24.7 C
Yangon
spot_img

CATEGORY

News

တန့်ဆည်-ရေဦး-ခင်ဦး နယ်စပ်ကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်၊ ဈေးဆိုင်နှင့် ကြက်ခြံများကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၂၅ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်-ရေဦးမြိုနယ်-ခင်ဦးမြိုနယ် အစပ်ရှိ ကျေးရွာ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်၊ ဈေးဆိုင်နှင့် ကြက်ခြံများကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရကြောင်း...

ကော့ကရိတ်မြိုနယ်၊ ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲများက တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ၍ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

ရန်ကုန်၊ မတ် ၂၅ ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲများက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ၍ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ ၏ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်...

ရန်ကုန်၊ ထန်းတပင်မြိုနယ်အတွင်း စစ်မှုထမ်းရန် အဓမ္မ လူစုဆောင်းနေသူများကို ထိထိရောက်ရောက် အရေးယူမည်ဟု ပကဖ အဖွဲက ကြေညာ

ရန်ကုန်၊ မတ် ၂၅ ရန်ကုန်မြို၊ ထန်းတပင်မြိုနယ်တွင် ပြည်သူ့ဘဝ လုံခြုံရေးကို ခြိမ်းခြောက်ကာ စစ်မှုထမ်းရန်အတွက် အဓမ္မ လူစုဆောင်းနေသူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ထန်းတပင်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။ အကြမ်းဖက် စစ်တပ်သည် စစ်သား စုဆောင်းရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးဌာနနှင့်...

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်များကို AA က တိုက်ခိုက်နေပြီး စစ်တပ်က Mi35နှင့်တိုက်လေယာဉ်များအသုံးပြု ဗုံးကျဲနေ

ရန်ကုန်| မတ် ၂၅ ရခိုင်ပြည် အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယမန်နေ့ မတ်လ ၂၄ ရက်နေ့က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။တိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းကို AA မှ ကြားဖြတ်တိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ အကျဆုံးရှိခဲ့ကြောင်း AA နှင့်...

ရေတာရှည်မြိုနယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ မတ် ၂၅ ပဲခူးတိုင်း၊ ရေတာရှည်မြိုနယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။ မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်က...

တီးတိန်းမြို့ပေါ်တွင် စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သားများ စုဆောင်းနေသည့် ဌာန ဆိုင်ရာ ဝန်ထမ်း ၅ ဦးကို PDF Zoland တပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်၊ မတ် ၂၅ ချင်းပြည်နယ်၊ တီးတိန်းမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီအတွက် အတင်းဓမ္မစစ်မှုထမ်းစေခိုင်း ရန် လူသစ်စုဆောင်းနေသည့် ဌာနဆိုင်ရာ ဝန်ထမ်း ၅ ဦးကို ဖမ်းဆီးထားကြောင်း PDF Zoland တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ မတ်လ ၂၅ ရက်နေ့တွင် တီးတိန်မြို့ပေါ်ရှိ...

ပုလဲမြို့နယ်အတွင်း စစ်မှုထမ်းရန် မဲပေါက်၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများကို ပုလဲ ပကဖ အဖွဲ့က ထောက်ပံ့လှူဒါန်း

ရန်ကုန်၊မတ်၂၅ ပုလဲမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းရန် မဲပေါက်ခဲ့ခြင်းကြောင့် အကြမ်းဖက်စစ်တပ် ထိန်းချုပ် နယ်မြေမှ ထွက်ပြေးတိမ်းရှောင်လာသည့် မိသားစု တစ်စုကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံက သွားရောက်တွေ့ဆုံကာ ငွေကျပ် ၅၀၀၀၀၊ အဝတ်အစားများ၊ပုဆိုး၊ထမိန်၊ခြင်ထောင်များ သွားရောက် ထောက်ပံ့ ပေးခဲ့ပြီး အားပေးစကားများ ပြောကြားပေးခဲ့ကြောင်း သိရသည်။ ထို့ပြင်ပုလဲမြို့နယ်အတွင်းသို့ လာရောက်ခိုလှုံကြမည့်...

မချမ်းဘောမြို့နယ်ရှိ ခမရ ၄၂၆ တပ်က အထိုင်ချထားသော အလန်ဂါတပ်စခန်းကို စစ်သားများအားလုံး စွန့်ခွာ ထွက်ပြေး

ရန်ကုန်၊ မတ် ၂၅ ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်ရှိ ခမရ ၄၂၆ တပ်က အထိုင်ချထားသော အလန်ဂါတပ်စခန်းကို စစ်သားများအားလုံး စွန့်ခွာ ထွက်ပြေးသွားကြောင်း KIA မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၂၄ ရက်နေ့ တွင် ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ နောင်မွန်လမ်းပေါ် ရှိ အလန်ဂါ စစ်ကောင်စီတပ်စခန်းမှ...

မတ္တရာနှင့် ကျောက်ပန်းတောင်းတွင် စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၂၅ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည့် လက်နက်ကိုင် အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကောင်းကင်တော်လှန်ရေး အင်အားစု - The Sky Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့...

မန္တလေးမြို့ပေါ်တွင် အတင်းအဓမ္မ စစ်သား စုဆောင်းပေးနေသူများနှင့် အုပ်ချုပ်ရေးမှူးများကို ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ပြီး ဒဏ်ခတ်စီရင်မှု မလွဲမသွေခံရမည်ဟု မန္တလေး လူထုတိုက်ပွဲ အင်အားစုများက ကြေညာ

ရန်ကုန်၊ မတ် ၂၅ မန္တလေးမြို့ပေါ် အပါအဝင် အကြမ်းဖက် စစ်ကောင်စီထိန်းချုပ်ထားရာနေရာများအတွင်း၌ အတင်း အဓမ္မ စစ်သားစုဆောင်းပေးနေသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အပါအဝင် လူ ပုဂ္ဂိုလ်အဖွဲ့အစည်းများကို ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ပြီး ဒဏ်ခတ်စီရင်မှု မလွဲမသွေခံရမည်ဟု မန္တလေး လူထုတိုက်ပွဲအင်အားစုများက မတ်လ ၂၄ ရက်နေ့တွက်...

Latest news

- Advertisement -spot_img