစ်တပ်အတွက် လူစုဆောင်း လက်နက်ကိုင်တဲ့ သင်္ကန်း ဝတ် စစ်ခေါင်းဆောင်
By Reuters

“ဘာစိတ်ဓာတ်လဲ”“သံမဏိစိတ်ဓာတ်”

မြန်မာနိုင်ငံ အလယ်ပိုင်းက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်တဲ့ ဦးဝါသဝ က သူ့ရဲ့ ပြည်သူ့စစ်တွေကို ကြွေး ကြော် သံတွေ တိုင်ပေးနေတာဖြစ်ပြီး ရိုင်ဖယ်သေနတ် လွယ်ထားတဲ့ လူတစ်စု က လိုက်ပါ ဟစ်ကြွေးနေတာပါ။

သူတို့ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီး တက်လာတဲ့ စစ် ကောင် စီ ကို သစ္စာ ခံကြသူတွေ ဖြစ်ပြီး ဒီမိုကရေစီ လိုလားတဲ့ အုပ်စုတွေကို ချေမှုန်းဖို့ တိုက်ပွဲဝင်နေကြသူတွေပါ။

စစ်တပ်နဲ့ ချိတ်ဆက်ထားတဲ့ မီဒီယာတစ်ခုက အွန်လိုင်းမှာ တင်ထားတဲ့ ဗီဒီယို ထဲမှာ မြင်တွေ့ရတဲ့ အထက်ပါ မြင်ကွင်းဟာ ဗုဒ္ဓဘာသာ ကြီးစိုးတဲ့နိုင်ငံက ရှေးယခင် မျိုးဆက်တွေအတွက် မထင်မှတ်စရာ မြင်ကွင်း ဖြစ်ပါလိမ့်မယ်။

အခုတော့ စစ်တပ်ဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ နီးနီးကပ်ကပ် မဟာ မိတ် ဖွဲ့ထားပြီဆိုတာကို အဲဒီ ဗီဒီယိုက အထင်အရှား ပြသနေပါတယ်။

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေဟာ ယခင်ကဆိုရင် နိုင်ငံသား တွေကို ဆင်းရဲမွဲတေပြီး အထီးကျန်ဖြစ်စေတဲ့ စစ်အာဏာရှင်အဆက်ဆက်ကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လူသိများ ထင်ရှားစေခဲ့တဲ့ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးမှာ ရဟန်းသံဃာတွေ ပါဝင်ခဲ့ကြပါတယ်။

ရွှေဝါရောင်တော်လှန်ရေးလို့ လူသိများတဲ့ ၂၀၀၇ ခုနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာလည်း ထောင်နဲ့ချီတဲ့ ရဟန်းသံဃာတွေဟာ လမ်းမတွေပေါ် ထွက်ခဲ့ပါတယ်။

အခုတော့ ဘုန်းတော်ကြီး အများအပြားဟာ စစ်ကောင်စီကို ထောက်ခံသူတွေ ဖြစ်နေပါပြီ။ အဲဒီလို ပြောင်းလဲမှုဟာ ရဟန်းသံဃာတွေထံ တံစိုးလက်ဆောင် တွေနဲ့ ချဉ်းကပ်၊ အစွန်းရောက် အမျိုးသားရေး ဝါဒတွေ သွတ်သွင်းကာ မကြာ ခဏ ဆိုသလို အစ္စလာမ်မုန်းတီးရေးအမြင်တွေ ပျိုးထောင်ပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ စစ်တပ်ရဲ့ နှစ် ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုကို ထင်ဟပ်နေပါတယ်။

ဒီအကြောင်းအရာတွေကို လက်ရှိ ဘုန်းကြီး သို့မဟုတ် ဘုန်းကြီးဝတ်ခဲ့ဖူးသူ သုံးဦးနဲ့ သုတေသီ လေးဦး အပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ခေတ်စနစ်ကို ရင်းနှီးကျွမ်းဝင်သူ ၁၁ ဦးရဲ့ ပြောပြချက်တွေ အရ သိရတာပါ။ သူတို့ထဲက သုံးဦးကတော့ စစ်တပ်ရဲ့ လက်တုံ့ပြန်လာမှာကို စိုးရိမ်လို့ အမည်မဖော်ဘဲ ပြောဆို ထားပါတယ်။

၂၀၁၃ ခုနှစ်မှာ လူ ၂၅ ဦး သေဆုံးခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ရိုဟင်ဂျာ လူနည်း စုတွေအပေါ် စစ်တပ်က တိုက်ခိုက်မှုတွေ အပါအဝင် မြန်မာနိုင်ငံရှိ မွတ်ဆလင် တွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ဖို့ အမျိုးသားရေးဝါဒီ ဘုန်းကြီးတွေ ဟာ မကြာသေးတဲ့နှစ်တွေမှာ လှုံ့ဆော်ခဲ့ပါတယ်။

စစ်ကောင်စီက အတိုက်အခံတွေကို ဖိနှိပ်ထားချိန်မှာ ယမန်နှစ် စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ခုခံတွန်းလှန်မှုတွေကနေ ဘာသာရေး ခေါင်း ဆောင်တွေဟာ ပျောက်ကွယ်နေခဲ့ပါတယ်။

လက်နက်ကိုင် နောက်လိုက် ထောင်ချီရှိတယ်လို့ ကြွေးကြော်ထားတဲ့ ဦးဝါသဝ လို အချို့သော ဘုန်းကြီးတွေဟာ စစ်တပ်က ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွင်းပြီးနောက် ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီ လိုလားတဲ့ လက်နက် ကိုင် အဖွဲ့တွေကို တန်ပြန်တိုက်ခိုက်ဖို့ ပြည်သူ့စစ်တွေကို စုစည်းပေးနေကြပါတယ်။

စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ် နိုင် တယ်လို့ ကုလသမဂ္ဂက ညွှန်းဆိုထားတဲ့ တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရွာပေါင်း ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေကို သတ်ဖြတ်ခဲ့ပါတယ်။

မကြာသေးမီက လူသိရှင်ကြား မှတ်ချက်တွေနဲ့ နိုင်ငံပိုင်မီဒီယာရဲ့ ထုတ်လွှင့်မှု တွေမှာ စစ်ကောင်စီက ကျေးရွာအချို့မှာ ဒေသခံတွေရဲ့ တောင်းဆိုချက်အရ ပြည် သူ့ စစ်တွေ ဖွဲ့စည်းထားတယ်လို့ ဝန်ခံ အသိအမှတ်ပြုခဲ့ပေမယ့် ရဟန်း သံဃာတွေကို လက်နက်တပ်ဆင်ခြင်းကိုတော့ ငြင်းဆိုပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားခြင်းကို ငြင်းဆိုထားပြီး စစ်ကောင်စီရဲ့ စစ်ဆင် ရေးတွေဟာ အကြမ်းဖက်သမားတွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ စစ်ဆင်ရေး သာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီကြားက ဆက်ဆံရေးအကြောင်း မေးဖို့ ရိုက်တာ သတင်းဌာနရဲ့ ဆက်သွယ်မှုကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

“အကွဲအပြဲဇာတ်လမ်း ဖန်တီးခြင်း”

ဦးဝါသဝနဲ့ အခြားသော အမျိုးသားရေးဝါဒီ ဘုန်းကြီးတွေဟာ စစ်သားတွေနဲ့ အတူ လက်နက်တွေ ကိုင်ဆောင် ချီတက်နေပုံကို ပြည်တွင်းမီဒီယာတွေက လွှင့်တင်ပြီး UK အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ Myanmar Witness ရဲ့ စုံစမ်း စစ်ဆေးမှုတွေက တဆင့် အတည်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း ကန့်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ ဦးဝါသဝရဲ့ ဘုန်း တော် ကြီးကျောင်း အတွင်းမှာ အဲဒီ ပြည်သူ့စစ်သင်တန်းတွေ ပို့ချနေတယ် ဆိုတာကိုလည်း နည်းပညာ အထောက်အကူနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။

ပြည်သူ့စစ်တွေကို သူဦးဆောင်နေတယ် ဆိုတာကို ဦးဝါသဝက တယ်လီဖုန်း အင်တာဗျူးကတစ်ဆင့် အတည်ပြု ဖြေကြားခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ တွေကိုတော့ ‘လူမိုက်လူရမ်းကားတွေ’ လို့ သူက ခေါ်ဆိုခဲ့ပါတယ်။

ဒေသတည်ငြိမ်ရေးနဲ့ ဒေသခံတွေကို အကာအကွယ်ပေးဖို့ ကန့်ဘလူမြို့နယ်မှာ ပြည်သူ့စစ်ကို တည်ထောင်ခဲ့တာလို့ ဦးဝါသဝက ပြောပါတယ်။

ရဟန်းသံဃာတွေ အပါအဝင် အရပ်သားတွေကို သတ်ဖြတ်နေကြောင်း၊ ‘ဖျက် ဆီး တဲ့ အလုပ်ကလွဲလို့ တခြား ဘာမှမလုပ်ဘူး’ လို့ တော်လှန်ရေး တပ်ဖွဲ့ တွေအပေါ် သူက စွပ်စွဲပါတယ်။“ငါနိုင်သလောက် ငါလုပ်နေတာ။ ပြည်သူ့ စစ် ကို တည်ထောင်တာ မမှားဘူး” လို့ ဦးဝါသဝက ဆိုပါတယ်။

ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေး အင်အားစုတွေက သံသယရှိ စစ်သတင်း ပေးတွေကို သတ်ဖြတ်မှုအပေါ် ဝန်ခံပေမယ့် အရပ်သားတွေကို ပစ်မှတ် ထားတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။

“ငါတို့အသက်တွေဟာ လုံးဝ အာမခံချက်မရှိဘူး။ ဒီနေ့မင်းနဲ့ စကားပြော နေပေမယ့် မနက်ဖြန်ဟာ ငါသေတဲ့နေ့ ဖြစ်သွားနိုင်တယ်လို့” ဦးဝါသဝ က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ သိန်းနဲ့ချီတဲ့ သံဃာ အကုန်လုံးက စစ်ကောင်စီကို ထောက် ခံတာတော့ မဟုတ်ပါဘူး။ဗုဒ္ဓဘာသာဗဟိုချက်ဖြစ်တဲ့ မန္တလေးမြို့က ဘုန်းကြီး ကျောင်းတွေမှာ ဒါဇင်နဲ့ချီတဲ့ ဘုန်းတော်ကြီးတွေဟာ စောင့်ကြည့် နှိမ်နှင်း မှုတွေကြားက အပတ်တိုင်းလိုလို စုဝေးဆန္ဒပြခဲ့ကြပါတယ်။

တော်တော်များများဟာလည်း လူဝတ်လဲပြီး လက်နက်ကိုင် တော်လှန်ရေးမှာ ပူးပေါင်း ပါဝင်သွားတာ ရှိပါတယ်။ ရွှေဝါရောင် တော်လှန်ရေးမှာ ဆန္ဒပြပွဲ တွေကို ဦးဆောင် ပါဝင်ခဲ့ပြီး လက်ရှိ နော်ဝေနိုင်ငံမှာ နေထိုင်တဲ့ အရှင် ထာဝရ ကတော့ စစ်ကောင်စီက အတိုက်အခံတွေကို အကြမ်းဖက် ဖြိုခွင်းရာမှာ ပါဝင် တဲ့ ဘုန်းကြီးတွေဟာ ဗုဒ္ဓဘာသာရဲ့ နံပါတ် ၁ သီလကို ချိုးဖောက်တာလို့ ပြောပါတယ်။

“သက်ရှိသတ္တဝါတွေကို သတ်ဖြတ်တာဟာ ဗုဒ္ဓဘာသာမှာ ခွင့်မလွှတ်နိုင်တဲ့ ရာဇ၀တ်မှုတစ်ခုပါ” လို့ သူက ဆိုပါတယ်။

မဟန လို့ လူတွေသိကြတဲ့ နိုင်ငံရဲ့ ထိပ်တန်း ဗုဒ္ဓဘာသာ အာဏာပိုင် အဖွဲ့ ကတော့ နိုင်ငံတွင်းက လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ နှုတ်ဆိတ် နေပါတယ်။အာဏာသိမ်းပြီး မကြာမီ မဟနဥက္ကဋ္ဌ ဆရာတော်ဟာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ပြည်သူ့စစ်ထောင်ထားတဲ့ ဘုန်းကြီးတွေနဲ့ ပတ်သက်လို့ နောက်ပြီး အဖွဲ့ အစည်း ကိုယ်တိုင်က စစ်အစိုးရကို ထောက်ခံခြင်း ရှိ၊ မရှိ မှတ်ချက်ပေးဖို့ ဆက်သွယ် မေးမြန်းတာကို မဟနက တုံ့ပြန် ဖြေကြားခြင်း မရှိပါဘူး။

စစ်အစိုးရကို ကျယ်ကျယ်လောင်လောင် ထောက်ခံနေတဲ့ ဘာသာရေး ခေါင်း ဆောင်တွေအနက် တစ်ဦးကတော့ တချိန်က လူအများ ကြည်ညိုလေးစားပြီး ၁၉၈၈ အရေးတော်ပုံမှာလည်း ပါဝင်ခဲ့ဖူးတဲ့ သီတဂူ ဆရာတော် ဖြစ်ပါတယ်။

အခုတော့ သီတဂူဆရာတော်ဟာ မင်းအောင်လှိုင်နဲ့ ပုံမှန် တွေ့ဆုံ ဆက်ဆံ နေပြီး မင်းအောင်လှိုင်ကို မင်းကောင်းမင်းမြတ်လို့ ခေါ်ဝေါ်ခဲ့သလို မင်းအောင် လှိုင်နဲ့ အတူ ရုရှားခရီးစဉ်တွေမှာလည်း လိုက်ပါလေ့ ရှိပါတယ်။

၂၀၁၇ ခုနှစ်မှာ စစ်တပ်က ရိုဟင်ဂျာတွေကို ရှင်းလင်းရေး လုပ်စဉ်မှာ ဗုဒ္ဓ ဘာ သာဝင်မဟုတ်သူတွေကို သတ်ဖြတ်တာဟာ တရားမျှတကြောင်းနဲ့ သူတို့ရဲ့ အသက်တွေဟာ တန်ဖိုးမရှိကြောင်း တရားတစ်ပုဒ်မှာ ထည့်သွင်း ဟောကြား ခဲ့ပါတယ်။

ရုရှားကို မကြာသေးမီက သွားရောက်ခဲ့တဲ့ ခရီးစဉ်တစ်ခုရဲ့ ဗီဒီယိုမှတ်တမ်းမှာ သီတဂူဆရာတော်ဟာ ရုရှားဘုန်းကြီးတွေနဲ့ အတူ ဒရမ်တီးနေပြီး “ရုရှား နိုင်ငံ တော်ကြီး ငြိမ်းချမ်း သာယာပါစေ” လို့ ကြွေးကြော်တာကို တွေ့ရပါတယ်။
ရုရှား သမ္မတ ဗလာဒီမာပူတင်ဟာ စစ်ကောင်စီ ခေါင်းဆောင်ရဲ့ မဟာမိတ် အနည်းငယ်ထဲက တစ်ဦးပါ။

“မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ အထူးသဖြင့် ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် အလွန် ဝမ်းနည်း စိတ်မကောင်းဖြစ်မိကြောင်း” သီတဂူဆရာတော်က ရိုက်တာသတင်းဌာနကို စာပို့ ဖြေကြားပါတယ်။

ဘယ်ပါတီကိုမှ မထောက်ခံကြောင်းနဲ့ “နိုင်ငံနဲ့ ပြည်သူ ကြီးပွားတိုးတက်ရေး” ကိုသာ ဆန္ဒရှိကြောင်း သီတဂူ ဆရာတော်က ဆိုပါတယ်။

ဩဂုတ်လက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ ဟာ နိုင်ငံတည်ငြိမ်ဖို့စစ်တပ်ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးရဲ့ အီးမေးလ်ကတစ်ဆင့် ဖြေကြားစာမှာ သီတ ဂူဆရာတော်ရဲ့ ခရီးစဉ် အသေးစိတ်ကို ဖော်ပြထားပြီး ရုရှား-မြန်မာ ဆက်ဆံ ရေးဟာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးနဲ့ စွမ်းအင်အပါအဝင် ကဏ္ဍ ပေါင်း စုံမှာ တိုးတက်နေတယ်လို့ ပြောပါတယ်။

“ဒါက ရေရှည်မှာ နှစ်နိုင်ငံပြည်သူတွေကို အကျိုးရှိစေမှာပါ” လို့ ရုရှားသံရုံးက ဆိုပါတယ်။

ဘုန်းကြီးအချို့ရဲ့ စစ်ကိုဆာလောင်တဲ့ ပုံရိပ်တွေကြောင့် လူထုက သူတို့အပေါ် တုံ့ပြန်တိုက်ခိုက်မှုတွေ မြန်မာနိုင်ငံမှာ ရှားရှားပါးပါး ဖြစ်လာပါတယ်။အင်တာနက် ရုပ်ပြောင်တွေနဲ့ စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီးတွေအပေါ် ဆဲဆိုတိုက်ခိုက်တာတွေလည်း အတွေ့ များလာပါတယ်။

ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးတွေက ကုန်စုံဆိုင်ပိုင်ရှင်နဲ့ ကြော်ငြာ ဒါရိုက်တာ တစ်ဦးတို့ ပါဝင်တဲ့ လူ ၁၀ ဦးကို ရိုက်တာက ဆက်သွယ်မေးမြန်း ရာမှာ သံဃာတော်တွေကို သူတို့ရဲ့ လှူဒါန်းမှုပုံစံ ပြောင်းလဲလာတယ်လို့ ဖြေပါတယ်။

အချို့က စစ်ကောင်စီ ထောက်ခံတဲ့ ဘုန်းကြီးကို မလှူမိအောင် ရဟန်းသံဃာ တွေကို ပိုပြီး စိစစ်လာသလို အချို့ကလည်း ရာစုနှစ်ချီ တည်ရှိခဲ့တဲ့ လှူဒါန်းမှု အစဉ်အလာကို လုံးဝ ရှောင်ကြဉ်ခဲ့တာမျိုး ရှိပါတယ်။

“ဒါက အပြောင်းအလဲရဲ့ အစပဲ” လို့ မကွေးတိုင်း အလယ်ပိုင်းက ကျောင်းသား တစ်ဦး ဖြစ်သူ ကိုနောင်နောင်က ဘာသာရေးအပေါ် မြန်မာတွေရဲ့ ပိုမို မေးခွန်းထုတ်လာမှု ရည်ညွှန်းပြီး ပြောပါတယ်။

မကြာသေးမီအချိန်အထိ ဒီနိုင်ငံက လူတိုင်းဟာ “အာဏာရှင်က အာဏာရှင် ပဲလို့ မြင်ကြတယ်” လို့ ဦးဝါသဝနဲ့ ဇာတိအတူဖြစ်တဲ့ ကန့်ဘလူက ဘုန်းတော် ကြီးတစ်ပါးက ပြောပါတယ်။

“လူထုနဲ့ ရဟန်းသံဃာတွေဟာ တစ်ဘက်တည်းမှာ အတူတူရှိခဲ့တာ” လို့ သူက ဆိုပါတယ်။နောက်ပိုင်းမှာတော့ စစ်တပ်က ရဟန်းသံဃာတွေ အထူးသဖြင့် ဩဇာ ကြီးတဲ့ ဘုန်းကြီးတွေနဲ့ ဆရာမွေး တပည့်မွေး ဆက်ဆံရေး ထူထောင်ပြီး ဘုန်းကြီးအသိုင်းအဝိုင်းမှာ အကွဲအပြဲ ဖန်တီးခဲ့တယ်လို့ ကန့်ဘလူက ဘုန်း တော် ကြီး က ဆက်ပြောပါတယ်။

အဲဒီအပြင် စစ်တပ်က အခြားဘာသာတွေကို အမုန်းပွားအောင်လည်း သွေးထိုးပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

“ဆရာ-ဒကာ ဆက်ဆံရေး”ရဟန်းသံဃာတွေ ဆန္ဒပြပွဲတွေမှာ ပါဝင်လာ တဲ့နောက်ပိုင်း ဆရာဒကာ ဆက်ဆံရေးလို့ လူသိများတဲ့ ဆရာမွေး တပည့်မွေး စနစ်နဲ့ စစ်တပ်ဟာ ဘာသာရေး ခေါင်းဆောင်တွေကို အထူးအခွင့်အရေးတွေ စပေးလာတယ်လို့ မြန်မာနိုင်ငံက ဘာသာရေးနဲ့ အမျိုးသားရေးအကြောင်း ရေးတဲ့ မန္တလေးက နစ်ကီဒိုင်းမွန်းက ပြောပါတယ်။

သူ့ရဲ့ ပြောဆိုချက်ကို ကန့်ဘလူက ဘုန်းကြီး အပါအဝင် ပညာရှင်အချို့က သဘောတူ ထောက်ခံကြပါတယ်။ မြန်မာ ရဟန်းတော် တွေဟာ လူဝတ် ကြောင်တွေကို ဘာသာရေး အဆုံးအမတွေ အပါအဝင် ပညာသင်ကြားပေးလေ့ ရှိပြီး အပြန်အလှန်အားဖြင့် သင်္ကန်းပရိက္ခရာနဲ့ ဆွမ်းခဲဘွယ်တွေကို လူတွေက ပြန်လှူကြပါတယ်။

ဒါပေမယ့် စစ်တပ်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်ထားတဲ့ ဘုန်းကြီး တွေက တော့ မြေ၊ ကား၊ဘုန်းကြီးကျောင်းတွေလိုမျိုး လက်ဆောင်ပဏ္ဏာတွေ ရရှိတယ်လို့ နစ်ကီဒိုင်းမွန်းက ဆက်ပြောပါတယ်။ ဘယ်သူတွေ အဲဒီလို ရကြ တယ်ဆိုတာတော့ သူက မပြောပါဘူး။

“ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်လာတဲ့အခါ စစ်တပ်က ကြောက်ပြီး ခွဲထုတ်ဖို့ ကြိုးစားတယ်” လို့ စစ်အစိုးရရဲ့ အတိုက်အခံတွေကို ရည်ညွှန်းပြီး သူက ထပ်လောင်းဆိုပါတယ်။

တစ်ချိန်တည်းမှာ နိုင်ငံတွင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ ပြင်းထန်တဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ ပြန့်နှံ့နေပြီး အဲဒီရဲ့ မူလဇစ်မြစ်က မျက်ကန်း မျိုးချစ်၊ မွတ်စလင်ဆန့်ကျင်ရေး စာစောင်တွေ ရေးသားဖြန့်ဝေခဲ့တဲ့ ယခင် စစ်အာဏာရှင်စနစ် လက်အောက်ခံ အရာရှိတစ်ဦး ဖြစ်ပါတယ်။

မွတ်ဆလင်တွေရဲ့ မကောင်းဆိုးရွား လုပ်ရပ်တွေ၊ ဗုဒ္ဓဘာသာအမျိုးသမီးတွေနဲ့ မွတ်စလင်အမျိုးသားတွေရဲ့ လက်ထပ်ထိမ်းမြားမှုအကြောင်း စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတွေကို ပြောပြထားတဲ့ စာအုပ်တွေက သံဃာတွေကို အစ္စလာမ် မုန်းတီးရေးဇာတ် သွင်းခဲ့တယ်လို့ ကန့်ဘလူက ဘုန်းတော်ကြီးက မိန့်ပါတယ်။

“ကျုပ်ရဲ့ဘဝကို မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားတဲ့ ဘုန်းတော်ကြီး ကျောင်း တွေမှာ ကုန်ဆုံးခဲ့ရတာပါ။ ၁၄ နှစ်သားကတည်းက တခြားဘာသာ တရား တွေကို ရှုတ်ချတဲ့ စာအုပ်တွေဖတ်ခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။

၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွေမှာ အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှု ဖြစ်တဲ့ မဘသက မွတ်ဆလင်ပိုင် စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ ဆော်သြောခဲ့ပြီး လူမျိုးရေးနဲ့ ဘာသာရေး ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေ ပြဋ္ဌာန်း ဖို့ တောင်းဆိုခဲ့ကာ မွတ်ဆလင်တွေအပေါ် သေစေလောက်တဲ့ အကြမ်းဖက်မှု လှိုင်းလုံးတွေနဲ့ ပတ်သက်ခဲ့ပါတယ်။

ထိုစဉ်ကတော့ အဆိုပါအဖွဲ့ဟာ အကြမ်းဖက်မှုကို မလှုံ့ဆော်ကြောင်း ငြင်းဆိုခဲ့ ပြီး အစ္စလာမ္မစ် အစွန်းရောက်တွေကိုသာ ဆန့်ကျင်တာလို့ ပြောခဲ့ပါတယ်။

“ပြည်သူ့စစ်များစွာ”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချခဲ့တဲ့ မင်း အောင် လှိုင်ဟာ ရှေးခေတ် စစ်ဘုရင် အဆက်ဆက်လိုပဲ နိုင်ငံတွင်းက လူများစု ကိုးကွယ်ရာ ထေရဝါဒ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သူ ဆိုတဲ့ ပုံရိပ်
ကို ထူထောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

အာဏာမသိမ်းမီ တစ်ရက်အလိုမှာ ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်မယ်ဆိုတဲ့ ထိုင် တော် မူ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ရေး အုတ်မြစ်ချ မင်္ဂလာကို ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းလင်းတောက်ပနေကြောင်း ကမ္ဘာကို ပြသဖို့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်အတွက် သူက အလှူငွေတွေလည်း လက်ခံနေတယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

အာဏာသိမ်းပြီး ကိုးလအကြာမှာ ဗုဒ္ဓဘာသာကို စစ်တပ်က ထောက်ခံကြောင်း ပြသတဲ့ နိုင်ငံပိုင်သတင်း ထုတ်လွှင့်မှုတွေ လေးဆ တိုးလာတယ်လို့ နိုင်ငံ ရပ်ခြားက ပဋိပက္ခတွေကို လေ့လာနေတဲ့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီ ကျုရဲ့ စာတမ်းအရ သိရပါတယ်။

မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးဘာသာကို ကာကွယ်ဖို့ ပျက်ကွက်တယ်လို့ ဆိုပြီး အာဏာ သိမ်းတာကို အကြောင်းပြဖို့ ကြိုးစားခဲ့ ပါတယ်။

၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ ၇၃၀,၀၀၀ ကို ရှင်းလင်းရာမှာ စစ်တပ် ဘက်က ရပ်တည်ခဲ့သော်လည်း နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ဟာ အကြမ်းဖက်မှုကို လူသိရှင်ကြား ထောက်ခံခဲ့တဲ့ အမျိုးသားရေးဝါဒီ မဘသ ဘုန်းကြီးတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

နောက်ပိုင်းမှာ မဘသ ဖျက်သိမ်းခံရပြီး မွတ်ဆလင်တွေကို မုန်းတီးအောင် နိုင်ငံ တစ်ဝန်း လှည့်လည် လှုံ့ဆော်တဲ့ ဘုန်းကြီး ဦးဝီရသူကို နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ထောင်ချခဲ့ပါတယ်။ယမန်နှစ် အာဏာသိမ်းချိန်ကစလို့ ဒေါ်အောင် ဆန်း စုကြည်နဲ့ အစိုးရအဖွဲ့ဝင် အများစုဟာ စွဲချက်များစွာနဲ့ ထောင်ချခံခဲ့ရပြီး ဦးဝီရသူ အပါအဝင် မဘသ ဆရာတော်တွေကတော့ ပြန်လည် လွတ်မြောက် လာပါတယ်။

မဘသ ဘုန်းကြီးတွေကို ဘာ့ကြောင့် လွှတ်ပေးလိုက်တာလဲဆိုတာ စစ်ကောင် စီ က မပြောပါဘူး။ ဦးဝီရသူရဲ့ ပြောရေးဆိုခွင့်ရှိသူကို မှတ်ချက်ပေးဖို့ တောင်းဆို တော့လည်း ပြန်မဖြေခဲ့ပါဘူး။

မဘသ ဆရာတော်လို့ ပြည်တွင်းမှာ လူသိများတဲ့ ဦးဝါသဝဟာ အွန်လိုင်းမှာ တင်ထားတဲ့ ဗီဒီယိုတွေမှာ မင်းအောင်လှိုင်က မြန်မာနိုင်ငံကို အုပ်ချုပ်တဲ့ အကြီးမြတ်ဆုံး ခေါင်းဆောင်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေကို တိုက်ထုတ်ဖို့အတွက် “ပြည်သူ့စစ်များစွာ” ကို ကိုယ်တိုင်ကိုယ်ကျ တည်ထောင်ထားပြီး နောက်လိုက် ၄၀၀၀ ကျော်ရှိ ကြောင်း ဦးဝါသဝက ပြောပါတယ်။

တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ပြောခွင့်ရ ဗိုလ်တိုက်ဂါးကတော့ ဦးဝါသဝရဲ့ အဖွဲ့ဟာ ပြောသလောက် အင်အား မရှိကြောင်းနဲ့ ရွာတွေမှာ လိုက်လံပြီး ပြည်သူ့စစ်လုပ်ဖို့ အတင်းအကြပ် လူသစ်စုကြောင်း မှတ်ချက်ပေးပါတယ်။

ဦးဝါသဝရဲ့ အဖွဲ့ ဘယ်လို လူသစ်စုသလဲ၊ အင်အား ဘယ်လောက်ရှိသလဲ ဆိုတာတော့ ရိုက်တာက သီးခြား အတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ရင် သူ့အဖွဲ့ဟာ ဘုန်းကြီးတွေကို သတ်ဖို့ အသင့်ရှိတယ်လို့ ဗိုလ်တိုက်ဂါးက ပြောပါတယ်။“ဘုန်းကြီးမှာလည်း ကောင်းတဲ့ ဘုန်းကြီး ဆိုးတဲ့ဘုန်းကြီး ရှိတယ်။ ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် ရန်သူရဲ့ မိတ်ဆွေ ဖြစ်ရင်တော့ ရန်သူလို့ပဲ သတ်မှတ်တယ်” လို့ ဗိုလ်တိုက်ဂါးက ဆိုပါ တယ်။

ဗီဒီယိုတစ်ခုမှာ ဦးဝါသဝက ပြည်သူ့ကာကွယ်ရေး တပ်တွေကို ထောက်ခံပံ့ပိုး တဲ့ ရွာသားတွေကို ရိုက်နှက်နေတာ တွေ့ရပါတယ်။“စစ်တပ်ကို အနိုင်ယူဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူး” လို့ ဦးဝါသဝက ရိုက်တာကို ဖုန်းထဲကနေ ပြောပါတယ်။

ဆက်လက်မေးမြန်းရာမှာ ဖုန်းလိုင်းပြတ်သွားခဲ့ပြီး နောက်ထပ် ဖုန်းခေါ်ဆိုမှု တွေ ကို ဦးဝါသဝက ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ ရွာသားတွေ ရိုက်နှက် ခံရမှု နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုလည်း မဖြေပါဘူး။နိုင်ငံပိုင်မီဒီယာတွေက ထုတ်လွှင့်ပြသမှုမှာ စစ်ကောင်စီတပ်က အရာရှိတွေဟာ ဦးဝါသဝနဲ့ ပြည်သူ့စစ် တွေကို ငွေသားနဲ့ အစားအသောက်တွေ လှူဒါန်းတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာလမှာ စစ်ကောင်စီက ဦးဝီရသူကို “သီရိပျံချီ” ဘွဲ့နဲ့ ဦးဝါသဝကို “လူမှု ထူး ချွန် ပထမအဆင့်” ချီးမြှင့်ကြောင်း စစ်ကောင်စီ မီဒီယာတွေက ကြေညာ ခဲ့ပါတယ်။

(Monk militia: The Buddhist clergy backing Myanmar’s junta ခေါင်း စဉ်နဲ့ ရိုက်တာ သတင်းဌာနက ဒီဇင်ဘာ ၈ ရက်မှာ ဖော်ပြခဲ့တဲ့ သတင်း ဆောင်း ပါးကို တနင်္သာရီတိုင်းမ်က ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြခြင်း ဖြစ်ပါ တယ်။ တနင်္သာရီတိုင်းမ်က ရန်ကုန်ခေတ်သစ်၏ မဟာမိတ် သတင်း ဌာန ဖြစ်ပါတယ်)

The post ဝါသ၀ (သို့မဟုတ်) စစ်တပ်အတွက် လူစုဆောင်း လက်နက်ကိုင်တဲ့ သင်္ကန်း ဝတ် စစ်ခေါင်းဆောင် appeared first on Khit Thit Media.

မြန်မာပြည်သူများ အသက်စွန့်နေမှုအတွက် ထိုက်တန်သောရလဒ်ရမည်ဖြစ်ပြီး အမေရိကန်က မြန်မာပြည်သူများဘက်မှ ထောက်ခံရေး သန္နိဌာန်ချ ထား ဟု သံအမတ်ကြီး နှုတ်ဆက်သတင်းစကားပါး
ရန်ကုန်၊ ဒီဇင်ဘာ ၁၇

လွတ်လပ်ခွင့်နှင့်အများကောင်းစားရေးအတွက် မြန်မာပြည်သူများ အသက်စွန့် နေမှု ထိုက်တန်သောရလဒ်ရရှိမည်ဖြစ်ပြီး မြန်မာပြည်သူများဘက်မှ အမေရိ ကန် က အားပေးထောက်ခံရေး သန္နိဌာန်ချထားကြောင်း တာဝန်ထမ်း ဆောင်မှု ပြီးဆုံးပြီဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နှုတ်ဆက် သ တင်း စကားပါးသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါ သည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်နေ့တွင် သံ အမတ် ခန့်အပ်လွှာ ပေးအပ်ခဲ့သူဖြစ်ပြီး ယခုအခါ ၎င်း၏ သံအမတ်ကြီး လုပ် ငန်း တာဝန်ပြီး ဆုံးသွားခဲ့ပြီဖြစ်သည်။

အရပ်သားအစိုးရ သမ္မတဦးဝင်းမြင့်ထံသို့ သံအမတ် ခန့်အပ်လွှာ ပေးအပ် ခဲ့ရ သည့်အတွက် ဂုဏ်ယူကြောင်း အမေရိကန် သံအမတ်ကြီးက ပြောဆိုသည်။

“ပြီးခဲ့တဲ့ ၂နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတာကို တကယ်ပဲ ဂုဏ်ယူမိပါတယ်။ အရင် တစ် ခေါက်က မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်မှာရှိနေတုန်း တာဝန် ထမ်းဆောင်ခဲ့ပြီးတော့မှ မိသားစုနဲ့အတူ သံအမတ်အဖြစ် ပြန်ရောက်လာခဲ့ပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ကို ၂၀၂၁ ဇန်နဝါရီ ၁၉မှာ ကျွန်တော့်ရဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ် နိုင်ခဲ့ တာဟာ ဆုလာဘ်ကြီးတစ်ခုပါပဲ။ အဲ့ဒါပြီး သိပ်မကြာဘူး စစ်တပ်က အရပ် သားအစိုးရကို ဖြုတ်ချပြီး အကြမ်းဖက်မှုနဲ့ ဖိနှိပ်ချုပ်ခြယ်မှုလမ်းစဉ်ကို စတင် ခဲ့တာ ဒီနေ့အထိပါပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာအတွင်းမှာ မြန်မာနိုင်ငံက ထူးထူးခြားခြား အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာတွေလည်း ဆိတ် သုဉ်း ပျောက်ကွယ်ခဲ့ရပါတယ်” ဟု သံအမတ်ကြီး၏ နှုတ်ဆက်စကားကို ရန်ကုန် အမေရိကန်သံရုံးက တရားဝင် သတင်းထုတ်ပြန်ထားသည်။

မြန်မာပြည်သူများသည် လွတ်လပ်ခွင့်နှင့် အများကောင်းစားရေးအတွက် အသက် စွန့်လွှတ်နေသည့်အတွက် ထိုက်တန်သော ရလဒ်ရရှိမည်ဖြစ်ပြီး အမေရိကန်ကလည်း မြန်မာပြည်သူများဘက်မှ အမြဲရပ်တည်ထောက်ခံနေ ကြောင်း ၎င်းက ပြောသည်။

“ဒီလိုအခြေအနေတွေက လူတိုင်းအတွက် ခက်ခဲတဲ့ အချိန်အခါပါပဲ။ ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ သူရသတ္တိ၊ ခံနိုင်ရည်ရှိမှုနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုတွေကတော့ တကယ်ကို လေးစားအတုယူဖွယ်ရာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက ပြည်သူ တွေ ဟာ အသက်မွေးမှု၊ ပညာရေး၊ လွတ်လပ်ခွင့်တွေနဲ့ အများကောင်းစား ရေးအတွက် သူတို့အသက်တွေကိုတောင် စတေးကြရတာတွေကို ကျွန်တော် မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရပါတယ်။ ဒီလို ကြိုးပမ်းအားထုတ်မှုတွေဟာ နောက် ဆုံးမှာ ထိုက်တန်တဲ့ ဆုလာဘ်ကိုရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အခုလို ကျွန်တော်ထွက်ခွာသွားသည့်တိုင် အားလုံးပါဝင်တဲ့ ဖက်ဒရယ် ဒီမို က ရေ စီစနစ်နဲ့ မိမိတို့အနာဂတ်ကို မိမိတို့ ဆုံးဖြတ်နိုင်ခွင့်တွေကို လိုလား တောင့် တနေကြတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံဖို့ အမေရိကန် ပြည် ထောင်စုက သန္နိဌာန်ချထားဆဲဖြစ်ကြောင်း ထပ်လောင်း အတည် ပြုချင် ပါတယ်” ဟု သံအမတ်ကြီး ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်သော နှိပ်စက်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး အမေရိကန် က ဖိအားပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

“အာဏာရှင်အဖွဲ့အစည်းအပေါ် သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးဖို့၊ ယခင်က၄င်းတို့ ကျူးလွန်ခဲ့တာတွေနဲ့ ဆက်လက်ပြီး ကျူးလွန်နေတဲ့ နှိပ်စက် ကလူပြုမှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံ မှုရှိစေဖို့၊ အကူအညီလိုအပ်နေတဲ့ လူသန်းပေါင်းများစွာဆီကို အကူအညီတွေ ပေးအပ်နိုင်ဖို့နဲ့ ကိုယ့်အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေပိုင်ပိုင်နိုင်နိုင်ရရှိနိုင်ဖို့ ကြိုးစားအားထုတ်နေကြတဲ့ သင်တို့ကို အားပေးထောက်ခံသွားဖို့တွေအတွက် ကျွန်တော်တို့ဟာ နိုင်ငံတကာက မိတ်ဖက်တွေနဲ့အတူ ဆက်လက် ဆောင်ရွက် သွားပါမယ်။ ‘“တရားမျှတမှုဆီရောက်ဖို့ အချိန်ကြာမြင့်တတ်ပေမယ့် စကြဝဠာ ကြီးက တရားမျှတမှုဆီကိုပဲ ဦးတည်ရွေ့လျားနေပါတယ်” လို့ မာတင်လူသာ ကင်း ဂျူနီယာက ပြောခဲ့ဖူးပါတယ်။ အချိန်တွေတော့ ပိုကြာကောင်း ကြာပါ လိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်သူတွေဟာ နောက်ဆုံးမှာတော့ မိမိတို့ရဲ့ မွေးရာပါ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အသေအချာ ပိုင်ဆိုင် နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု သံအမတ်ကြီးက ပြောဆို သည်။

The post မြန်မာပြည်သူများ အသက်စွန့်နေမှုအတွက် ထိုက်တန်သောရလဒ်ရမည်ဖြစ်ပြီး အမေရိကန်က မြန်မာပြည်သူများဘက်မှ ထောက်ခံရေး သန္နိဌာန်ချ ထား ဟု သံအမတ်ကြီး နှုတ်ဆက်သတင်းစကားပါး appeared first on Khit Thit Media.

ကြေကွဲဖွယ် အစိတ်စိတ်အမြွှာမြွှာ မြန်မာ
By Charles Petrie

ယူကရိန်းနိုင်ငံအား ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုသည် အနောက်ကမ္ဘာ၌ “ယခင်နှင့် ယခု” ဟူသော မတူကွဲပြားသည့် လက်တွေ့နိုင်ငံရေး အခင်းအကျင်းသစ် တစ်ရပ်ကို ဖန်တီးပေးခဲ့သလို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံရေး၏ ပကတိ အခြေအနေသစ် တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

မြန်မာ့အာဏာသိမ်းမှုသည် မင်းအောင်လှိုင်၏ အကြီးအကျယ် လွဲချော်ခဲ့သော တွက်ကိန်းအမှား တစ်ခုဖြစ်သည်။ ပဋိပက္ခသက်တမ်းသည် နှစ်နှစ်နီးပါးကာလသို့ ချင်းနင်းဝင်ရောက်လာချိန်၌ နိုင်ငံနယ်မြေအများစုကို စစ်တပ်၏ ထိန်းချုပ်နိုင်မှု ကင်းမဲ့နေသည့်အချက်မှာ ထင်ရှားလာနေပြီး အာဏာမသိမ်းမီက ပိုင်ဆိုင်ထားသော နိုင်ငံတကာ အသိအမှတ်ပြုမှုကို အလုံးစုံမဟုတ်လျှင်ပင် အကြီးအကျယ် လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်များ ပါဝင်သော တော်လှန်ရေးပုံစံသစ်များ ပေါ်ထွန်းလာခဲ့သည်။ သို့သော် အကြမ်းဖက်မှုပုံစံသစ်များလည်း အထင်အရှား တိုးပွားလာနေပြီး လူပုဂ္ဂိုလ်များကို လက်တုံ့ ပြန် သတ်ဖြတ်မှုများကြောင့် ကြောက်စိတ်နှင့် စိုးရိမ်ပူပန်မှုများ ကြီးထွားလာလျက်ရှိသည်။

ကိုယ်ပိုင်လွတ်လပ်သော အစိတ်အပိုင်းငယ်လေးများအဖြစ် တစ်စထက်တစ်စ ပြိုကွဲလာနေသော မြန်မာနိုင်ငံအား တစ်နိုင်ငံတည်းအဖြစ် မည်သို့ပြန်လည် စုစည်းပေးနိုင်မည် ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်း အဖြေထုတ်နိုင်ခြင်း မရှိပေ။

စစ်ကောင်စီက ထိန်းချုပ်ထားသော ဒေသများ၌ အစိုးရအုပ်ချုပ်မှုယန္တရားကို တွေ့မြင်နိုင်သည်ဟု ဆိုသော်ငြား အလားတူ အုပ်ချုပ်မှုမျိုးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသ၌လည်း မြင်တွေ့နေရသလို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် မြို့ကြီးအများအပြား၌ မင်းမဲ့စရိုက် အုပ်စိုးမှုများလည်း လွှမ်းမိုးလာလျက်ရှိသည်။

အများလက်ခံပြီး ထိရောက်သော ဗဟိုအုပ်ချုပ်မှုစနစ် မရှိသည့်အခါ ရပ်ရွာလူထုသည် တာဝန်ယူမှုကင်းမဲ့သော လတ်တလော ဩဇာရှိနေသည့် လူဆိုးလူမိုက်ဂိုဏ်းအဖွဲ့များကို တစ်စထက်တစ်စ ပိုမိုအားကိုးလာကြရသည်။

အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမှုဆိုင်ရာ အစဉ်အလာနိုင်ငံရေး သီအိုရီရှုထောင့်အရ ကြည့်မည်ဆိုပါက မြန်မာနိုင်ငံသည် ကြေကွဲစရာ “ပျက်အစဉ် ပြင်မရ ဂျုံးဂျုံးကျ အကျပ်အတည်း (Humpty-Dumpty Dilemma)” အတွင်း သက်ဆင်း ကျရောက်နေသည် ဟုဆိုနိုင်သည်။

နိုင်ငံတစ်ခုအဖြစ် ပြန်လည်စုစည်းပေးနိုင်မည့် နည်းလမ်း အရိပ်အယောင် အစအနကို မမြင်ရဘဲ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေခြင်းဖြစ်သည်။

တစ်ဖက်တွင် စစ်ရေးအရ တိုက်ခိုက်ဖျက်ဆီး၍ အသာစီးရယူပြီး စိုးမိုးအုပ်ချုပ်နိုင်ရန် စစ်ကောင်စီအဖွဲ့က အစွမ်းကုန်ကြိုးပမ်းနေသလို အခြားတစ်ဖက်တွင်လည်း လုံးဝကွဲပြားခြားနားသည့် အစိတ်အပိုင်းများကို ပေါင်းစည်းပေးနိုင်လောက်အောင် အတိုက်အခံ ဒီမိုကရေစီတို့ဖက်တွင် မြေပြင်၌ အလုံအလောက် ခြေကုပ်ယူနိုင်မှုမရှိခြင်း ဟူသော အကျပ်အတည်းအတွင်း မြန်မာနိုင်ငံ ကျရောက်လျက်ရှိသည်။

မြန်မာ့အရေး ပါဝင်ပတ်သက်နေသူအားလုံးသည် ဖြစ်ပေါ်နေသော မျက်မှောက်အခြေအနေ အရပ်ရပ်ကို မှန်ကန်စွာသုံးသပ်နိုင်ရေး မျက်မှန်ပြောင်းပြီး တပ်ကြည့်ရန် အရေးကြီးလှသည်။

ယနေ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများသည် ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းမီ အခြေအနေကထက် ဘက်ပေါင်းစုံမှ ပိုမိုရှုပ်ထွေးလာလျက် ရှိသည်။

ပြဿနာဖြေရှင်းနိုင်မည့် အလားအလာများကို အမှန်တကယ် ထင်ဟပ်စေအောင် ဖြောင့်မတ်မှန်ကန်စွာ ဆွေးနွေးဖော်ထုတ်၍ လက်တွေ့ကျကျ ချဉ်းကပ်မည့်သဘောထားမျိုးကို အလိုရှိကြောင်း ယနေ့တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသည့် အခင်းအကျင်းက တောင်းဆိုလာခဲ့သည်။

သို့ဖြစ်၍ မိမိအားစိန်ခေါ်လာသူ သို့မဟုတ် မိမိနှင့် သဘောထား မကိုက်ညီသူ မည်သူ့ကိုမဆို ရက်စက်စွာ တိုက်ခိုက်လေ့ရှိခဲ့ကြသူ အပေါင်းအနေဖြင့် မိမိ၏ ထောက်ခံအားပေးသူများ အတွင်း အဆိုပါ အယူအဆအမှားကို စွန့်လွှတ်ရန် အရေးတကြီး လိုအပ်လာပြီ ဖြစ်သည်။ နည်းလမ်းသစ်များ တွေ့ရှိစေမည့် လှုပ်သာရှားသာရှိသော အခင်းအကျင်းများကို ဖန်တီးပေးရန် အချိန်ကျ ရောက်လာပြီလည်း ဖြစ်သည်။

၎င်းတို့အနက် အဓိကကျသည့် နည်းလမ်းတစ်ခုမှာ မြန်မာလူထုအတွက် ဘက်စုံထောင့်စုံ မျက်နှာစာပေါင်းစုံ ချဉ်းကပ်မှုဖြင့် အကူအညီ ပေးအပ်ခြင်း ဖြစ်သည်။ လူသားချင်းစာနာမှု အခြေခံမူများကို လိုက်နာသည့် သမရိုးကျ အကူအညီ ပေးအပ်ခြင်းသည် အမှန်တကယ် လိုအပ်နေသူများအနက် ၂၀ ရာခိုင်နှုန်း ထက်မကျော်သော လူနည်းစုအတွက်သာ လက်လှမ်းမီနိုင်ကြောင်း သိရှိနားလည်ထားရန် လိုအပ်သည်။

ကျန်ရှိနေသော လူများစုအတွက်မူ တိုင်းရင်းသား အစိုးရများနှင့် ဒေသခံလူထု အဖွဲ့အစည်း များမှတစ်ဆင့် အကူအညီများကို တိုက်ရိုက်ပေးအပ်နိုင်သည်။ သို့သော် ထိုသို့အကူအညီ ပေးအပ်နိုင်ရေး အရပ်ဖက်အဖွဲ့များ၊ တိုင်းရင်းသား နှင့် ဒေသခံလူထု အုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရာ၌ နိုင်ငံရေးအရ ပိုမိုစွန့်စားရမည့်အချက်ကို လက်ခံရမည်ဖြစ်သလို ပို၍အရေးကြီးသည်မှာ ရလဒ်ဗဟိုပြု ရန်ပုံငွေထောက်ပံ့နေခြင်းမှ ဒေသခံအုပ်ချုပ်ရေး အဖွဲ့များအတွက် ထောက်ပံ့ကူညီမှုအဖြစ် ရပ်တည်ချက် သဘောထားပြောင်းလဲ ဆောင်ရွက်ရမည့် အချက်ဖြစ်သည်။

သို့ဖြစ်လျှင် အဆိုပါအပြောင်းအလဲ၌ ကမ္ဘာ့ကုလသမဂ္ဂက အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်မည်လားဟု မေးခွန်းထုတ်စရာရှိလာသည်။ ကုလသမဂ္ဂသည် မြန်မာ့အရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်မည့် အနေအထားတွင် ရှိနေသော်လည်း ကံမကောင်း အကြောင်းမလှစွာဖြင့်ပင် ၎င်းသည် မအောင်မမြင် ဖြစ်နေဆဲပင်။

ကုလသမဂ္ဂ၏ မအောင်မြင်သော လုပ်ငန်းများကို အထွေထွေ အတွင်းရေးမှူးချုပ်ရာထူး သက်တမ်းနှစ်ဆက်တိုင်အောင် သုံးသပ်ဆန်းစစ်နေခဲ့ကြသည်။ စုံစမ်းစစ်ဆေးမှုနှစ်ခု (သီရိလင်္ကာနိုင်ငံ၌ ကုလသမဂ္ဂလုပ်ငန်းများအတွက် အထွေထွေ အတွင်းရေးမှူးချုပ်၏ ဌာနတွင်း သုံးသပ်ရေးအဖွဲ့ အစီရင်ခံစာနှင့် ၂၀၁၀မှ ၂၀၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ၏ ပါဝင်ပတ်သက်မှုများအတွက် အကျဉ်းရုံး လွတ်လပ်သော စုံစမ်းမေးမြန်းမှု)အရ တူညီသော အလုပ်မဖြစ်မှုများကိုသာ အဓိကဖော်ထုတ် တွေ့ရှိရသည်။

၁၀နှစ်ကျော်ကြာမြင့်ခဲ့သည့် ယနေ့အချိန်တွင်လည်း သီရိလင်္ကာနှင့် မြန်မာနှစ်နိုင်ငံစလုံးတွင် ကုလသမဂ္ဂ လုပ်ငန်းများမှာ မအောင်မမြင် ဖြစ်နေဆဲဟု ကောက်ချက်ဆွဲရလိမ့်မည် ဖြစ်သည်။

အားလုံးလက်ခံသည့် ဗျူဟာတစ်ရပ်ကို ချမှတ်နိုင်စွမ်း မရှိခြင်းက ကုလသမဂ္ဂအဖွဲ့အစည်းသည် မည်သည့်အခါကမျှ မိမိစွမ်းအားပြည့် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း ညွှန်ပြနေပြီး အကျိုးဆက်အဖြစ် မိမိအလုပ်ကျွေးပြုရမည့် အများပြည်သူကို အစွန့်ပစ်ခံဘဝသို့ ရောက်ရှိသွားစေခဲ့သည်။

ကုလသမဂ္ဂတွင် မြန်မာ့အရေး အားလုံးညီညွတ်သည့် ဗျူဟာတစ်ရပ် ကင်းမဲ့နေခြင်းကြောင့် လက်တွေ့ဆောင်ရွက်မှုအပိုင်း၌ ဂယက်ရိုက်မှုများရှိခဲ့ပြီး ကုလသမဂ္ဂ၏ လုပ်ငန်းစီမံချက် တစ်ခုချင်းအပေါ် နားလည်မှု ကင်းမဲ့လာကြသလို အပြင်းအထန်ဝေဖန်မှုများနှင့်လည်း ရင်ဆိုင် ကြုံတွေ့လာရသည်။

မြန်မာနိုင်ငံအတွင်း၌ လုပ်ငန်းလုပ်ကိုင်နေသော ကုလသမဂ္ဂကို စစ်ကောင်စီနှင့် ကြံရာပါအဖွဲ့ဟု ရှုမြင်နေကြသည်။ ကုလသမဂ္ဂအဖွဲ့ကြီးအပေါ် ယုံကြည်မှု ကင်းမဲ့နေခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အား သူ၏စွမ်းဆောင်အောင်မြင်မှုကို အခြေခံ၍ စီစစ်သုံးသပ်ရမည့်အစား စစ်ကောင်စီ အကြီးတန်းခေါင်းဆောင်များနှင့် သူကတွေ့ဆုံဆွေးနွေးခဲ့သည့် သာမန်အချက်ကလေး အပေါ်တွင်သာ အလေးပေး၍ ပြစ်တင်ဝေဖန်မှုများ ဖြစ်ပေါ်လာရသည်။

နယူးယောက်ရှိ ကုလသမဂ္ဂ ခေါင်းဆောင်ပိုင်းကလည်း ခေါင်းဆောင်မှု အပြည့်အဝ မပေးနိုင်ကြ သို့မဟုတ် ခေါင်းဆောင်မှုအပြည့်အဝ ပေးရန် လိုလားခြင်းမရှိကြပေ။ ကုလသမဂ္ဂသည် မိမိလုပ်ငန်းများကို အမှန်တကယ် ထိရောက်မှုရှိအောင် စနစ်တကျ ဆောင်ရွက်ရလိမ့်မည် ဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ တည်ရှိနေရခြင်း၏ အဓိပ္ပာယ်ကို မြန်မာပြည်သူများနှင့် ကုလသမဂ္ဂမှ မြန်မာဝန်ထမ်းများက အမှန်တကယ် နားလည် သဘောပေါက်လာစေအောင် အလုပ်ဖြင့် သက်သေပြရန် လိုအပ်လာနေပြီဖြစ်သည်။

(Bangkok Post ပါ Charles Petrie ၏ “Confronting Tragic Fragmentation “ ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ချားလ်စ် ပက်ထရီသည် မြန်မာငြိမ်းချမ်းရေး အကူအညီ အစီအစဉ်မှ ညှိနှိုင်းရေးမှူးဟောင်းတစ်ဦးနှင့် ကုလသမဂ္ဂ လက်ထောက်အထွေအထွေ အတွင်းရေးမှူးဟောင်း တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၌ လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးအဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးကာ “သီရိလင်္ကာနိုင်ငံ၌ ကုလသမဂ္ဂ၏ ကျရှုံးမှုအကြောင်း ဌာနတွင်းသုံးသပ်မှု” စာတမ်းကို ရေးသားပြုစုခဲ့သူဖြစ်သည်)။

The post ကြေကွဲဖွယ် အစိတ်စိတ်အမြွှာမြွှာ မြန်မာ appeared first on Khit Thit Media.

မဘသနှင့်အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုများဖြင့် တိုင်းပြည်ဖျက်ခဲ့သော အပြာ စာရေးဆရာ ဖိုးလောင်တီးမှ အမျိုးသားရေး အစွန်းရောက် သခင်ကြီး အမည်ခံသူ ဝင်းကိုကိုလတ်
By ဟိဏ်းဝေယံ

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရောင်ခြည်ဦး အနည်းငယ် ကွန့်မြူးကာစ အချိန် ၂၀၁၂ ခုနှစ်ကစတင်ပြီး နိုင်ငံတော်ကို အမျိုး၊ ဘာသာ ၊ သာသနာ အစွန်းရောက်လှုပ်ရှားမှုများဖြင့် တိုင်းပြည်ဖျက်ခဲ့သူများ စွာအနက်တွင် အမျိုးသားရေး အစွန်းရောက် ဝင်းကိုကိုလတ်လည်းပါဝင်ခဲ့သည်။

သခင်ကြီး ဘ၀ အစ ဖိုးလောင်တီးက

သခင်ကြီး(ခ) စွေစောင်း(ခ) ဝင်းကိုကိုလတ် သည် အဓိကအားဖြင့် အမျိုးသားရေး အစွန်းရောက်ကို အမည်ခံ၍ စစ်တပ် ထောက်ခံခြင်း၊ ဘာသာရေး အစွန်းရောက်ပြခြင်းဖြင့် ငွေကြေးလုပ်စားသူ ဖြစ် ကြောင်း ၎င်း၏ ဘ၀ ဇတ်ကြောင်းကို သိရှိလျှင် ပို၍ သိသာနိုင်ပါသည်။

အမျိုးသားရေးဟု ဟစ်ကြွေး၍ စစ်တပ် ၊ ကြံ့ဖွတ်ခင်ရီ နှင့် အေးနေဝင်းတို့ထံမှ ရရှိလာသော ငွေကြေးများဖြင့် အချောင် နေထိုင်စားသောက်လို့ရသဖြင့် လုပ်နေခြင်းလည်းဖြစ်သည်။

ဝင်းကိုကိုလတ်၏ မူလ ပထမ အလုပ်သည် `ဖိုးလောင်တီး´ အမည်ဖြင့် အပြာစာပေများကို website ဖွင့်ပြီး ရေးသားခြင်းဖြစ်ပြီး အွန်းလိုင်းပေါ်မှတစ်ဆင့် ပြည့်တန်ဆာ ချိတ်ဆက်ပေးသည့် အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဝီရသူက မျက်စိကျပြီး ဝီရသူ၏ လမ်းညွှန်မှုဖြင့် သူ၏ ကလောင်နာမည် အပြာစာရေးဆရာ “ဖိုးလောင်တီး” ကို နာမည်ပြောင်းကာ “ဖိုးလောင်ထူး” နာမည်ဖြင့် အမျိုးသားရေး စာပေဆိုသော အစွန်းရောက်စာများကို ရေးသားသည်။ ဝီရသူ လမ်းညွှန်မှုဖြင့် အပြာစာရေးဆရာဘ၀မှ အမျိုးသားရေးအစွန်းရောက် ဘ၀ ခံယူသူလည်းဖြစ်သည်။

အမျိုးသားရေးအစွန်းရောက်ဖြစ်လာချိန်တွင် ဝင်းကိုကိုလတ်သည် တိုက်ပုံအမည်း မချွတ်တော့ဘဲ သူ့ကိုသူ ​ရှေ့နေအယောင်ဆောင့်ခဲ့သည်။

တစ်လင်တစ်ယား မျိုးစောင့်ဥပဒေကို ထောက်ခံသော မယား ၄ ဦးရှိသူ

ဝင်းကိုကိုလတ်သည် တစ်လင်တစ်ယား ဖြစ်စေရန် ရည်ရွယ်ပြဋ္ဌာန်းထားသော မျိုးစောင့်ဥပဒေ ကို ထောက်ခံပွဲများ ဦးဆောင်ကျင်းပခဲ့သော်လည်း ၎င်းကိုယ်တိုင်က တစ်လင်တစ်မယား စနစ်ကို မလိုက်နာဘဲ မိန်းမ ၄ ဦးယူခဲ့သည်။

စွေစောင်း(ခ) ဝင်းကိုကိုလတ်သည် အမျိုးသားရေး အစွန်းရောက်လှုပ်ရှားမှုများ အစပျိုးချိန်တွင် အစွန်းရောက် အမျိုးသားရေး လှုပ်ရှားသူ မွန်မင်းသမီး ဟု မိမိကိုယ်ကို သုံးနှုန်းနေသူနှင့် ပေါင်းသင်းခဲ့ကာ မအောင်မြင်ချိန်ကာ အဆိုပါ အမျိုးသမီး၏ ထောက်ပံ့ငွေများဖြင့် နေထိုင်စားသောက်ခဲ့သည်။

ထို့နောက် မွန်မင်းသမီးနှင့် ကွဲကွာခဲ့ပြီး ယခုလက်ရှိ ပေါင်းသင်းနေသော လေပြေ ခေါ် ရီရီနွယ်အပါအဝင် မယား ၄ ဦးကို ပေါင်းသင်းခဲ့သည်။ လက်ရှိ ဇနီးယား လေပြေခေါ် ရီရီနွယ် သည် ခင်ပွန်း ၄ ဦးပြောင်းခဲ့ပြီး ဝင်းကိုကိုလတ်သည် နောက်ဆုံးခင်ပွန်းဖြစ်သည်။ မြောက်ဒဂုံတွင် ပထမခင်ပွန်းအဖြစ် ရဲတစ်ဦး၊ ယင်းနောက် စစ်မှုထမ်းဟောင်း တစ်ဦးကို ဒုတိယခင်ပွန်းအဖြစ်လည်းကောင်း၊ တတိယခင်ပွန်းအဖြစ် ဒုတိယခင်ပွန်း၏ ဖခင်ကိုလည်းကောင်း လက်ထပ် ပေါင်းသင်းခဲ့သည်။

နောက်ဆုံးတွင် ဝင်းကိုကိုလတ်(ခ) စွေစောင်းကို လေပြေ ခေါ် ရီရီနွယ်က ၄ ဦးမြောက် ခင်ပွန်းအဖြစ် လက်ထပ်ခဲ့ခြင်းဖြစ်သည်။

ဝင်းကိုကိုလတ်၏ မူလအကိုင်အကိုင်သည် ပြည့်တန်ဆာများကို ချိတ်ဆက်ပေးခြင်း၊ အပြာစာအုပ်များ ရေးသားခြင်း အလှပြင်ဆိုင် ဘန်းပြပြီး 2D 3 D အလောင်းကစားများကို လုပ်ကိုင်နေသူလည်းဖြစ်သည်

စစ်တပ်က လိုသလို ပုံသွင်းခြင်း

စစ်တပ်က မဘသ၊ အမျိုးသားရေးအစွန်းရောက်များ မွေးထုတ်ရာတွင် ဝင်းကိုကိုလတ်ကဲ့သို့ အပြာ စာရေးဆရာနှင့် ပြည့်တန်ဆာခေါင်းမှ စ၍ မလွတ်ဘဲ စစ်တပ်က ငွေပေး၍ လိုအပ်သလို ပုံသွင်းယူ ကြသည်။ တိုင်းပြည် မငြိမ်မသက် ဖြစ်ရေန် အမျိုးမျိုး ကြိုးစားကြသည်။

ဝင်းကိုကိုလတ်သည် အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုများကို ဦးဆောင်၍ ငွေကြေးအတွက် အဓိက လှုပ်ရှားခဲ့သည်။ ယခင် မြောက်ဒဂုံရဲစခန်းတွင် ဝင်းကိုကိုလတ်နှင့် ဇနီးကို ကျော်စာနှင့် လူမိုက်နာမည်ပျက်စာရင်း သွင်းထားခဲ့သော်လည်း အမျိုးသားရေး စလှုပ်ရှားချိန်တွင် ထိုအမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခြင်းခံရသည်။

အမျိုးသားရေးအစွန်းရောက် ဝီရသူကိုယ်တိုင်က သူ့တပည့် ကိုလတ်(ဝင်းကိုကိုလတ်) တို့လင်မယားက ပြည့်တန်ဆာခေါင်းလုပ်ကြောင်း ဝန်ခံ ပြောဆိုခဲ့ပြီး အမျိုးသားရေး လှုပ်ရှားမှုများ လုပ်ချိန်တွင် ပြည့်တန်ဆာ ခေါင်း အလုပ်ကို စွန့်လွှတ်ခဲ့ပြီးဖြစ်ကြောင်း လူမှုကွန်ရက် Facebook Live တစ်ခု (ယခု ၂၀၂၂ ခုနှစ်) အတွင်း ထုတ်ဖော်ပြော ဆိုသွားသည်။

အမျိုးသားရေးအစွန်းရောက် သပိတ်နှင့်ပွဲမှန်သမျှ ဝင်းကိုကိုလတ် တက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ ဝေစု ပေးကြရသည်။

၂၀၁၇ ခုနှစ် ကြေးသွန်းဘုရားရှေ့ NLD အစိုးရ ဖြုတ်ချရေး သပိတ်ပွဲလုပ်ချိန် ဝင်းကိုကိုလတ် ထောင်ကျ နေသော်လည်း သူ့အတွက် စပွန်ဆာကြေး ဝေစုကို သူ့ဇနီး လေပြေ ခေါ် ရီနွယ်အောင် ထံသို့ ပို့ပေးရသည်။

ဝင်းကိုကိုလတ်သည် အာဏာသိမ်းပြီးနောက် အမျိုးသားရေးလှုပ်ရှားမှုများကို ရပ်တန့်ပြီး သွေးသောက် အဖွဲ့ကဲ့သို့သော လက်နက်ကိုင်၍ ပြည်သူများကို သတ်ဖြတ်မှုများစွာတွင် ါပဝင်ပတ်သက်နေသည်။ အစွန်းရောက် လှုပ်ရှားမှုများဖြင့် တိုင်းပြည်ကို အမျိုးမျိုး ဖျက်ဆီးကြသူများတွင် ကိုလတ်(ခ) ဝင်းကိုကိုလတ်၏ အမည်မှာ လုံး၀ မပျက်ပြယ်တော့သည့် သမိုင်းတရားခံတစ်ဦးအဖြစ် တည်ရှိနေပြီဖြစ်သည်။

The post မဘသနှင့်အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုများဖြင့် တိုင်းပြည်ဖျက်ခဲ့သော အပြာ စာရေးဆရာ ဖိုးလောင်တီးမှ အမျိုးသားရေး အစွန်းရောက် သခင်ကြီး အမည်ခံသူ ဝင်းကိုကိုလတ် appeared first on Khit Thit Media.

ဂျက်လေယာဉ်ဆီတွေက မြန်မာပြည်သူတွေကို ဘယ်လိုအကြမ်းဖက် သတ်ဖြတ်နေလဲ ? (အပိုင်း-၁)
By မောင်း

အကြမ်းဖက် စစ်ကောင်စီလက်ထဲကို လေယာဥ်ဆီတွေ မရောက်ရှိရေးဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ လက်ရှိမြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက ပြသနေပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေအပေါ် အကြမ်းဖက် နိုမ်နင်းခဲ့လို့ ပြည်သူ့တော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေး အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

အင်အားသောင်းနဲ့ချီလာပြီး ခေတ်မှီလက်နက်အချို့ ကိုင်ဆောင်လာနိုင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခံလာရတဲ့ အကြမ်းဖက်စစ်တပ်ဟာ အချိန်ကြာလာတာနဲ့အမျှ ထိခိုက်ဆုံးရှုံးမှုတွေ များလာခဲ့ပါတယ်။ အထိနာလာတဲ့ စစ်တပ်ဟာ သူတို့ရဲ့ သဒ္ဓေဆိုးအတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့ဒေသက မြင်မြင်သမျှကို လေကြောင်းတိုက်ခိုက်မှု အကူအညီနဲ့ အလုံးစုံ တိုက်ခိုက်ဖျက်ဆီး၊ သတ်ဖြတ်မီးရှို့မှုများကို အရှိန်တိုးမြှင့် လုပ်ကိုင်လာပါတယ်.

ဒါ့အပြင် မြေပြင်မှာ လေကြောင်းအကူမပါပဲ မတိုက်ခိုက်ရဲတော့တဲ့ အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်တိုးမြင့် လုပ်ဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိရာ နေရာဒေသ အနီးနားမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုပါ လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးလာပါတယ်။ ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာတော့ တိုက်လေယာဥ်ဆီတွေရဲ့ အခန်းကဏ္ဍဟာ အဓိကအနေနဲ့ ပါဝင်လာပါတယ်။

ဒါနဲ့ပတ်သတ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဝတ်မှုမြောက် ကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အဓိကပါဝင်ပတ်သတ်နေတဲ့ လေယာဉ်ဆီတွေ ဘယ်လို သယ်ဆောင်၊ သိုလှောင် ဖြန့်ဖြူးနေတဲ့ အကြောင်းကို ယူကေအခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး တစ်ခုဖြစ်တဲ့ Amnesty International (နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့) က ပြီးခဲ့တဲ့လက အစီရင်ခံစာရေးသား ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအစီရင်ခံစာအရ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေကို အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ဖို့ တိုက်လေယာဉ်ဆီတွေကို ဝယ်ယူရာမှာ “ပြည်တွင်းက အရပ်ဖက်သုံး လေယာဉ်တွေမှာ အသုံးပြုမယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတကာကနေ ဝယ်ယူမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဓိကအားဖြင့် စစ်တပ်ရဲ့ ဗုံးကြဲလေယာဉ်တွေမှာ အသုံးပြုတဲ့ လေယာဉ်ဆီအများစုကို ပင်လယ်ရေကြောင်းက တဆင့် တင်သွင်းလာခြင်း ဖြစ်ပါတယ်။

လေယာဉ်ဆီတွေဟာ အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူ အစရှိတဲ့ အာရှနိုင်ငံတွေက နေဝင်ရောက်လာတာ ဖြစ်ပြီး အများစုဟာ ပြည်တွင်းက အရပ်ဖက်သုံးလေယာဉ်တွေမှာ အသုံးပြုမယ်ဆိုတဲ့ ခေါင်းစဉ်တွေ အောက်ကနေ ဝင်ရောက်လာတာပါ။

အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ်အထိ ပင်လယ်ရေကြောင်းကတဆင့် သီလဝါဆိပ်ကမ်းမှာ လေယာဉ်ဆီ တင်သွင်းမှု ၈ ကြိမ်ပြုလုပ်ထားပြီး တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ သန်းတစ်ရာ ဖိုးဝန်းကျင် မှာယူ ဖြည့်တင်းတယ်လို့ ခန့်မှန်းထားကြောင်း ၄င်းတို့က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ကို လေယာဉ်ဆီ ရောင်းချနေတဲ့ ပြည်ပကုမ္ပဏီ ၁၂ခုလောက်ရှိပြီး Chevron ၊ EXON၊ ROSNEFT၊ Thai Oil ၊ Petrol China အစရှိတဲ့ လောင်စာဆီတင်သွင်းတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

လေယာဥ်ဆီရောင်းချတဲ့ ကုမ္ပဏီများအနေနဲ့လည်း အခုလို အရပ်သား ခရီးသည်တင် လေယာဉ်တွေမှာ အသုံးပြုမဲ့အသွင်နဲ့ ပြည်တွင်းကုမ္ပဏီတွေကို တဆင့်ကြားခံကာ လေယာဥ်ဆီတွေကို စစ်တပ်ကို ရောင်းပေးနေခြင်း ဖြစ်တယ်ဆိုတဲ့ အမှန်တရားကို လက်ခံရမှာဖြစ်ပြီး ဒီလို အရပ်ဖက်သုံး ခေါင်းစဥ်နဲ့ လေယာဉ်ဆီ ရောင်းချမှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ လုပ်ဆောင်သင့်တယ်လို့လည်း ၄င်းတို့က ဆိုပါတယ်။

အစီရင်ခံစာပါ ဂြိုလ်တု အထောက်အထား ဓာတ်ပုံ မှတ်တမ်းတွေအရ အာဏာသိမ်းပြီး လေယာဉ်ဆီ တင်သွင်းမှု ၈ ကြိမ်လုံးဟာ သီလဝါဆိပ်ကမ်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တခြားဆိပ်ကမ်းတွေမှာလည်း အတင်အချ ပြုလုပ်တာ အနည်းငယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဆိပ်ကမ်းက တဆင့် လေယာဉ်ဆီ တင်သွင်း ဖြန့်ဖြူးခြင်းကို ပြည်ပကုမ္ပဏီဖြစ်တဲ့ PUMA ကလုပ်ဆောင်တာ ဖြစ်ပြီး PUMA ဟာ စစ်ကောင်စီလက်အောက်ခံ MOGE နဲ့ ပြည်တွင်းကုမ္ပဏီဖြစ်တဲ့ Asia Sun တို့နဲ့ ပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ (PUMA ကုမ္ပဏီဟာ မြန်မာပြည်ကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေငြာထားပြီးဖြစ်)။

စစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းခြင်းကို MOGE နဲ့ Asia Sun တို့က ပူးတွဲ ထောင်ထားတဲ့ ပြည်တွင်းက NEPAS က လေယာဉ်ဆီဖြန့်ဖြူးရေးနဲ့ ငွေပေးငွေချေအပိုင်းကို အဓိကကိုင်တွယ်နေခြင်း ဖြစ်ပါတယ်။

အခြားသတင်းရင်းမြစ်က ရရှိတဲ့ သတင်းတွေအရလည်း စစ်တပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်များနဲ့ တိုက်လေယာဉ်များအတွက် လေယာဉ်ဆီ တင်သွင်းနေတဲ့ကုမ္ပဏီတွေထဲမှာ မြတ်မေတ္တာမွန်၊ Asia Sun Energy နှင့် Yangon Aerodrome ကုမ္ပဏီတို့လည်း ပါဝင်ပတ်သတ်လျှက် ရှိနေပါတယ်။

အဲ့ဒီ့ ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်က ပြည်သူအပေါ် ပြန်လည်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို အားပေးနေတဲ့ စီးပွားရေးလုပ်ငန်းများ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဘွိုင်းကောက်လုပ်ရမဲ့ ကုမ္ပဏီများလို့ ပြောမယ်ဆိုလည်း မှားမယ်မဟုတ်ပါဘူး။

မြတ်မေတ္တာမွန်ကုမ္ပဏီဟာ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်းရဲ့ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး စက်သုံးဆီတချို့ကို စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းပေးတာကြောင့် မြို့ပြပျောက်ပြားတပ်ဖွဲ့တွေရဲ့ မကြာခဏ ဗုံးခွဲတိုက်ခိုက်မှုကို ခံနေရတဲ့ ကုမ္ပဏီပါ။

Yangon Aerodrome ကုမ္ပဏီကတော့ ယခင်စစ်အစိုးရ ဗိုလ်ချုပ်များနှင့် ရင်းနှီးတဲ့ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်ပိုင် Asia World ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်ပြီး လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လုပ်ကိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။ Asia Sun Energy ကုမ္ပဏီကတော့ PUMA ကုမ္ပဏီရဲ့ ပြည်တွင်းကုမ္ပဏီပဲ ဖြစ်ပါတယ်။

ဒါဟာ လေယာဉ်ဆီတွေကို အကြမ်းဖက်စစ်တပ်က ဝယ်ယူရာမှာ ပုဂ္ဂလိက ကုမ္ပဏီတွေကို ကြားခံထားအသုံးချကာ ဝယ်ယူနေခြင်းလည်း ဖြစ်ပါတယ်။

လေယာဉ်ဆီ အများစုဟာ သီလဝါ ဆိပ်ကမ်းကနေတဆင့် ဆီဘောင်ဆာ (ထရပ်ကား) ကြီးတွေနဲ့ တစ်နိုင်ငံလုံးက လေယာဉ်ဆီ သိုလှောင်ရာ အရပ်သား သယ်ယူပို့ဆောင်ရေး လေယာဉ်ကွင်းတွေနဲ့ စစ်တပ်ပိုင် လေယာဉ်ကွင်းတွေဆီ ပို့ဆောင်ခြင်း ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက လေယာဉ်ဆီ သိုလှောင်ရာ နေရာအချို့ဟာ အရပ်ဖက်သုံး လေယာဉ်ကွင်းနဲ့ တပ်လေယာဉ်ကွင်းတို့ တွဲဖက်အသုံးပြုတာ ဒါမှမဟုတ် အလွန်နီးကပ်နေတာမျိူးတွေကို ဂြိုလ်တုအထောက်အထား ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရှိနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

စစ်တပ်ရဲ့ အရေးကြီးဆုံး နေပြည်တော်လို နေရာမျိုးမှာလည်း အရပ်သားသုံးလေယာဉ်ဆီကန်နဲ့ စစ်တပ်သုံး လေယာဉ်ဆီကန်တွေကို တွဲဖက်အသုံးပြုနေတာ တွေ့ရပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်း ဝယ်ယူခဲ့သမျှ လေယာဉ်ဆီအများစုဟာ စစ်တပ်ပိုင် လေယာဉ်ဆီ သိုလှောင်ကန်တွေဆီ ရောက်ရှိသွားတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ သုတေသနပြု လေ့လာတွေ့ရှိထားတာပါ။

အရပ်ဖက်သုံး လေယာဉ်ဆီ သိုလှောင်ရာနေရာတွေကိုလည်း လတ်တလောမှာ စစ်တပ်က ထိန်းချုပ်ထားပြီး လေယာဥ်ဆီတွေကို လိုအပ်သလို ပုံစံအမျိူးမျိူးနဲ့ စစ်တပ်ပိုင်လေယာဉ်တွေအတွက် လွှဲပြောင်း ရယူသွားမှုပေါင်း များစွာရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလို အချက်အလက်တွေကို မြန်မာပြည်ရဲ့ လောင်စာဆီကဏ္ဍမှာ ကြီးမားစွာ ရင်းနှီးမြှပ်နှံထားတဲ့ PUMA က သုတေသနပြုလုပ်နေတဲ့ Amnesty International ကို အတိအကျ ဖြေဆိုခဲ့တာပါ။ ဥပမာအားဖြင့် ရန်ကုန်-မန္တလေး ခရီးသည်တင် လေယာဉ်အတွက်ဟု အကြောင်းပြကာ မိတ္ထီလာ လေတပ်စခန်းကို ပို့ဆောင်ခဲ့တဲ့ အထောက်အထားတချို့ကိုလည်း တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူနိုင်ရေးကို ပိတ်ပင်နိုင်ဖို့ တကယ်တမ်းမှာတော့ စိန်ခေါ်မှုနဲ့ အခက်အခဲများစွာရှိနေတာပါ။ လေယာဉ်ဆီဝယ်ယူရမှာ ခက်ခဲသွားဖို့ လေယာဉ်ဆီ စျေးနှုန်းကို အဆမတန် မြင့်မားလိုက်တာမျိူးတွေကို ကုမ္ပဏီတွေဘက်က လုပ်ဖို့ များစွာ အရေးကြီးတဲ့အကြောင်း Burma Campain UK ရဲ့ ဒါရိုက်တာမာ့ခ်ဖာမနာက သူ့ရဲ့အမြင်ကို ပြောခဲ့တာမျိုးတွေလည်း ရှိပါတယ်။

“တကယ်တမ်းမှာတော့ စစ်တပ်ကို လေယာဉ်ဆီ ရောင်းတဲ့ကိစ္စတွေမှာ အနောက်နိုင်ငံတွေကိုယ်တိုင် ပါဝင်နေခြင်းပါပဲ ၊ ပုံစံအမျိူးမျိူးနဲ့ ပါဝင်ပတ်သတ်နေကြတာပါ။ ဆိပ်ကမ်းတွေ သိုလှောင်ကန်တွေ အာမခံကိုယ်စားလှယ်တွေ စသဖြင့် မျိုးစုံပါဝင်ပတ်သတ်နေပါတယ် “ လို့ ၄င်းက ဆိုပါတယ် ။

ဒါ့ကြောင့် မြန်မာစစ်တပ်ကို လေယာဉ်ဆီ မရောင်းချနိင်ရေးဟာ အနောက်နိုင်ငံကကုမ္ပဏီတွေရော အာရှနိုင်ငံတွေပါ ပူးပေါင်း ပါဝင်လာဖို့က အရေးကြီးဆုံး အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာပြည်ကို လေယာဉ်ဆီ တင်သွင်းနေတဲ့ ထိုင်း ၊ စင်ကာပူ ၊နော်ဝေ၊ ကိုရီးယားနိုင်ငံတွေက ကုမ္ပဏီတချို့ဟာ အခုလို စစ်တပ်က လွှဲပြောင်းရယူနေမှုတွေကြောင့် ထပ်မံပြီး လေယာဉ်ဆီတွေ တင်သွင်းမှာ မဟုတ်တော့ဘူးလို့ အတိအလင်း ငြင်းဆိုထားကြပြပြီး ဖြစ်ပေမဲ့၊ ဆက်လက်လုပ်ကိုင်နေဆဲ ကုမ္ပဏီတွေကလည်း ဒုနဲ့ဒေးပါပဲ။

Amnesty International ရဲ့ အစီရင်ခံစာထဲမှာ ထပ်မံဖော်ပြထားတာကတော့ သူတို့ဟာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မြေပြင်သုတေသန ပြုခဲ့တယ်လို့လည်း ဆိုပါတယ်၊၊ လက်နက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ မြေပြင်ကို သွားရောက်ခဲ့သူများရဲ့ ပြောကြားချက်အရ မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုအတွင်း နိုင်ငံတကာက တားမြစ်ထားတဲ့ ကလပ်စတာ ဗုံးတွေကိုသုံးခဲ့တယ်လို့ ဆိုပါတယ်၊၊ ဒီနေ့ခေတ်မှာ ဒီဗုံးတွေကို သုံးတယ်ဆိုတာ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း ၄င်းတို့က ဆိုပါတယ်၊၊

စစ်တပ်ဟာ မြန်မာပြည်ရဲ့ နေရာတော်တော်များများမှာ အရပ်သားတွေ နေတဲ့နေရာကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်၊၊ စစ်တပ်ဟာ တိုက်ပွဲမရှိတဲ့ နေရာများမှာ လေကြောင်းက တိုက်ခိုက်သည်များ ရှိသလို၊ PDF , EAO တွေ မရှိတဲ့နေရာတွေမှာလည်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့၊ တိုက်ပွဲ မရှိဘဲ ကရင်ဒုက္ခသည်စခန်းတခုကို ညမိုးချုပ်အချိန်မှာ ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်သွားခဲ့မှုကို ဥပမာပေးကာ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

အထူးသဖြင့် စစ်ဖက်၊ အရပ်ဖက် စသဖြင့် ပစ်မှတ်တွေကို သေခြာမခွဲဘဲနဲ့ မြင်မြင်ကရာ သိမ်းကြုံး ပစ်ခတ်မှုတွေကို တွေ့ရတယ်လို့ ဆိုပါတယ်၊၊ အရပ်သားတွေရော တော်လှန်သူတွေရော ရှိနေနိုင်တဲ့ နေရာမျိုးမှာ ဖျက်အားမြင့် ဗုံးအကြီးတွေကို ပစ်မှတ်ခွဲခြားခြင်းမရှိဘဲ သိမ်းကြုံးတိုက်ခိုက်တဲ့အတွက် တကယ့်ကို စစ်ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတယ်လို့လည်း ၄င်းတို့က ဆိုပါတယ်၊၊

ဒါ့အပြင် ဒီလို မြင်မြင်ကရာ သိမ်းကြုံးတိုက်ခိုက်ခြင်းဟာ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှုလည်း မြောက်တယ်။ ဒီလိုလေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်ကြတယ်၊ သေဆုံးကြတယ်၊ အဲ့ဒီထဲမှာ အမျိုးသမီးတွေ ကလေးတွေပါတယ်၊၊ အခြေပျက်ကြတယ်၊ နေရာရွှေ့ပြောင်းကြရတယ်၊ အချိန်နဲ့အမျှ ကြောက်လန့်ရတယ်၊ ဒါတွေအားလုံးဟာလည်း စစ်ရာဇဝတ်မှုတွေပဲ ဖြစ်တယ်ဆိုတာ ထင်ရှားလှပါတယ်၊

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု အထူးသဖြင့် လေကြောင်းမှ မြင်မြင်ကရာ သိမ်းကြုံးတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂ ထောင်ကျော်သေဆုံးခဲ့ပြီး ဖြစ်သလို၊ လူပေါင်း သန်းနဲ့ချီပြီး အိုးအိမ်စွ့န်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒါ့အပြင် ရဟတ်ယာဥ်များနဲ့ တရွာဝင် တရွာထွက် သတ်ဖြတ်မီးရှို့မှုများကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေရဲ့ နေအိမ်များဟာ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။

ဒီအချက်တွေကို ကြည့်ရင်ပဲ လေကြောင်းတိုက်ခိုက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို လေယာဥ်ဆီ ပိတ်ပင်ဖို့၊ လက်နက်အရောင်းအဝယ် ပိတ်ဆို့အရေးယူဖို့ ကိစ္စတွေဟာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်တပ် လက်ဝယ် လေယာဉ်ဆီ မရောက်ရှိနိုင်ရေးဟာ ပြည်ပက ပိတ်ဆို့မှုများသာမက ပြည်တွင်းအင်အားစု အသီးသီးကလည်း နည်းမျိုးစုံနဲ့ ဟန့်တား ပိတ်ပင်နိုင်ရေးသည်လည်း နွေဦးတော်လှန်ရေးအတွက် အရေးကြီးလှပါကြောင်း ရေးသားလိုက်ရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

The post ဂျက်လေယာဉ်ဆီတွေက မြန်မာပြည်သူတွေကို ဘယ်လိုအကြမ်းဖက် သတ်ဖြတ်နေလဲ ? (အပိုင်း-၁) appeared first on Khit Thit Media.

လူသတ် မြန်မာစစ်ကောင်စီ ပါဝင်သည့် ဆွေးနွေးပွဲ ဂျာမနီ ကျင်းပ
By Benedikt Heubl and David Pfeifer

ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ငွေကြေးထောက်ပံ့မှုဖြင့် ကျင်းပခဲ့သော ဂျာမန်ဖောင်ဒေးရှင်းတစ်ခု၏ ဆွေးနွေးပွဲများသို့ မြန်မာစစ်ကောင်စီ၏ ဝန်ထမ်းများကို တက်ရောက် ခွင့်ပြုခဲ့သည်။ ထိုသို့တက်ရောက်ခွင့်ပြုခဲ့သဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုများအား မည်သို့ရှောင်တိမ်းရမည်ကို မြန်မာစစ်တပ်က လေ့လာသိရှိသွားနိုင်သည်ဟု ဥပဒေကျွမ်းကျင်သူများက ဆိုကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညအချိန်တွင် မြန်မာစစ်တပ်သည် တစ်ကျော့ပြန်အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ခံ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိုအချိန်မှစတင်၍ စစ်ကောင်စီသည် မိမိစစ်သားများ၏ ထိန်းချုပ်မှုအောက်တွင် မရှိသောဒေသများရှိ စာသင်ကျောင်းများ၊ ဘုရားရှိခိုးကျောင်းများကို တိုက်ခိုက်လျှက်ရှိသည်။ ဆန္ဒပြသူများကို ထောင်သွင်းအကျဉ်းချပြီး နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။ သေဒဏ်ကို ပြန်လည်အသက်သွင်း၍ ၄င်းတို့ကို ဆန့်ကျင်သူများအပေါ် ကြိုးမိန့်စီရင်ချက်များ ချမှတ်ဆောင်ရွက်လာခဲ့ သည်။

သို့တိုင်အောင်လည်း မက်စ်ပလန့်ခ် (Max Planck) သုတေသနအဖွဲ့၏ လက်အောက်ခံဖြစ်သော နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဟိုက်ဒယ်ဘတ် မက်စ်ပလန့်ခ် (Heidelberg Max Planck) ဖောင်ဒေးရှင်းသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများအား စင်္ကာပူနိုင်ငံ၌ မကြာသေးမီကပို့ချခဲ့သော ပင်လယ်ပြင် ဘေးကင်းလုံခြုံရေး ဘာသာရပ်ဆိုင်ရာ သင်တန်းသို့ မြန်မာကိုယ်စားလှယ်များကို ချန်လှပ်ထားခြင်းမရှိဘဲ တက်ရောက်ခွင့်ပြုခဲ့သည်။

၎င်းဖောင်ဒေးရှင်းသည် သတင်းအချက်အလက် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်များအား အမည်စာရင်းပေးသွင်းရန် အစိုးရအားလုံးထံ အကြောင်းကြားခဲ့ရာ မြန်မာ အကြမ်းဖက်စစ်ကောင်စီကိုပါ ထည့်သွင်းဖိတ်ခေါ် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံသည် များစွာအထီးကျန်ဖြစ်နေသလို အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂကလည်း အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။ စစ်ဗိုလ်ချုပ်ကြီးများက အာဆီယံတူညီဆန္ဒငါးရပ်ကို အကောင်အထည်မဖော်ဘဲ အရပ်သားကိုယ်စားလှယ်ကို စေလွှတ်ခြင်းလည်းမရှိပါက မြန်မာစစ်ကောင်စီအား အစည်းအဝေး တက်ရောက်ခွင့်မပြုရန် အချို့အာဆီယံနိုင်ငံများကပင် ပိတ်ပင်တားမြစ်ထားသည်။ သို့ဖြစ်၍ စစ်ကောင်စီသည် ၎င်းကို တရားဝင် အသိအမှတ်ပြုလာစေမည့် အခွင့်အလမ်းအားလုံးကို အသုံးပြုလျက်ရှိသည်။

ဥပဒေနှင့်မညီသလို “လုံးဝ မှားယွင်းသည့် လုပ်ရပ်”

စင်္ကာပူ၌ကျင်းပသော Max Planck ဖောင်ဒေးရှင်း၏ အလုပ်ရုံဆွေးနွေးပွဲတွင် “အရှေ့တောင်အာရှဒေသ၌ ပင်လယ်ပြင်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးမည့် အခမ်းအနား အစီအစဉ်(၆)ခုကို ထည့်သွင်းထားသည်။ ၎င်းတို့အနက်သုံးခုမှာ လူကိုယ်တိုင် မျက်နှာချင်းဆိုင် နှီးနှောဖလှယ်ပွဲများ ဖြစ်သည်။

ဖောင်ဒေးရှင်း၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားချက်အရ အဆိုပါအခမ်းအနားကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန(AA ) ၏ ကူညီထောက်ပံ့မှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။ ဂျာမနီ၏ထောက်ပံ့မှုတွင် ကိုယ်စားလှယ်များ၏ တည်းခိုနေထိုင်စရိတ်နှင့် လေယာဉ်ခရီးစရိတ်များ ပါဝင်သည်။ အခြားမြန်မာဖက်မှ တက်ရောက်မည့်သူများကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက စာရင်းရယူပြုစုခဲ့ကြောင်း သက်ဆိုင်ရာ စာပေးစာယူများကို SZ သတင်းဌာနက ရရှိခဲ့သည်။

မြန်မာကိုယ်စားလှယ်များတွင် အီးယူ၏ အရေးယူပိတ်ဆို့မှုကို ခံထားရသူ တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်းသာ AA က ပြောဆိုသည်။ သို့သော် လက်ရှိအခြေအနေမျိုး၌ စစ်တပ်နှင့် နီးနီးကပ်ကပ် ပတ်သက်မှုများမရှိဘဲ စစ်ကောင်စီအတွက်အလုပ်လုပ်နေသူဟူ၍ တစ်ဦးတစ်လေမျှပင် မရှိနိုင်သည့်အချက် သို့တည်းမဟုတ် တက်ရောက်မည့်ပုဂ္ဂိုလ်အတွက် အနည်းဆုံး စစ်တပ်၏ ခွင့်ပြုချက် လိုအပ်မည့်အချက်တို့ကို မေးခွန်းထုတ်စရာများ ပေါ်ထွက်လာလျက်ရှိသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုဆိုင်ရာ မူဝါဒအကြောင်းကိုလည်း ဤအစည်းအဝေး၌ ဆွေးနွေးမည့်အကြောင်း အခမ်းအနားအစီအစဉ်တွင် ဖော်ပြပါရှိသည်။ တတိယနေ့တွင် “ပင်လယ်ရေကြောင်းသွားလာမှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုများအား အစီအစဉ်တကျ အကောင်အထည်ဖော်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် လက်ထောက်သုတေသီတစ်ဦးက ဆွေးနွေးခဲ့ပြီး ဆက်စပ်ဖြစ်စဉ်များကို အလေးပေး တင်ပြခဲ့ကြောင်းသိရှိရသည်။

အဆိုပါဆွေးနွေးမှုတွင် ယုတ်စွအဆုံး ရှေ့နောက်မညီသော ကမောက်ကမ အခြေအနေတစ်ရပ်ကို တွေ့ရှိရကြောင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် “Justice for Myanmar” က ပြောဆိုပြီး ယင်းဖြစ်ရပ်ကို စစ်ဆေးပေးရန် SZ ထံသို့ ပေးပို့လာခဲ့သည်။ လေ့လာကြည့်သည့်အခါ အဆိုပါ တင်ပြဆွေးနွေးချက်များတွင် အရေးယူပိတ်ဆို့မှုကို မည်သို့ရှောင်တိမ်းမည်ဟူသော လမ်းညွှန်ချက်များ ပါဝင်နေနိုင်သည့် အန္တရာယ်ရှိကြောင်း ဂျာမန်ဥပဒေကျွမ်းကျင်သူများက စီစစ်တွေ့ရှိရသည်။

နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ Max Planck ဖောင်ဒေးရှင်းက ဆောင်ရွက်နေသည့် ယခုလုပ်ရပ်သည် ဥပဒေနှင့်မညီညွှတ်ရုံမျှမက လုံးဝမှားယွင်းနေသည်ဟု တက်ဘင်ဂျန် (Tübingen)မြို့မှ နိုင်ငံတကာဥပဒေရေးရာ ရှေ့နေ Holger Rothbauer က ပြောကြားသည်။ “ပိတ်ဆို့အရေးယူမှု” ဟူသောစကားရပ်၏ အဓိပ္ပာယ်တွင် “အဆိုပါဆက်သွယ် ဆောင်ရွက်မှုမျိုးကို ဟန့်တားရမည့်” ရည်ရွယ်ချက်များ အတိအကျပါဝင်နေပြီးလည်း ဖြစ်သည်။ SZ က စုံစမ်းမေးမြန်းသည့်အခါ ၎င်းဆွေးနွေးပွဲများတွင် စစ်ရေးအကြောင်းအရာ သော်လည်းကောင်း၊ စစ်ဖက်လေ့ကျင့်သင်ကြားပေးမှု သော်လည်းကောင်း၊ ပါဝင်ခြင်းမရှိကြောင်း ဘာလင်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်ငြင်းဆိုဖြေကြားသည်။

ယခုနှစ်အတွင်း ပူပူနွေးနွေးချမှတ်ထားသည့် အီးယူ၏ နောက်ထပ်အရေးယူ ကန့်သတ်မှုများ

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမျိုးသည် ငြိမ်းချမ်းနေသည့်အခါသမယတွင် ကောင်းမွန်သည့် အစီအစဉ်တစ်ခု အသေအချာဖြစ်ပေလိမ့်မည်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်၌ ဗီယက်နမ်နှင့် ဖိလစ်ပိုင် ကဲ့သို့ အာဆီယံနိုင်ငံ အများအပြားအပေါ် ထိခိုက်နေသည့် တရုတ်နိုင်ငံ၏ ပင်လယ်ပြင်ဥပဒေ ချိုးဖောက်နေမှုများနှင့် စပ်လျဉ်း၍ ကျင်းပသင့်သော ဆွေးနွေးပွဲတစ်ခု ဖြစ်သည်။ သို့သော် မြန်မာ့ ပင်လယ်ပြင်အခွင့်အရေးများသည် အိန္ဒိယသမုဒ္ဒရာထဲမှ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ အတွင်း၌သာ တည်ရှိနေသဖြင့် မြန်မာနှင့် သက်ဆိုင်ခြင်းမရှိပေ။

ထို့အပြင် ပေကျင်းကလည်း မြန်မာစစ်ကောင်စီကို ထောက်ခံအားပေးလျက်ရှိပြီး ထိုသို့ ထောက်ခံနေသည့်အချက်မှာ ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုကိုသာ ချမှတ်နိုင်ခဲ့ပြီး အရေးယူပိတ်ဆို့မှုများ မပြုလုပ်နိုင်အောင် တားဆီးနေသည့် အကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာ့အရေး မဲခွဲဆုံးဖြတ်မည်ဆိုပါက မြန်မာနိုင်ငံသို့ စစ်လက်နက်များရောင်းချ၍ ငွေထုပ်ပိုက်ခွင့် သာနေသဖြင့် စစ်ကောင်စီကို ဆက်လက်ထောက်ခံနေဆဲ လက်ကျန်နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သော ရုရှား နိုင်ငံကဲ့သို့ပင် တရုတ်တို့ကလည်း အလားတူ ကန့်ကွက်မဲပေးလိမ့်မည်ပင် ဖြစ်သည်။

အမေရိကန်အစိုးရနှင့် အီးယူတို့က မြန်မာစစ်တပ်၏ အဆင့်မြင့်အရာရှိများအပေါ် အရေးယူ ပိတ်ဆို့မှုများကို ယမန်နှစ်က ချမှတ်ခဲ့သည်။ ယခုနောက်ဆုံး ဖေဖော်ဝါရီလကလည်း နောက်ထပ် အရေးယူ ကန့်သတ်မှုအသစ်များကို ပြဋ္ဌာန်းရန် အီးယူက ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် Max Planck ဖောင်ဒေးရှင်းမှတစ်ဆင့် မြန်မာတို့နှင့် အမြင်ချင်းဖလှယ်ရန် ဖိတ်မံတကပြုလျက် ရှိနေပြန်သည်။

စင်္ကာပူ၌ ကျင်းပသော နှီးနှောဖလှယ်ပွဲသို့ ပြီးခဲ့သည့်သောကြာနေ့အထိ အနည်းဆုံး မြန်မာကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ တက်ရောက်ခဲ့သည်။ မည်သည့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်ကို အတိအကျသိရှိလိုကြောင်း မေးမြန်းမှုအပေါ် Max Planckဖောင်ဒေးရှင်းက မဖြေကြားဘဲ နှုတ်ဆိတ်နေခဲ့သည်။

SZ က ရရှိခဲ့သော Max Planck ဖောင်ဒေးရှင်း ညွှန်ကြားရေးမှူးထံသို့ ပေးပို့သည့် စာတစ်စောင်တွင် မြန်မာစစ်ကောင်စီဖက်မှ ဒေါက်တာသန်းသန်းလွင် တက်ရောက်မည်ဟု ဖော်ပြထားသည်။ သူသည် နစကဝန်ကြီးဌာနတစ်ခုမှ ဒု-ညွှန်ကြားရေးမှူး အဆင့်အရာရှိတစ်ဦးဖြစ်ကာ သူ၏အကြီးအကဲက ၎င်းစာကိုလက်မှတ်ရေးထိုးထားသည်။ ဆွေးနွေးပွဲသို့ သူအမှန်တကယ် တက်ရောက်ခဲ့ခြင်းရှိ၊ မရှိကိုမူ အတည်ပြုနိုင်ခြင်းမရှိပါ။

ဒေါက်တာသန်းသန်းလွင်ဆိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်း အင်တာနက်တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။ အစိုးရအဆင့်မြင့်အရာရှိတစ်ဦး ဖြစ်ပုံမရသော်လည်း သူသည် နစကမဖွဲ့စည်းမီ ကာလများကတည်းက မြန်မာနိုင်ငံကိုကိုယ်စားပြု၍ ဂျာမန်အဖွဲ့အစည်းများနှင့် အဆက်အသွယ် လုပ်နေခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိရသည်။ ၂၀၁၇ ခုနှစ်က သူသည် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)က ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသို့ ငါးလုပ်ငန်းဦးစီးဌာန၏ ဒု-ညွှန်ကြားရေးမှူးအဖြစ် ပါဝင်တက်ရောက်ခဲ့ဖူးသည်။

အတိုက်အခံအရပ်သား အစိုးရကို ဖိတ်ခေါ်သင့်ခဲ့သည်

မြန်မာပြည်သူများကို ကိုယ်စားပြုသည့် “အမျိုးသား ညီညွတ်ရေးအစိုးရ” (NUG) ဟူသော အရပ်သား အစိုးရအဖွဲ့တစ်ခုလည်း ရှိနေသည်။ ၎င်းအဖွဲ့သည် ရွေးကောက်ခံအဖွဲ့ မဟုတ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်သွယ်ရန် လျှို့ဝှက်ဖွဲ့စည်း ပေါ်ပေါက်လာသောအဖွဲ့ဖြစ်သည်။ NUG သည် ဒေါ်အောင်ဆန်းစုကြည်အား “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်” ဟူသော ခေါင်းဆောင်နေရာ၌ ဆက်လက်လက်ခံထားရှိသည်။ သို့ဖြစ်၍ NUG ကို ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ခဲ့ပြီး ထိုသို့ဖိတ်ခေါ်ခဲ့မည်ဆိုပါက လုံးဝကွဲပြားခြားနားသော အခြေအနေတစ်ရပ်ကို ဆောင်ကြဉ်းပေးနိုင်ခဲ့မည် ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ အချက်အလက်များအရ မြန်မာလူဦးရေ ၁၃ သန်းကျော်သည် အငတ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေရကာ လူဦးရေ ၁.၃ သန်းသည် အရပ်သားများအပေါ် အင်အားအလွန်အကျွံသုံး၍ အကြမ်းဖက်မှုဘေးမှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူဦးရေ အနည်းဆုံး ၂,၀၀၀ မှာ အသတ်ခံခဲ့ရပြီးဖြစ်သည်ဟု ပြီးခဲ့သည့်သောကြာနေ့က ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် NUG ဥက္ကဋ္ဌ ဒူးဝါးလရှီးလက ပြောကြားသည်။ “အမေရိကန်နဲ့ အီးယူဆီကနေ ယူကရိန်းနိုင်ငံ ရရှိနေတဲ့ အကူအညီမျိုးသာ ကျွန်တော်တို့ရမယ်ဆိုရင် လူတွေသတ်ဖြတ်ခံနေရတဲ့ ဆင်းရဲဒုက္ခဟာ ချက်ခြင်း ရပ်တန့်သွားမှာပါ” ဟု ၎င်းက ပြောဆိုသည်။

(Sueddeutsche Zeitung သတင်းစာတွင်ဖော်ပြထားသော Von Benedikt Heubl နှင့် David Pfeifer တို့၏ “German workshops also for a murderous regime” ဆောင်းပါးကိုဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

The post လူသတ် မြန်မာစစ်ကောင်စီ ပါဝင်သည့် ဆွေးနွေးပွဲ ဂျာမနီ ကျင်းပ appeared first on Khit Thit Media.

မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့များမှတစ်ဆင့် ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသောလမ်းကြောင်း
By Billy Ford & Ye Myo Hein

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေသော အတိုက်အခံများအကြား အကြွင်းမဲ့စည်းလုံးညီညွတ်မှု ရရှိရေးမှာ လက်တွေ့မကျသလို အသင့်တော်ဆုံး အဖြေတစ်ရပ်မဟုတ်ဘဲ ၎င်းတို့အချင်းချင်း ပိုမိုညှိနှိုင်း၍ ပိုမိုညှိနှိုင်းဆောင်ရွက်မှုများက တော်လှန်ရေးအောင်ပွဲအတွက် အခြေခံအကျဆုံး ဖြစ်နေသည်။

စစ်မြေပြင်၌ မြန်မာတော်လှန်ရေးတပ်ဖွဲ့များ ပိုမိုခြေကုပ်ယူလာနိုင်သည့် အချိန်မှာပင် နိုင်ငံတကာ အသိုင်းအဝိုင်းအများအပြားက မြန်မာ့အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုကို အစိတ်စိတ်အမွှာမွှာနှင့် စုစည်းမှုမရှိသည့် တော်လှန်ရေးအဖြစ် ရှုမြင်နေကြဆဲဖြစ်သည်။

အဆိုပါအမြင်များကြောင့် အချို့က လက်မြှောက်အရှုံးပေးကာ ပဋိပက္ခနှင့် ခပ်ကင်းကင်း နေလာကြသလို အချို့ကလည်း တည်ငြိမ်မှု ပြန်လည်တည်ဆောက်ရေး နည်းလမ်းအဖြစ် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လက်သင့်ခံရန် စဉ်းစားလာခဲ့ကြသည်။ သို့သော် ၎င်းအမြင်နှင့် ကောက်ချက်ဆွဲမှုများသည် မှားယွင်းသော အယူအဆများဖြစ်သည်။

တည်ငြိမ်မှုရှိသည့် မြန်မာနိုင်ငံ ပေါ်ထွန်းလာရေးကို ပံ့ပိုးကူညီရန် နိုင်ငံတကာအသိုင်းအဝိုင်းက အလေးအနက်ထား စဉ်းစားမည်ဆိုလျှင် ဝိုင်းဝန်းပြစ်တင်ခံနေရပြီး လူမျိုးတုန်း သတ်ဖြတ်လျက်ရှိသော တရားမဝင်သည့် စစ်ကောင်စီက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲက ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မည်ဟု နုံအပြီး အမျှော်အမြင်မရှိသော မျှော်လင့်ချက်ကို စွန့်လွှတ်ရလိမ့်မည် ဖြစ်သည်။

ထိုသို့ မျှော်လင့်နေမည့်အစား စိန်ခေါ်မှုများရှိနေသော်ငြား တည်ငြိမ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိမည့် တော်လှန်ရေးအဖွဲ့များ၏ စေ့စပ်ဆွေးနွေးမှုများအတွက် ကူညီထောက်ပံ့ရေးလမ်းကြောင်းကို အကြီးအကျယ် တိုးမြှင့်ပေးရလိမ့်မည်ဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များအကြား သွေးကွဲမှုနှင့် နပန်းလုံးနေရသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ပို၍ အရေးကြီးသည်မှာ စစ်တပ်ကိုအနိုင်ယူ၍ စစ်ကောင်စီကို ဖြုတ်ချရန်ဟူသော ရည်မှန်းချက်မှာမူ ကွဲပြားနေသောအဖွဲ့အားလုံးကို ပေါင်းစည်းပေးထားသည့် ဘုံရည်မှန်းချက် ဖြစ်နေသည့်အချက် ဖြစ်သည်။ ထို့အပြင် ခေတ်အဆက်ဆက် သမိုင်းနှင့်ချီ၍ မညီမညွတ်ဖြစ်နေခဲ့သော အုပ်စုများအကြား တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသည့် ပူးပေါင်းမှု၊ ညှိနှိုင်းမှု၊ ဆွေးနွေးမှုများကို ဤပေါင်းစည်းမှု ဘုံရည်မှန်းချက်က တံခါးဖွင့်ပေးခဲ့ပြန်သည်။

တော်လှန်ရေးအဖွဲ့များအတွင်း စေ့စပ်ဆွေးနွေးပွဲများသည် အရှိန်အဟုန်ကောင်းကောင်းနှင့် တိုးတက်မှုရရှိနေခဲ့ပြီး မြန်မာ့သမိုင်း၌ အကျယ်ပြန့်ဆုံးနှင့် အဖွဲ့မျိုးစုံ ပါဝင်မှုအများဆုံး အစိုးရအဖွဲ့အစည်းများ (အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ) ကိုတည်ထောင်နိုင်ခဲ့သလို ဒီမိုကရေစီအကျဆုံးနှင့် ညီညွတ်မျှတမှု အရှိဆုံးသော နိုင်ငံရေးလမ်းပြမြေပုံ (ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်-FDC) ကိုလည်း ရေးဆွဲနိုင်ခဲ့ကြပြီးဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေကို တိုင်းပြည်နယ်နိမိတ်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုအထိ လျှော့ချပေးနိုင်ခဲ့သော စစ်ရေးလှုပ်ရှားမှုများကိုလည်း ယင်းစေ့စပ်ဆွေးနွေးမှုများကပင် ပေါင်းစပ်ဖော်ဆောင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ အောင်မြင်မှုများ ရှိနေလင့်ကစား နိုင်ငံရေးဂိုဏ်းဂဏကွဲမှုများနှင့် သမိုင်းကြောင်းရှည်သော နာကျည်းမှု၊ မယုံသင်္ကာဖြစ်မှုများကြောင့် စေ့စပ်ဆွေးနွေးမှုပလက်ဖောင်းများ၊ အထူးသဖြင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) လမ်းကြောင်းသည် ထိရောက်မှုမရှိဘဲ နှေးကွေးလေးလံနေသည်ဟု အများအပြား ယူဆနေကြသည်။

အလားတူပင် FDC ၌ တိုင်းပြည်တည်ငြိမ်ရေးအတွက် လမ်းပြမြေပုံပါရှိသော်ငြားလည်း ယုံကြည်စိတ်ချရသော လမ်းကြောင်းဖြစ်စေရေး NUCC ၏ အပြင်ဘက်တွင် လုံလောက်သော ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုများ ကင်းမဲ့နေသည်ဟု ရှုမြင်လျက်ရှိသည်။

တစ်ဖက်မှကြည့်လျှင် ချဲ့ကားပြောဆိုမှုတချို့ရှိလင့်ကစား ၎င်းဝေဖန်မှုများက နိုင်ငံတကာ ထောက်ခံမှုရရှိပြီး စစ်ကောင်စီကို အနိုင်ယူနိုင်လောက်သည့် ညီညွတ်မှုအဆင့်မျိုးသို့ ရောက်ရှိရန် အတိုက်အခံတို့ မျှော်လင့်ထားပါက ယခုထက် ပို၍စည်းလုံးမှုရှိရန် လိုအပ်ကြောင်း ထောက်ပြလျက် ရှိသည်။

ဤစိန်ခေါ်မှုများကိုကျော်လွှားနိုင်မည်ဆိုလျှင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်မှုနှင့် အစိတ်စိတ်အမွှာမွှာ ကွဲပြားအောင် လှုံ့ဆော်ပေးရန် သေချာနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲလမ်းကြောင်းကို ငြင်းပယ်ကာ မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် အခြား ရွေးချယ်စရာ နည်းလမ်းတစ်ခုခုဆီ ဦးတည်လာစေအောင် ကူညီပေးနိုင်မည်လည်း ဖြစ်သည်။

ယနေ့အချိန်အထိ အလားအလာအရှိဆုံး ပလက်ဖောင်းများမှာ စစ်ရေးမဟာဗျူဟာနှင့် ပြည်နယ်/တိုင်း အဆင့်အုပ်ချုပ်မှုကို ပေါင်းစပ်ညှိနှိုင်းပေးနေသည့် စနစ်များဖြစ်သည်။ ယင်းကောင်စီများသည် အနာဂတ်မြန်မာနိုင်ငံ၏ ဖက်ဒရယ်စနစ်တွင် ပါဝင်မည့် ပြည်နယ်/တိုင်း အဆင့် အဖွဲ့အစည်းအမည်များ၊ အရေအတွက်များစသည့် အငြင်းအခုန်ဖြစ်စရာ နိုင်ငံရေးအစီအစဉ် အသေးစိတ်ထက် စစ်ကောင်စီကို အနိုင်ယူရေး၊ စစ်တပ်၏ ဝိုင်းရံပိတ်ဆို့ခြင်း ခံနေရသော ရပ်ရွာများကို ကူညီရေးစသည့် တူညီဆန္ဒများကိုသာ ပိုမိုအလေးထား ဆောင်ရွက်လျက်ရှိကြသည်။

အဆိုပါ ပလက်ဖောင်းများမှတစ်ဆင့် သမိုင်းကြောင်းတစ်လျှောက် ရန်သူဖြစ်နေခဲ့သော အဖွဲ့များအကြား ယုံကြည်မှုကို တည်ဆောက်ရယူနိုင်မည်ဖြစ်ရာ တိုင်းပြည်အနာဂတ်၏ ပိုမိုခက်ခဲသော ဆွေးနွေးမှုများအတွက် လှုပ်သာရှားသာ အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။

ထိုအခါ တော်လှန်ရေးအုပ်စုများသည် အနာဂတ်ရေရှည် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များကို သတ်မှတ်ပေးမည့် ယေဘုယျအခြေခံမူများကို နောက်တစ်ဆင့်၌ စတင်ဆွေးနွေးလာနိုင်ကြပေမည်။ ငြိမ်းချမ်းသာယာသော မြန်မာနိုင်ငံပေါ်ထွန်းလာရေးကို ပါဝင်ကူညီလိုသည်ဆိုပါက နိုင်ငံတကာ အသိုင်းအဝိုင်းသည် တော်လှန်ရေးအင်အားစုများ၏ အဆိုပါအားထုတ်မှုများအတွက် အကူအညီများ ပိုမိုပေးအပ်ရလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးနိုင်မည့် အခြေအနေများကို NUG သမ္မတက ယခုရက်သတ္တပတ်အတွင်း ပထမဦးဆုံး အကြိမ်ချပြလာသည့် ယခုအချိန်အခါမျိုး၌ ပိုမို ကူညီရမည်ဖြစ်သည်။

စည်းလုံးမှု တိုးတက်လာခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပွားပြီး မကြာမီတိုင်းရင်းသားလူနည်းစုနှင့် ဗမာ ခေါင်းဆောင်များသည် ဆက်လက်ဖြစ်ပေါ်လာသည့် တစ်တိုင်းပြည်လုံး ဆူပူအုံကြွမှုကြီးမှနေ၍ နိုင်ငံ၏ သမိုင်းတစ်လျှောက် သွေးကွဲနေခဲ့သော အသိုင်းအဝန်းများအကြား ယုံကြည်မှု ခိုင်မာအားကောင်းလာ အောင် ဆောင်ရွက်နိုင်မည့် အလားအလာများကို တွေ့မြင်ခဲ့ကြသည်။ “နှစ် ၇၀ ကျော်လာပြီဖြစ်သော တော်လှန်ရေး ကာလတစ်လျှောက် ဤမျှ ကြီးမားသည့်အခွင့်အရေးကို မတွေ့မြင်ဖူးသေးပါ။

စစ်အာဏာရှင်စနစ်မှ လွတ်မြောက်နိုင်ရေး ကျွန်တော်တို့အားလုံး ညီညွတ်ကြပါစို့” ဟု ၁၉၄၀ပြည့်လွန် နှောင်းပိုင်းနှစ်များကတည်းက စစ်တပ်ကို တော်လှန်တိုက်ခိုက်နေခဲ့သော ထင်ရှားသည့် ကရင်တိုင်းရင်းသာအဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဘောကျော်ဟေး၏ အိတ်ဖွင့်ပေးစာတစ်စောင်တွင် ရေးသားဖော်ပြထားသည်။

အစောပိုင်းဆူပူမှုများသည် အထိန်းသိမ်းခံ ခေါင်းဆောင်များအား ပြန်လွှတ်ပေးရေး၊ အာဏာမသိမ်းမီက စနစ်သို့ပြန်သွားရေး ဟူသောအချက်များကို ဦးတည်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းရေးပဋိပက္ခကို ဖြေရှင်းနိုင်ရေး နိုင်ငံရေးစနစ်တစ်ခုလုံး ပြောင်းလဲပစ်ရန်အတွက်ပါ လျင်မြန်စွာ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုလာခဲ့ကြသည်။

ထိုအချိန်မှစတင်၍ နိုင်ငံရေးစနစ်တစ်ခုလုံး ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်ဖြင့် အောက်ပါ အဖွဲ့အစည်းမျိုးစုံနှင့် စေ့စပ်ဆွေးနွေးမှု ပလက်ဖောင်းအဖုံဖုံပေါ်ထွန်းလာခဲ့သည်-

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ။ NUGကို ဖြုတ်ချခံ အာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)မှ လွှတ်တော်အမတ်များဖြင့် အဓိကဖွဲ့စည်းထားပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(ERO) ကိုယ်စားလှယ်များနှင့် ထင်ရှားသည့် တော်လှန်ရေး ခေါင်းဆောင်များလည်း ပါဝင်ကြသည်။ သမ္မတနှင့် ဝန်ကြီးချုပ်ရာထူးနေရာများ၌ တိုင်းရင်သား လူနည်းစုများကို ခန့်အပ်ထားသဖြင့် NUG သည် မြန်မာ့သမိုင်းတွင် ဖွဲ့စည်းဖူးသမျှတွင် မတူကွဲပြားသော အဖွဲ့မျိုးစုံပါဝင်မှု အများဆုံး အုပ်ချုပ်ရေးအဖွဲ့ ဖြစ်လာသည်။ သို့သော် ၎င်းအဖွဲ့သည် NLD ၏ နိုင်ငံရေးရည်မှန်းချက်များနှင့် အလွန်တူညီနေသည်ဟု အချို့က ရှုမြင်ကြသည်။ NUG သည် အဖွဲ့အစည်းတစ်ခုသာဖြစ်သော်လည်း အဖွဲ့၏အရွယ်အစားနှင့် မတူညီသောအဖွဲ့မျိုးစုံပါဝင်မှုတို့ကြောင့် ၎င်းသည် မြန်မာ့အနာဂတ်၏ အရေးအကြီးဆုံးနှင့် အငြင်းပွားစရာ အရှိဆုံး ဆွေးနွေးပွဲအများအပြားကို လက်ခံကျင်းပနိုင်လျက်ရှိသည်။

NUGမဟာမိတ်ကော်မတီ ။ တိုင်းရင်းသား နိုင်ငံရေးအင်အားစုများနှင့် ပိုမိုချိတ်ဆက်ပူးပေါင်းရန် လိုအပ်သဖြင့် NUG သည် ပင်မလုပ်ငန်းအဖြစ် ERO များနှင့် ချိတ်ဆက်ရေးအပြင် တော်လှန်ရေး အုပ်စုများအကြား မဟာမိတ်ပြုရေးကို တိုးချဲ့ဆောင်ရွက်မည့် မဟာမိတ်ကော်မတီကို ဖွဲ့စည်းခဲ့သည်။ မဟာမိတ်ကော်မတီသည် ERO များ၊ အထူးသဖြင့် ရက္ခိုင့်တပ်မတော်(AA) ကဲ့သို့ မဟာမိတ်မပြုထားသော အုပ်စုများ၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှ ERO များ၊ အခြားတိုင်းရင်းသား လူနည်းစု နိုင်ငံရေးအင်အားစုများနှင့်ဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ မြောက်ပိုင်း ERO အဖွဲ့၊ AA တို့နှင့် ဆက်သွယ်မှုများကို NUG က ပုံမှန်ဆောင်ရွက်လာနိုင်ခြင်းက အဆိုပါအားထုတ်ကြိုးပမ်းမှုများမှာ အထိုက်အလျောက် ထိရောက်မှုရှိကြောင်း သက်သေထူလျက်ရှိသည်။ အများပြည်သူ၏ အာရုံစိုက်ခံရမှု မရှိသလောက်ဖြစ်သော်လည်း မဟာမိတ်ကော်မတီသည် တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် NUG တို့အကြား ချိတ်ဆက်ပူးပေါင်းမှုအတွက် အရေးအကြီးဆုံး ပလက်ဖောင်းတစ်ခုပင် ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ။ NUCC တွင် NUG ကိုယ်စားလှယ်များ၊ ဖြုတ်ချခံခဲ့ရသော ရွေးကောက်ခံဥပဒေပြု လွှတ်တော်အမတ်များ၊ လူ့အခွင့်အရေးနှင့် အရပ်ဖက်အဖွဲ့ များ၊ အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုနှင့် တက်ကြွလှုပ်ရှားသူကွန်ရက်များ၊ တိုင်းရင်းသားလူနည်းစု နိုင်ငံရေးပါတီများနှင့် ERO များပါဝင်ကြသည်။ NUCC၏ တာဝန်မှာ ကြားကာလ မြန်မာနိုင်ငံနှင့် ပဋိပက္ခအပြီး မြန်မာနိုင်ငံတို့အတွက် မူဝါဒနှင့် အုပ်ချုပ်ရေးမူဘောင်များ ရေးဆွဲသတ်မှတ်ပေးရန် ဖြစ်သည်။ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်နှေးကွေးခြင်း၊ တရားဝင်မှု မသေချာမရေရာခြင်း၊ အဓိက အဖွဲ့ဝင်များအကြား ယုံကြည်မှုမရှိခြင်း၊ အင်အားကြီးသော အုပ်စုများမပါဝင်ခြင်းစသည့် စိန်ခေါ်မှုများက NUCC ၏လုပ်ငန်းများကို ဟန့်တားနှောင့်ယှက်လျက်ရှိသည်။ သို့သော် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ၏ နိုင်ငံရေးမျှော်မှန်းချက်အတွက် ဆောင်ရွက်နေသော အဓိက ပလက်ဖောင်းတစ်ခုဖြစ်သဖြင့် NUCC သည် အဆုံးရှုံးမခံနိုင်လောက်အောင် အရေးပါလျက်ရှိသည်။

စစ်ရေးပေါင်းစပ်ညှိနှိုင်းမှုပလက်ဖောင်းများ ။ သမိုင်းတစ်လျှောက် စိတ်ဝမ်းကွဲနေခဲ့သော အုပ်စုများအား စစ်ကောင်စီကို အနိုင်ယူရေးဟူသည့် ဘုံရည်မှန်းချက်ဖြင့် စုစည်းပေးထားသော စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (Central Command and Coordination Committee(C3C)) နှင့် ပူးတွဲစစ်ရေးအဖွဲ့ (Joint Command and Coordination (J2C)) ဟု အမည်ရသည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု အဓိက ပလက်ဖောင်းနှစ်ခုကို NUG နှင့် ၎င်း၏မဟာမိတ် ERO များကဖွဲ့စည်းခဲ့သည်။ C3C တွင် NUG၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့ ပါဝင်သည်။ J2C သည် NUG နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ပါဝင်သော ပူးတွဲကော်မတီ ဖြစ်သည်။ NUG သည် မြောက်ပိုင်းရှိ အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ဆက်ဆံရေးကို တိုးမြှင့်၍ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းအတွင်း ၎င်းတို့ကို ထည့်သွင်းနိုင်ပါက အဆုံးအဖြတ်ပေးမည့် စစ်ရေးချိန်ခွင်လျှာသည် တော်လှန်ရေးအင်အားစုများဖက်သို့ ရောက်ရှိလာမည် ဖြစ်သည်။ ထို့အပြင် အဖွဲ့များအကြား ယုံကြည်မှုပိုမိုနက်ရှိုင်းကြီးမားလာအောင် အထောက်အကူ ပြုစေနိုင်သလို ယင်းမှတစ်ဖန် ပို၍အနှစ်သာရရှိသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ထွန်းလာစေနိုင်မည်လည်း ဖြစ်သည်။

ပြည်နယ်နှင့်ဒေသအဆင့်အုပ်ချုပ်မှုအဖွဲ့များ ။ စစ်ကောင်စီကို တိုက်ခိုက်ရင်း နယ်မြေများ ရရှိလာသည့် တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်နယ်နှင့်ဒေသအဆင့်၌ အုပ်ချုပ်မှုစနစ်အသစ်များ တည်ထောင်လာကြသည်။ ယင်းအဖွဲ့အစည်းများမှာ ပုံသဏ္ဍာန်မျိုးစုံဖြစ်နေသော်လည်း ကရင်နီဒေသရှိ ပြည်နယ် အတိုင်ပင်ခံကောင်စီနှင့် ချင်းဒေသရှိ ကြားကာလ ချင်းအတိုင်ပင်ခံကောင်စီကဲ့သို့ အဖွဲ့များသည် ရှုပ်ထွေးသော အုပ်ချုပ်မှုကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရာ၌ အရပ်သားနှင့် လက်နက်ကိုင်အဖွဲ့ များအပါအဝင် သက်ဆိုင်သူအမျိုးမျိုးအတွက် အရေးပါသောပလက်ဖောင်းများ ဖြစ်လာကြသည်။ ဆွေးနွေးပွဲများသည် ယုံကြည်မှုတည်ဆောက်ရန်အပြင် အနာဂတ်စံပြ ဖက်ဒရယ်အုပ်ချုပ်ရေး၏ ဗဟိုချုပ်ကိုင်မှုမရှိသော စနစ်အတွက် စမ်းသပ်ဆောင်ရွက်ရန် အခွင့်အလမ်းများပင် ဖြစ်သည်။

ပန်းတိုင်သည် ညီညွတ်ရေးမဟုတ်

ဤနောက်ခံအခြေအနေများ၌ စည်းလုံးညီညွတ်ရေးသည် လက်တွေ့မကျသလို အကောင်းဆုံး ရည်မှန်းချက်လည်း မဟုတ်ပေ။ မြန်မာနိုင်ငံ၌ USIP အကူအညီဖြင့် ဆောင်ရွက်ခဲ့သော သုတေသန တစ်ခုအရ “စည်းလုံးညီညွတ်မှု” ဟူသောစကားရပ်၏ အဓိပ္ပာယ်မှာ လက်တွေ့အားဖြင့် မည်သူမည်ဝါ ဟူသည့် သတ်မှတ်ချက်ကိုဖြိုချ၍ မတူကွဲပြားမှုများကို ဖျောက်ဖျက်ပစ်ရန် သွယ်ဝိုက်ရည်ရွယ်သည်ဟု ပင် ကဲ့ရဲ့ပြစ်တင်ခံနေရကြောင်း တွေ့ရှိရသည်။

သမိုင်းအစဉ်အလာအရ မြန်မာနိုင်ငံအလယ်ပိုင်းမှ ဗမာအာဏာပိုင်များသည် အထက်အောက် ထိန်းချုပ်မှုကို ကိုယ်စားပြုနိုင်ရေးအတွက် စည်းလုံးညီညွတ်ကြရန် ဆော်ဩလေ့ရှိသလို ဂိုဏ်းဂဏ ကွဲပြားမှု များပြားနေသော နိုင်ငံတွင် ဗမာစစ်တပ်ကြောင့် တစ်စုတစ်စည်းတည်း ညီညွတ်လာရသည် ဟူသော ဒဏ္ဍာရီကို နိုင်ငံရေး၌ စစ်တပ်၏ လွှမ်းမိုးခြယ်လှယ်မှုအတွက် အကြောင်းပြချက်အဖြစ် အစဉ်အဆက် အသုံးချခဲ့ကြသည်။ သို့ဖြစ်၍ အမျိုးသားစည်းလုံးညီညွတ်ရေး ဆိုသည်ကို ဗမာကြီးစိုးမှု လက်အောက်သို့ အတင်းအကြပ် သွတ်သွင်းခြင်းဟူ၍သာ တိုင်းရင်းသားလူနည်းစုများက သဘောပေါက် နားလည်လျက်ရှိသည်။

ဤတော်လှန်ရေး၌ မတူကွဲပြားသော အကျုံးဝင်သက်ဆိုင်သူမျိုးစုံ ပါဝင်နေသည့်အချက်မှာ တော်လှန်ရေးကြံ့ကြံ့ခံနိုင်မှု၏ သော့ချက်ဖြစ်ကြောင်း သုတေသီများနှင့် တွေ့ဆုံမေးမြန်းခဲ့သူများက အလေးအနက်ပြောဆိုသည်။

“စစ်တပ်ကို အနိုင်တိုက်နိုင်အောင် စည်းလုံးညီညွတ်ဖို့ လိုတယ်ဆိုတာ အသုံးမဝင်တော့တဲ့ ရှေးစကား ဖြစ်သွားပြီ” ဟု တစ်ဦးကထောက်ပြသည်။ ထိုသို့ စည်းလုံးညီညွတ်ကြမည့်အစား တော်လှန်ရေး ခေါင်းဆောင်များအနေဖြင့် တိုင်းရင်းသား မျိုးနွယ်တစ်ခုချင်းစီသည် မိမိကိုယ်ပိုင်သမိုင်းကြောင်းနှင့် ကိုယ်ပိုင်တန်ဖိုးအသီးသီး ကိုယ်စီကိုငှ ရှိနေကြောင်း အသိအမှတ်ပြုလက်ခံရလိမ့်မည်ဟု တွေ့ဆုံ မေးမြန်းခဲ့သူ အဆိုပါအမျိုးသမီးနှင့် အခြားပုဂ္ဂိုလ်များက ဆိုသည်။ လိုအပ်နေသည့်အရာမှာ အကြွင်းမဲ့ စည်းလုံးညီညွတ်ရေး မဟုတ်ဘဲ ဒီမိုကရေစီစနစ်တစ်ခုအတွက် အခြေခံကျကျ စိန်ခေါ်မှုဖြစ်သော မတူကွဲပြားမှုများကို ကိုယ်တွယ်စီမံမည့် တရားမျှတသော စနစ်တစ်ခုသာဖြစ်ကြောင်း သူက ပြောကြားသည်။

သို့ဖြစ်၍ နာမည်ပျက်နေသော စည်းလုံးညီညွတ်မှု ဝေါဟာရထောင်ချောက်ထဲ၌ ချောင်ပိတ်မိနေမည့်အစား စစ်ကောင်စီ ဆန့်ကျင်ရေးအုပ်စုများသည် စစ်ရေးနှင့် အုပ်ချုပ်ရေး ပေါင်းစပ်ညှိနှိုင်းမှုများမှ တစ်ဆင့် ယုံကြည်မှုကို အကောင်းဆုံးတည်ဆောက်ရယူကာ အနာဂတ်ရေရှည် နိုင်ငံရေးဆွေးနွေးပွဲ၏ အခြေခံအုတ်မြစ်ဖြစ်သော ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှုရှိစေမည့် မူဘောင်နှင့် အခြေခံမူများကို ချမှတ်နိုင်ရေး ကြိုးပမ်းသင့်ကြသည်။

အစီအစဉ်တကျ ဆောင်ရွက်မှုနှင့် အကူအညီ

အာဏာသိမ်းစစ်ကောင်စီသည် တည်ငြိမ်ရေးလမ်းကြောင်းကို ပေးအပ်နိုင်ခြင်းမရှိပါ။ ၎င်းတို့တွင် လူထုထောက်ခံမှုလည်း လုံးဝကင်းမဲ့နေသည်။ မြန်မာ့နယ်နိမိတ်၏ လေးပုံတစ်ပုံထက်နည်းသော နယ်မြေများကိုသာ ၎င်းတို့ထိန်းချုပ်ထားနိုင်ပြီး စစ်ရေးအရ အောင်ပွဲခံနိုင်မည့် အလားအလာလည်း မရှိပေ။ တစ်ဖက်တွင်မူ တော်လှန်ရေးအင်အားစုများ၌ စစ်တပ်တွင်မရှိသော အထက်ပါအခြေအနေ အားလုံးနှင့် ပြည့်စုံလျက်ရှိသည်။ တော်လှန်ရေးအင်အားစုများကို ကူညီခြင်းသည် ရိုးရှင်းသော လမ်းကြောင်းတစ်ခု မဟုတ်သော်လည်း ဖြစ်နိုင်ချေရှိသည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်နေသည်။ တော်လှန်ရေးအဖွဲ့များနှင့် ၎င်းတို့၏ထောက်ခံသူများသည် အောက်ပါအတိုင်း အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်နိုင်သည်-

၁။ C3C ၊ J2C နှင့် လက်ရှိ နှစ်ဦးနှစ်ဖက်ပေါင်းစပ်ညှိနှိုင်းမှုများ၌ အကျုံးဝင်နေသော အခြားအဖွဲ့မှ အဖွဲ့ဝင်များပါဝင်သည့် တစ်ခုတည်းသော ပလက်ဖောင်းအောက်၌ စစ်ရေးညှိနှိုင်းမှုများ တိုးမြှင့် ဆောင်ရွက်ရင်း တစ်ပြိုင်တည်းမှာပင် ဒေသအုပ်ချုပ်ရေးနှင့်လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး ကိစ္စများ၌ ပေါင်းစပ်ညှိနှိုင်းမှုများ ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

၂။ တော်လှန်ရေးအုပ်စုအမျိုးမျိုး၊ အထူးသဖြင့် NUCC ၏ အပြင်ဖက်တွင်ရှိနေပြီး ၎င်းတို့၏ အနာဂတ် အလားအလာနှင့် စပ်လျဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၌ ထည့်သွင်းဖော်ပြထားခြင်း မရှိသေးသူများ၏ အဓိကအခြေခံမူများ၊ တန်ဖိုးများနှင့် အကျိုးစီးပွားများအတွက် နှစ်ဖက်ဆွေးနွေးပွဲ အများအပြားကို ကျင်းပရမည် ဖြစ်သည်။

၃။ စစ်ရေးပူးပေါင်းမှုနှင့် အခြားနားလည်မှုများမှ ပေါက်ဖွားလာသည့် ယုံကြည်မှုကို တည်ဆောက် မွေးမြူရင်း တော်လှန်ရေးအုပ်စုများသည် အနာဂတ်စေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဉ်၏ အခြေခံအုတ်မြစ်ဖြစ်သော အခြေခံမူနှင့်တန်ဖိုးများအပေါ် သဘောတူညီမှုရရှိရေး ကြိုးပမ်းရန် လိုအပ်သည်။ FDC အပိုင်း (၁)၌ ဖော်ပြထားသောအခြေခံမူများသည် ဤဆွေးနွေးမှုကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မိမိအပိုင်းကို မိမိတာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။ အထူးကိုယ်စားလှယ်နှင့် သံတမန်များသည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်း၍ တော်လှန်ရေးအဖွဲ့များနှင့် ပုံမှန်တွေ့ဆုံကာ ၎င်းတို့၏ဆွေးနွေးပွဲများကို လူသိရှင်ကြား အားပေး ထောက်ခံသင့်ကြသည်။ အဆိုပါဆွေးနွေးမှု ပလက်ဖောင်များ ရေရှည်တည်တံ့ရေးအပြင် ပုန်းရှောင်နေရပြီး ငွေကြေးအခက်ခဲလည်းဖြစ်နေသည့် အဓိကအဖွဲ့အများအပြား ဆက်လက် ပါဝင်နိုင်ရေးအတွက် ငွေကြေးအကူအညီများကို ၎င်းပလက်ဖောင်းများထံသို့ တိုက်ရိုက်ပေးအပ် သင့်သည်။

အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်သည့် ဂျွန်အဒမ်က “အားလုံးဖောင်ဖျက်ပြီး ဖြစ်ပါတယ်။ လူတွေက မြစ်ရဲ့ဟိုဖက်ကမ်းကို ဖြတ်ကူးပြီးသွားလို့ တံတားကို ဖြုတ်ချလိုက်ကြပြီ” ဟု အမေရိကန် တော်လှန်ရေးနှင့် ပတ်သတ်၍ တစ်ခါကရေးသားခဲ့ဖူးသည်။ အလားတူစွာပင် မြန်မာ့တော်လှန်ရေး၌ နောက်ကြောင်း ပြန်လှည့်စရာအကြောင်း မရှိတော့သလို တော်လှန်ရေးမှတစ်ပါး အခြားတည်ငြိမ်ရေး လမ်းစဟူ၍လည်း ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။

(USIP စာစဥ်ပါ Billy Ford နှင့် Ye Myo Hein တို့၏ “For Myanmar, the Only Path to Stability Runs Through its Web of Resistance Forces” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်)

The post မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့များမှတစ်ဆင့် ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသောလမ်းကြောင်း appeared first on Khit Thit Media.

“ယန်းပဲလက်မှသည် ဆလိုင်းတင်မောင်ဦး အစပြုလို့ သွေးမအေးသင့်သော တော်လှန်ရေး “
By မောင်း

“ကိုယ် တိုက်ခိုက်နိုင်စွမ်းရှိတဲ့ မိစ္ဆာရန်သူမျိုးကို ကိုယ်က အမြဲတိုက်ခိုက်နေရမယ်”

သမိုင်းဝင် ကျောင်းသား လူငယ်တစ်ဦးဖြစ်သော ယန်းပဲလက် (Jan Palach) ရဲ့ နောက်ဆုံး စကားတစ်ခွန်းပါ။ ယန်းပဲလက် ဆိုတာကတော့ ချက်ကိုစလိုဗက်ကီးယား နိုင်ငံသား လူငယ်လေး ဖြစ်ပါတယ်။

သူဟာ ဆိုဗီယက် (ရုရှား)တို့ရဲ့ ကျူးကျော်သိမ်းပိုက်ထားမှုအပေါ် ဆန့်ကျင်တော်လှန်ဖို့အတွက် သွေးအေးလာတဲ့ ချက်နိုင်ငံသားတွေကို အသက်ပေးပြီး လှုံ့ဆော်ခဲ့တဲ့ လူငယ်တစ်ဦးပဲ ဖြစ်ပါတယ်။

၁၉၆၈ ခုနှစ်မှာ ဆိုဗီယက် (ရုရှား)စစ်တပ် ဦးဆောင်တဲ့ ဝါဆောစာချုပ်အဖွဲ့ဝင်တပ်တွေဟာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံကို သိမ်းပိုက်နိုင်ဖို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ကျူးကျော်စစ်ဟာ အလွန်အမင်းမြန်ဆန်ပြီး မျှော်လင့်မထားတဲ့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းမျိုး ဖြစ်တာမို့ ကျူးကျော်သူတွေက အောင်ပွဲဆင်ခဲ့ကြတယ်။ ချက်ကိုစလိုဗက်ကီးယားနိုင်ငံအနေနဲ့ ဒေသတွင်း ဆိုဗီယက်ကို ရန်သူလို့ မထင်ဘဲ ညီအစ်ကိုရင်းသဖွယ် မှတ်ယူခဲ့ကြတာပါ။

အခုလို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်သိမ်းပိုက်ခံရခြင်းကို မဟာသစ္စာဖောက်မှုကြီးလို့ ခံစားနေခဲ့ကြတဲ့ ချက်ကိုစလိုဗက်ကီးယား ပြည်သူတွေက ခါးသီးစွာ အသံတိတ် တော်လှန်တုံ့ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့ အင်အားအလွန်ကြီးတဲ့ ဆိုဗီယက်ရဲ့ စစ်အုပ်ချုပ်ရေး အောက်မှာ ၆လကြာနေထိုင်ခဲ့အပြီးမှာတော့ လူ့အဖွဲ့အစည်းအတွင်းရှိ လူအများစုဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေသစ်ကို မရှောင်လွှဲနိုင်တဲ့ အနေအထားအဖြစ် စတင်လက်သင့်ခံလာကြပြီး စစ်တပ်တစ်ပိုင်း အစိုးရသစ်နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ အစပျိုးလာခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါဟာ လူအားလုံးက ပူးပေါင်းလာကြခြင်းတော့ မဟုတ်ခဲ့ပါဘူး။

သမိုင်းဝင် ကျောင်းသားလူငယ်တစ်ဦးဖြစ်တဲ့ ယန်းပဲလက် (Jan Palach) ကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ စိတ်သဘောထား ပြောင်းလဲသွားကြပုံနဲ့ မိမိနိုင်ငံငယ်ကလေးရဲ့ မျှော်လင့်ချက်ကင်းမဲ့မှုနဲ့ တဖြည်းဖြည်း ဝါးမျိုခံလာရမှုကို လက်မခံနိုင်၊ မခံစားနိုင်အောင် ဖြစ်ခဲ့ရမှုနဲ့အတူ သူရဲ့ ရည်ရွယ်ချက်တွေဟာ နာကျင်ထိခိုက်ဖွယ်ကောင်းလှအောင် ရှင်းလင်းပြတ်သားလာခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဖိနှိပ်ညှင်းဆဲ ခံနေရမှုကို ဆန့်ကျင်တဲ့အနေနဲ့ ကိုယ့်ကိုကိုယ်မီးရှို့ သေကြောင်းကြံစည်ခဲ့တဲ့ ဘုန်းတော်ကြီး သစ်ကွမ်ဒု (Thích Quảng Đức) ရဲ့ လမ်းစဥ်ကို အတုယူလျက် ယန်းပဲလက် (Jan Palach) ဟာ အားအင်ချိနဲ့လာပြီး လေးလံထိုင်းမှိုင်းနေတဲ့ ချက်ကိုစလိုဗက်ကီးယား ပြည်သူတွေကို လှုပ်နှိုးဖို့အတွက် အဆုံးစွန်သော လမ်းကိုလျှောက်လှမ်းခဲ့ပါတယ်။

ဒါကတော့ ရက်စက်စွာ ဖိနှိပ်နေတဲ့ စစ်တပ်တပိုင်း အစိုးရကို ချက်ပြည်သူတွေ ထကြွပုန်ကန် တော်လှန်လာကြစေဖို့အတွက် သူဟာ ချက်နိုင်ငံ ပရက်ဂ်မြို့တော်၏ရဲ့ နှလုံးသည်းပွတ် မြို့လယ်ခေါင်တည့်တည့် ၁၉၆၉ ခုနှစ် ၊ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လည်ခင်းအချိန်အခါမှာ သူ့ရဲ့ကိုယ်ပေါ်ကို ဓာတ်ဆီလောင်းချကာ မီးရှို့ပြပြီး အဆုံးစွန်သော တော်လှန်ခြင်းကို ပြသခဲ့ပါတယ်။ ၎င်းကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြပြီး သုံးရက်ကြာ ဝေဒနာအပြင်းအထန် ခံစားရပြီးနောက် ကွယ်လွန်သွားခဲ့ပါတယ်။

ချက်နိုင်ငံသာမက အရှေ့ဥရောပနိုင်ငံများတွင်ပါ ယခင်မရှိခဲ့ဘူးတဲ့ မိမိကိုယ်ကို မီးရှို့ကာ ဆန္ဒပြမှုအပြီးမှာတော့ ချက်နိုင်ငံသားတွေဟာ ယန်းပဲလက်ကို လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရေးအတွက် စတေးမှုအဖြစ်နဲ့ ရဲ့ဝံ့စွန့်လွှတ် အနစ်နာခံတဲ့ လူသားတစ်ယောက်အဖြစ် ၎င်းကို အမှတ်ရနေကြဆဲပဲ ဖြစ်ပါတယ်။

မိမိတို့ထက် အင်အားကြီးမားလွန်းတဲ့ ရန်သူနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချက်နိုင်ငံသားတွေဟာ အကြောက်တရားနဲ့ ရန်သူကို တော်လှန်ပုန်ကန်ရင်း အချိန်ကြာလာတာနဲ့အမျှ အနည်းငယ် သွေးအေးသွားကာ နိုင်ငံဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာတာကြောင့် ယန်းပဲလက်ဟာ မိမိကိုယ်ကိုမိမိ မီးရှို့ သတ်သေပြခဲ့သည်အထိ ဘ၀နဲ့ အသက်ကိုပေးကာ ချက်ပြည်သူတွေကို လှုပ်နှိုးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ယန်းပဲလက် (Jan Palach) က သူရဲ့ တောင်းဆိုချက်တွေကို စာတစ်စောင်ရေး၍ ချန်ထားရစ်ခဲ့ပြီး၊ ၄င်းရဲ့ တောင်းဆိုချက်တွေကို မဖြည့်ဆည်းပေးပါက ၎င်းကဲ့သို့ အားလုံးလိုက်၍ ကိုယ့်ကိုကိုယ် မီးရှို့သတ်သေကြမည့်အဖွဲ့တစ်ခု ရှိနေကြောင်း စာထဲမှာ ဖော်ပြထားပါတယ်။ ဆေးရုံကုတင်ပေါ်မှာ သေမင်းနဲ့ နပန်းလုံးရင်း သေအံ့မူးမူးဖြစ်နေတဲ့အချိန်မှာ ဆရာဝန်တွေက မည်သည့်ရည်ရွယ်ချက်ကြောင့် ကိုယ့်ကိုကိုယ် မီးရှို့သတ်သေဖို့ ကြိုးစားရတာလဲ လို့ မေးမြန်းမှုအပေါ် ၎င်းက ချက်ကိုစလိုဗက်ကီးယားကို ဆိုဗီယက်တို့ သိမ်းပိုက်ထားမှုကို ဆန့်ကျင်ကြောင်း၊ လွတ်လပ်စွာပြောဆိုခွင့်ကို ပေးအပ်ရမှာဖြစ်ပြီး ကျူးကျော်သိမ်းပိုက်ထားသူတွေရဲ့ ဖိနိုပ်အုပ်ချုပ်မှုတွေကို အဆုံးသတ်ဖျက်သိမ်းပေးဖို့ တောင်းဆိုကြောင်း၊ ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြောဆိုသွားခဲ့တဲ့ Jan Palach ရဲ့ လုပ်ရပ်ကို (ထိုစဉ်က) ချက်ကိုစလိုဗက်ကီးယားတစ်နိုင်ငံလုံးက ရင်နင့်စွာခံစားခဲ့ရသလို ထိတ်လန့်တုန်လှုပ်ခြင်းကြီးစွာ ဖြစ်ခဲ့ကြရပါတယ်။

သူ့ရဲ့စာထဲမှာပါတဲ့ အုပ်စုလိုက် သတ်သေမဲ့သူများရှိကြောင်း ခြိမ်းခြောက်ရေးသားချက်မှာ မဟုတ်မှန်သော်လည်း ချက်ကိုစလိုဗက်ကီးယားနှင့် ပိုလန်နိုင်ငံတို့မှ အမျိုးသား အများအပြားဟာ နောက်ပိုင်းနှစ်တွေမှာ ၎င်းကဲ့သို့ မီးရှို့၍ သေကြောင်းကြံ ကန့်ကွက်မှုများ ပြုလုပ်လာခဲ့ကြတာ တွေ့ရပါတယ်။

ထိုစဉ်ကတည်းက မိမိ အနိုင်မရနိုင်တဲ့ ရန်သူနှင့် ရင်ဆိုင်တွေ့ကြုံရတဲ့အခါ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် မိမိအသက်ကိုစတေးရန် ထိုက်တန်သလား ဆိုတဲ့ မေးခွန်းက ချက်သမ္မတ နိုင်ငံငယ်လေးအတွင်း ယန်းပဲလက် (Jan Palach) ကို အကြောင်းပြုဆက်နွယ်ကာ ဆက်လက် ပြောစမှတ် ပြုနေကြဆဲပဲ ဖြစ်ပါတယ်။ အစိုးရတွေပြောင်းသွားခဲ့တယ်။ လူထုအမြင်များလည်း ပြောင်းလဲနေဆဲဖြစ်တယ်။ ဒါပေမဲ့ ယန်းပဲလက် (Jan Palach) ရဲ့ ကိုယ့်ကိုကိုယ် မီးရှို့စတေးခဲ့မှုအပေါ် သွေးအေးသွားခြင်း၊ မေ့ပျောက်သွားခြင်း၊ မသိကျိုးကျွံ့ပြုလိုက်ခြင်းများ ချက်ပြည်သူများအကြား လုံးလုံးလျားလျား ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။

ကံအကြောင်းမလှစွာပဲ ချက်ကိုစလိုဗက်ကီးယားနိုင်ငံဟာ ၁၉၈၉ ခုနှစ် အထိတိုင်အောင် ဆိုဗီယက်ရဲ့ သိမ်းပိုက်ခံနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။

သေချာတာကတော့ မိမိထက် အင်အားအဆမတန်ကြီးမားတဲ့ ရန်သူကို မိမိရဲ့ အသက်ကို စတေးပြီး တော်လှန်သွားခဲ့တဲ့ ယန်းပဲလက် ရဲ့ အဆုံးစွန်ထိသော တော်လှန်ရေးစိတ်ဓတ် မျိုးစေ့ဟာ ချက်နိုင်ငံသားတွေဆီမှာ သံမှိုစွဲကပ်ထားခဲ့သလို ကျန်ရှိနေမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် သူ့နှုတ်က ထွက်ကျလာသော နောက်ဆုံးဝါကျတစ်ကြောင်းက မျှော်လင့်ချက်ထားရှိရေးနဲ့ အောင်ပွဲခံနိုင်မဲ့ အလားအလာအမြင်များကို ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။ သူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ ဆရာဝန်က အသံဖမ်းစက်နဲ့ ဖမ်းယူထားတဲ့ ကျေးဇူးကြောင့် ခပ်တိုးတိုးမှာကြားသွားတဲ့ ယန်းပဲလက် (Jan Palach) ရဲ့ စကားသံကို ယနေ့တိုင် ကြားခွင့်သာနေဆဲ ဖြစ်ပါတယ်။

“ကိုယ်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ မိစ္ဆာရန်သူမျိုးကို ကိုယ်က အမြဲတိုက်ခိုက်နေရမယ်”

ဒါတွေက သမိုင်းမှာ ဘယ်လိုမှ ဖျောက်ဖျက်လို့မရတဲ့ အရာတွေဖြစ်ပြီး လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပုံစံနဲ့ အလားသဏ္ဍာန် တူညီမှုလေးတွေလည်း ရှိနေပါတယ်။

အာဏာရှင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ၂ နှစ်ကျော် ကြာမြင့်လာချိန်၊ အညာဒေသနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်မီးများ လောင်ကျွမ်းနေပေမယ့် မြို့ကြီးတွေမှာတော့ ပုံမှန်နီးပါး လည်ပတ် လှုပ်ရှားလျှက် ရှိလာတာ တွေ့ရပါတယ်။

ဒါဟာ စစ်တပ်ရဲ့ မတရား အုပ်ချုပ်မှုအောက်မှာ နေသားကျသွားပြီလားဆိုတဲ့ စိုးရိမ်စိတ်ကို ဖြစ်စေပါတယ်။

မြန်မာ့သမိုင်းမှာလည်း တချိန်က ထိုနည်းတူစွာ ကြုံခဲ့ဖူးတာတွေလည်းရှိပါတယ်။ ၁၉၆၂ နဲ့ ၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်ပါတီအာဏာရှင်နဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ပြည်သူတွေဟာ အခက်အခဲပေါင်းများစွာကြားမှာ နှစ်ပေါင်းများစွာနေထိုင်ရင်း ဖြတ်သန်းခဲ့ရပါတယ်။

အဲ့ဒီ့အချိန်ကာလမျိူးတွေမှာတောင် မြန်မာ့သမိုင်းမှာ ချက်နိုင်ငံသား ယန်းပဲလက်လို ကျောင်းသားလူငယ်မျိူးတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ထိုလူငယ်တွေထဲက တဦးကတော့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့လို့ ဖမ်းဆီးခံရပြီး ၁၉၇၆ ခုနှစ် ဇွန်လမှာ ထောင်အတွင်း မတရားကြိုးပေး သတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးပဲ ဖြစ်ပါတယ်။

“မင်းတို့ ငါ့ခန္ဒာကိုယ်သာ သတ်လို့ရမယ်၊ ငါ့ရဲ့ယုံကြည်ချက်နှင့် ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့ရမယ် မဟုတ်ဘူး၊ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး”

ဒီစကားလုံးတွေကတော့တော့ ကြိုးပေးအသတ်မခံရမီ “အာဏာရှင်ကို လုံး၀ဒူးမထောက်ဘူး” ဆိုတဲ့ သတင်းစကားကို ကျောင်းသားလူငယ် ဆလိုင်းတင်မောင်ဦး ရဲ့ရင့်စွာ ပြောကြားခဲ့တာပါ။

လက်ရှိမှာလည်း အာဏာရှင်ရဲ့ ဖမ်းဆီးနိုပ်စက် သတ်ဖြတ်မှုတွေကြောင့် ဖမ်းဆီးခံနေရတဲ့၊ မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ နွေဦးတော်လှန်ရေးက သူရဲကောင်းများစွာ ဆလိုင်းတင်မောင်ဦးပေါင်း များစွာရှိနေပါသေးတယ်။

သူတို့တတွေရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် အောင်ပွဲကတော့ အလှမ်းဝေးနေဆဲပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အင်အားကြီးမားလွန်းတဲ့ တိုင်းတပါးသား စစ်အာဏာရှင်ကို ယန်းပဲလက်ရဲ့ အသက်ကို စတေးပြီး အဆုံးစွန် ဆန့်ကျင်ခဲ့မှုမှသည် အာဏာရှင်ကို နောက်ဆုံးအချိန်ထိ ဒူးမထောက် လက်မမြှောက်ဘူး ဆိုတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ ဘာမထီဟန် သမိုင်းဝင် စကားတို့ကို အစပြုလို့ သူရဲကောင်းအသီးသီးတို့ရဲ့ သွေးချွေး ပေးဆပ်မှုတွေဟာ၊ တချိန်မှာတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်သည်ထိ၊ လုံးဝကျရှုံးသွားစေသည်အထိ ရောက်အောင် ပို့ဆောင်ပေမဲ့ တော်လှန်ရေး မျိုးစေ့တွေ ဖြစ်လာမည် ဆိုတာကတော့ အသေအချာပင်။

အချုပ်အားဖြင့် ခေတ်အဆက်ဆက် မပြီးပြတ်သေးတဲ့ စစ်အာဏာရှင်ဖြုတ်ချရေး ကြိုးပမ်းမှုတလျောက် လက်ရှိနွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရောက်ရှိနေတယ်လို့ ဆိုရင် မမှားပါဘူး။ ဒါကြောင့်မို့လည်း စစ်အာဏာရှင်ကို အမြစ်ပြတ် ဖြုတ်ချနိုင်ရေးအတွက် အာဏာရှင်တွေကို သတ္တိရှိရှိ အဆုံးစွန်ထိ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ သုရဲကောင်းများနဲ့ လက်ရှိမှာလည်း ရွပ်ရွပ်ချွန်ချွန် ဆက်လက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းများကို ဂုဏ်ပြုလျက် နွေဦးတော်လှန်ရေး အစပိုင်းမှာ လူတွေရဲ့ ပါးစပ်ဖျားမှာ ခွန်အားအပြည့်နဲ့ သီဆိုခဲ့တဲ့ “အလိုမရှိ” သီချင်းလေးနဲ့ ဂုဏ်ပြုရင်း အခုဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။ !!!!! စစ်အာဏာရှင်ကို အဆုံးထိ တော်လှန်ကြ … အမြစ်ပြတ် ချေမှုန်းကြ ……

“အနိုင်မရခင် သွေးတွေရဲ့နေမှ ….. ”
“အမှန်တရားအတွက် ရဲရင့်ဖို့လိုပြီ ….. “
“အမှန်တရားကို ရရင်ရ၊ ပြန်မရရင် အဆုံးထိ သွားမှာပါ” …….

The post “ယန်းပဲလက်မှသည် ဆလိုင်းတင်မောင်ဦး အစပြုလို့ သွေးမအေးသင့်သော တော်လှန်ရေး “ appeared first on Khit Thit Media.

မြန်မာ့အရေး လက်သံပြင်းဖို့ အချိန်တန်ပြီ
By Justyna Gudzowska and Yadanar Maung

စစ်ကောင်စီ၏ အကြမ်းဖက်မှုများ တိုးမြင့်လာသည်နှင့်အမျှ အမေရိကန်ပြည်ထောင်စုနှင့် သဘောထား တူညီသော မိတ်ဖက်နိုင်ငံများအနေဖြင့် ပိုမိုပြင်းထန်သော ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ဆောင်ရွက်ရန် လိုအပ်လာနေပြီဖြစ်သည်။

ယခုရက်သတ္တပတ်အတွင်း ဘာလီအပန်းဖြေကျွန်း၌ ဂျီ-၂၀ ခေါင်းဆောင်များ တွေ့ဆုံသည့်အခါ ယူကရိန်း စစ်ပွဲအကြောင်းအရာသည် စကားဝိုင်းများကို လွှမ်းမိုးနေမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ သို့သော် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဘာလီနှင့်ပိုနီးသော အခြားပဋိပက္ခတစ်ခုဖြစ်သည့် မြန်မာ့အရေးကို ကိုင်တွယ်ရန်လည်း ဂျီ-၂၀တွေ့ဆုံပွဲကို အသုံးပြုသင့်သည်။ အဆိုပါပဋိပက္ခ၌ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအပါအဝင် အကြမ်းဖက်ဖိနှိပ်မှုများ ပြုလုပ်နေသော တရားမဝင် စစ်ကောင်စီကို မြန်မာပြည်သူများက ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်လျက် ရှိသည်။

ယနေ့အထိ အမေရိကန်ပြည်ထောင်စုသည် မြန်မာ့အရေးတွင် မပြတ်မသား ချဉ်းကပ်မှုကိုသာ ကျင့်သုံးနေသည်။ ယခု အလည်အပတ်ခရီးစဉ်တွင် အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာ မဟာမိတ်များသည် အကြမ်းဖက်မှုများအတွက် တာဝန်ရှိပြီး အကျင့်ပျက်ခြစား၍ ပြစ်မှုကျူးလွန်ထားသော စစ်ကောင်စီကို ဖိအားပေးရန် ရည်ရွယ်သည့် ဘဏ္ဍာရေးကဏ္ဍ အရေးယူမှု အသစ်များချမှတ်၍ မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှုကို ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ပြသရန် အကောင်းဆုံးအချိန်အခါတစ်ခုပင် ဖြစ်သည်။

အတိဒုက္ခကြီးမားစေခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအာဏာသိမ်းပွဲမှ စတင်၍ ယနေ့အထိ အရပ်သား ၂,၄၀၀ ကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ မြန်မာပြည်သူများအပေါ် ဆင်နွှဲနေသည့် စစ်ကောင်စီ၏ စစ်ပွဲသည် ကျောင်းများနှင့် ကလေးများကိုလည်း အလွတ်မပေးခဲ့ဘဲ မကြာသေးမီက ၎င်းတို့၏ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုအတွင်း ကျောင်းသားငယ် ၁၁ ဦး သေဆုံးခဲ့ရသည်။

ရွေးကောက်ခံ လွှတ်တော်အမတ်များ၊ အရပ်ဖက်အဖွဲ့အစည်းလှုပ်ရှားသူများ၊ သတင်းထောက်များ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၅,၀၀၀ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ယခုအချိန်အထိ လူပေါင်း ၁ သန်းမှာ ပြည်တွင်း၌ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး လူသားချင်းစာနာမှုနှင့် စီးပွားရေးသက်ရောက်မှု အကျိုးဆက်များမှာ အာရှဒေသတစ်ခွင်လုံးအပေါ် ကြီးမားစွာ ဂယက်ရိုက်လျက်ရှိသည်။

စစ်ကောင်စီ၏ အကျင့်ပျက်ခြစားမှု၊ အကြမ်းဖက်မှုနှင့် ကပ်ဆိုက်စေသည့် မူဝါဒများက ကြီးမားသော လူသား၏ဆင်းရဲဒုက္ခနှင့် စီးပွားရေးကဏ္ဍ ပရမ်းပတာအခြေအနေများကို ဖြစ်ပေါ်စေခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့် ဩဇာလွှမ်းမိုးမှုအရှိဆုံး ဒေသဆိုင်ရာအဖွဲ့ဖြစ်သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)တို့၏ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုများမှာလည်း စစ်ကောင်စီ၏ အပြုအမူများကို မည်သို့မှ ပြောင်းလဲအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။

ဆန့်ကျင်ဘက်ရလဒ်အဖြစ် ထင်ရှားသော မြန်မာ့ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်ခြင်း၊ ဩစတြေးလျ စီးပွားရေးပညာရှင်နှင့် ယခင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးတို့ကို ထောင်သွင်း အကျဉ်းချခြင်း၊ ရုရှားနှင့် တရုတ်တို့နှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးကို တည်ဆောက်ခြင်းအားဖြင့် ပိတ်ဆို့အရေးယူမှုများကိုရှောင်ရှားရန် အထောက်အကူပြုမည်ဟု လေလုံးထွားနေခြင်း စသည့်လုပ်ရပ် များဖြင့် စစ်ကောင်စီက နိုင်ငံတကာ အသိုင်းအဝိုင်းကို ထိကပါးရိကပါး ပြုလုပ်လာလျက်ရှိသည်။

လာမည့်လများအတွင်း စစ်ကောင်စီသည် အပေါ်ယံ အရေခြုံ တရားဝင်မှုရရှိအောင် စီစဉ်ထားသည့် အတုအယောင်ဖြစ်မည်ဟု မျှော်လင့်ရသော ၂၀၂၃ နှစ်လယ်ရွေးကောက်ပွဲကို ကျင်းပ၍ ၎င်း၏အာဏာကို ခိုင်မြဲအောင် ကြိုးပမ်းလာလိမ့်မည် ဖြစ်သည်။ ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသည့် တော်လှန်ရေးလှုပ်ရှားမှုကြီးက နိုင်ငံတစ်ဝှမ်းမှ လူအပေါင်းကို တစ်စုတစ်စည်းတည်းဖြစ်အောင် စည်းလုံးစေခဲ့သည့် ယနေ့အချိန်တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ယခင်က ၎င်း၏ ထိန်းထိန်းသိမ်းသိမ်း ချဉ်းကပ်မှု နည်းလမ်းအစား ပစ်မှတ်ထား အရေးယူမှုများကို အားကြိုးမာန်တက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။

အရပ်ဖက်အဖွဲ့များ၊ ထင်ရှားသောတက်ကြွလှုပ်ရှားသူများ၊ ကွန်ဂရက်အမတ်များက စစ်ကောင်စီ၏ တစ်ခုတည်းနှင့် အကြီးမားဆုံးသော နိုင်ငံခြားငွေရပေါက်ရလမ်းရှာဖွေပေးရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE) အပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်ရန် အမေရိကန်ပြည်ထောင်စုကို တညီတညွတ်တည်း တောင်းဆိုနေသည်မှာ လအတန် ကြာမြင့်လာခဲ့ပေပြီ။

စစ်ကောင်စီသည် ၎င်း၏ပြည်သူများအပေါ် တိုက်ခိုက်ရန် လက်နက်နှင့် လေယာဉ်ဆီ၊ ရဟတ်ယာဉ်ဆီ စသည်တို့ ဝယ်ယူရန် လိုအပ်သည့် နိုင်ငံခြားငွေရပေါက် ရလမ်းဟူသမျှ ပိုက်စိပ်တိုက်ရှာဖွေရင်း ဘဏ္ဍာရေးကဏ္ဍအပေါ် အခိုင်အမာ ချုပ်ကိုင်နိုင်ရေး အကြပ်ကိုင် ဖိအားပေးသည့် နည်းလမ်းကို ကျင့်သုံးလျက်ရှိသည်။ ဥရောပသမဂ္ဂက MOGE ကို အရေးယူ ပိတ်ဆို့ထားပြီးဖြစ်သော်လည်း အဆိုပါ အရေးယူမှု အမှန်တကယ် ထိရောက်စေရေး အမေရိကန်ဒေါ်လာက အဓိက အရေးပါနေသဖြင့် အမေရိကန်ပြည်ထောင်စုကလည်း အလားတူအရေးယူရန် လိုအပ်လျက်ရှိသည်။

မြန်မာနိုင်ငံမှ သဘာဓာတ်ငွေ့ကို သုံးစွဲနေရသော ထိုင်းနိုင်ငံကို မထိခိုက်စေလိုသောကြောင့် ဝါရှင်တန်အနေဖြင့် စွမ်းအင်ကုမ္ပဏီများအား ပစ်မှတ်ထားအရေးယူမှုကို ရှောင်ရှားကောင်း ရှောင်ရှားလိုမည် ဖြစ်သော်လည်း ယင်းအချက်ထက် စစ်ကောင်စီနှင့် ၎င်းကိုထောက်ခံနေသော နိုင်ငံများ၊ အထူးသဖြင့် တရုတ်နှင့် ရုရှားတို့အား နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို အမှန်တကယ်စိုးရိမ်ကြောင်း သက်သေထူရမည့်အချက်က ပို၍အရေးကြီးနေသည်။ စစ်ကောင်စီကို အကျိုးဖြစ်ထွန်းစေလျက်ရှိသော မြန်မာ့ရေနံဓာတုလုပ်ငန်းကဲ့သို့ အခြားနိုင်ငံပိုင်လုပ်ငန်းများကိုလည်း အလားတူ အရေးယူမှုများ ပြုလုပ်သင့်သည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုသည် မြန်မာ့အကျပ်အတည်းကြောင့် နိုင်ငံရေးနှင့် စီးပွားရေး ကမောက်ကမဖြစ်မှုများမှ ငွေကြေးအကျိုးအမြတ် ဖြစ်ထွန်းရရှိခဲ့သော စီးပွားရေးလုပ်ငန်းများကိုလည်း ပစ်မှတ်ထား၍ ကွန်ရက်အလိုက် အရေးယူမှုများချမှတ်သင့်သည်။ စစ်တပ်နှင့် ကာလတာရှည် ဆက်နွယ်မှုရှိနေသည့် မြန်မာလုပ်ငန်းစုတစ်ခုဖြစ်သော ရွှေဗျိုင်းဖြူသည် ဤအကျိုးဖြစ်ထွန်းသူ အုပ်စုသစ်၏ နမူနာကုမ္ပဏီတစ်ခု ဖြစ်သည်။

မြန်မာ့အကျပ်အတည်းကြောင့် ဆက်သွယ်ရေးလုပ်ငန်း၌ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရအပြီး မကြာသေးမီက ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုပ်သိမ်း၍ အနိုင်ပိုင်း ထွက်ခွာသွားခဲ့သော နော်ဝေကုမ္ပဏီ တယ်လီနော၏ အစုရှယ်ယာအများစုကို စစ်ကောင်စီ၏ ထောက်ခံ အတည်ပြုမှုဖြင့် ရွှေဗျိုင်းဖြူကုမ္ပဏီက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ပိုမိုထိရောက်သော ငွေကြေးကဏ္ဍအရေးယူမှုများဖြင့် တညီတညွတ်တည်း ရင်ဆိုင်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုသည် ၎င်း၏မိတ်ဖက် နိုင်ငံများနှင့် ပိုမိုနီးကပ်စွာပူးပေါင်းလုပ်ကိုင်ရန် လိုအပ်သည်။ ဥရောပသမဂ္ဂ၊ ယူနိုက်တက်ကင်းဒမ်း၊ ကနေဒါ၊ ဩစတြေလျတို့နှင့်အတူ ပေါင်းစပ်ညှိနှိုင်း၍ ကွန်ရက်အလိုက် ပစ်မှတ်ထားအရေးယူမှုများ ပြုလုပ်ကာ စစ်တပ်နှင့် ပတ်သက်နေသော ငွေကြေးများအတွက် နိုင်ငံတကာငွေကြေးစနစ်၏ လမ်းကြောင်းများကို ပိုမိုပိတ်ဆို့နိုင်မည် ဖြစ်သလို ပိတ်ဆို့အရေးယူမှု တည်းဟူသော ဝက်အူကို ခပ်တင်းတင်း ပိုကြပ်နိုင်မည် ဖြစ်သည်။

အရေးယူပိတ်ဆို့မှုများအပြင် ဘိုင်ဒင်အစိုးရသည် စစ်ကောင်စီနှင့် ၎င်း၏ဆက်စပ်အဖွဲ့များနှင့် လက်ကျန် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ပစ်ရန် မိမိမဟာမိတ်များကို တောင်းဆိုသင့်သည်။ ဥပမာ Quad လေးနိုင်ငံ၏အဖွဲ့ဝင်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ဂျီ-၇ အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်သလို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အလှည့်ကျအဖွဲ့ဝင် အသစ်ဖြစ်လာမည့် ဂျပန်နိုင်ငံသည် ဂျပန်အစိုးရပိုင်အဖွဲ့အစည်းများ၏ ရံပုံငွေဖြင့် စစ်တပ်မှ ငှားရမ်းထားသည့် မြေပေါ်တွင် တည်ဆောက်မည့် Y Complex ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကို ယာယီရပ်ဆိုင်းခဲ့သည်။ အဆိုပါစစ်တပ်နှင့် ဆက်ဆံရေးများကို ယာယီရပ်ဆိုင်းရမည် မဟုတ်ဘဲ အပြီးသတ် ဆုံးခန်းတိုင်စေရမည် ဖြစ်သည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအတွက် လက်အိတ်ချွတ်၍ အမှန်တကယ် ထိချက်ပြင်းပြင်း ထိုးသတ်ရန်၊ မြန်မာပြည်တွင်းမှ လူအများအပြား၏ တော်လှန်ရေးလှုပ်ရှားမှုကို ထောက်ခံရန်နှင့် စစ်ကောင်စီကို ကြာရှည်တည်တံ့စေလျက်ရှိသော အကျင့်ပျက်ကွန်ရက်များကို ဖော်ထုတ်ရန်၊ အချိန်ဆိုက်ရောက်လာပြီ ဖြစ်သည်။

ထိုရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် လက်ဆပြင်းသော အရေးယူမှုများကို ရေရှည်အမြင်ဖြင့် ချမှတ်ဆောင်ရွက်ရေးအပြင် အရေးပါသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ အထူးသဖြင့် ကြမ်းကြုတ်မှု သရဖူဆောင်းသည့်ကာလ နောက်ဆုံး နိဂုံးချုပ်သွားသည့်အချိန်၌ ဒီမိုကရေစီ၊ ထာဝရငြိမ်းချမ်းရေး၊ အားလုံးပါဝင်သော တိုးတက်မှုနှင့် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများအတွက် အနှစ်သာရရှိရှိ ပါဝင်ကူညီနိုင်မည့် မြန်မာပြည်သူများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးတို့ကို မဆုတ်မနစ် ကြိုးပမ်းရန် လိုအပ်မည်ဖြစ်သည်။

(The Diplomat မဂ္ဂဇင်းပါ Justyna Gudzowska and Yadanar Maung တို့၏ “It’s Time to Take the Gloves Off on Myanmar” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ Justyna Gudzowska သည် အမေရိကန်အခြေစိုက် The Sentry အဖွဲ့ မှ တရားမဝင် ငွေကြေးမူဝါဒဌာန၏ ညွှန်ကြားရေးမှူးဖြစ်ပြီး မရတနာမောင်သည် Justice For Myanmar အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်)

The post မြန်မာ့အရေး လက်သံပြင်းဖို့ အချိန်တန်ပြီ appeared first on Khit Thit Media.