31 C
Yangon
spot_img

CATEGORY

News

စစ်တပ်၏ ဖာပွန် ဗျူဟာစခန်းကို တော်လှန်ရေးတပ်များက ၅ ရက်ဆက်တိုက် အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲ ပြင်းထန်နေ၊ စစ်တပ်က လေယာဉ်ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ အကြမ်းဖက်စစ်တပ်၏ ဖာပွန် ဗျူဟာစခန်းတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံနေကြောင်း နဂါးနက်စစ်ကြောင်းမှူး ဗိုလ်တက်တူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၄...

ကြံ့ဖွတ်ပါတီက ယမန်နေ့ မဲရုံပိတ်ခါနီး ညနေ ၄ နာရီဝန်းကျင်အချိန်အထိ ပြည်သူများကို တစ်ဦးလျှင် ငွေကျပ်သောင်းချီ ပေး၍ လိုက်ခေါ်ကာ ခြင်္သေ့ကို မဲထည့်ခိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ အကြမ်းဖက်စစ်တပ်က ကျောထောက်နောက်ခံပေးထားသော ကြံ့ဖွတ်ပါတီက ယမန်နေ့ ရွေး ကောက်ပွဲနေ့တွင် ပြည်သူများကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းပေး၍ မဲရုံအထိ ခေါ်ဆောင်ကာ ကြံ့ဖွတ်ပါတီကို မဲပေးခိုင်းမှုများ ဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်၊ လားရှိုး၊ နောင်ချို၊ ချောက်မြို့နယ်နှင့်မော်လမြိုင်မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မြောင်၊ ရွှေဘိုနှင့် မြင်းခြံ မြို့နယ်တွင် စစ်တပ် ရွေးကောက်ပွဲ ပြုလုပ်သော နေရာများနှင့် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းတွင် ပြည်သူများကို ဖမ်းဆီးပြီး မိသားစုဝင်များကို ဖိအားပေးမဲပေးခိုင်းနေသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားများထိခိုက်သေဆုံးမှုရှိကြောင်း T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်တိုက်ဂါး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြောင်မြို့မရဲစခန်း၌ ပြည်သူ ၃၀...

သိမ်ဇရပ်တွင် ရွေးကောက်ပွဲအတွက် လုံခြုံရေးပေးရန် ထွက်လာသော ၂၀၇ တပ်ရင်းမှ စစ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြင်းခြံတွင်လည်း ပျူစောထီး ၃ ဦးကို အရှင်ဖမ်းမိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့တွင် ရွေးကောက်ပွဲလုံခြုံရေးပေးရန် ထွက်လာသော ၂၀၇ တပ်ရင်းမှ စစ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင် ပကဖ ခရိုင်တာဝန်ခံ ဖြိုးမောင် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို့သည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျိုက်ထိုက်မြို့နယ်၊ သိမ်ဇရပ်မြို့တွင် အကြမ်းဖက် စစ်တပ်က...

မကွေးတိုင်းအတွင်းရှိ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၆ ခုရှိ စစ်စခန်း အားလုံးကို PDF တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကပစ ၂၁ ၊ ကပစ ၂၂ နှင့် ကပစ ၂၄ တို့ကို သွယ်တန်းထားသော မီးတိုင်း...

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ မကွေးတိုင်းအတွင်းရှိ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၆ ခုရှိ အကြမ်းဖက် စစ်တပ် စစ်စခန်း အားလုံးကို PDF တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကပစ ၂၁ ၊ ကပစ ၂၂ နှင့် ကပစ...

ဘုတလင်မြို့ပေါ်ရှိ စစ်တပ် အထိုင်စခန်း ၄ နေရာကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်း ၄ နေရာကို ဝင်ရောက် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း Rocket Fighter အဖွဲ့မှ ကိုလပြည့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့...

သံတောင်ကြီးမြို့နယ်ရှိ စစ်တပ်(ကြည်း) တိုက်ခိုက်ရေး သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်(ကြည်း) တိုက်ခိုက်ရေး သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

လယ်ဝေးနှင့် ရေတာရှည်မြို့နယ်တို့တွင် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နေစဉ် မြို့ဝင်ဂိတ်နှင့် လေ့ကျင့်ရေး ၅ တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ ပြည်သူအားလုံး မဲပေးခြင်းမရှိဘဲ တမြို့လုံး တိတ်ဆိတ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ နေပြည်တော် လယ်ဝေးမြို့နယ်နှင့် ပဲခူးတိုင်း ရေတာရှည် မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နေစဉ် မြို့ဝင်ဂိတ်နှင့် လေ့ကျင့်ရေး ၅ တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်...

ကြံ့ဖွတ်ပါတီက ကြိုတင်မဲအများဆုံး ရရှိမှုအပေါ် တရားမျှတမှုမရှိ၍ လုံး၀ လက်မခံဟု ကျားဖြူပါတီ၏ တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုး ကန့်ကွက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ စစ်တပ်က ယနေ့ စတင်သည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ကြံ့ဖွတ်ပါတီက ကြိုတင်မဲအများဆုံး ရရှိနေမှုအပေါ် တရားမျှတမှုမရှိဘဲ တစ်ဖက်သတ်ဆန်၍ လုံး၀ လက်မခံဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ-ကျားဖြူပါတီ-SNDP ၏ တောင်ငူခရိုင် ဥက္ကဋ္ဌ ဦးကျော်စိုးက လူမှုကွန်ရက်မှတစ်ဆင့် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ဒီဇင်ဘာလ...

ဘားအံမြို့နယ်အတွင်း စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူ ၄၀၀၀ ခန့်ထုတ်ဖော်ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းအာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူ ၄၀၀၀ ခန့်က ဆိုင်ကယ်၊ ကား၊ ခြေလျင်ဖြင့် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ ဆန္ဒပြပွဲကို ကေဝိုင်အို-ကရင်လူငယ်အစည်းအရုံးက ဦးဆောင်ပြီး ပြည်သူများ ပူးပါင်း ပါဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ အာဏာသိမ်း...

Latest news

- Advertisement -spot_img