33 C
Yangon
spot_img

CATEGORY

News

ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မိုင်းခွဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရန်ကုန်တိုင်း ၊ ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် အစောပိုင်း...

အောင်လံမြို့နယ်တွင် စစ်တပ် ရွေးကောက်ပွဲ ပြုလုပ်နေစဉ် ဆပ်ဆူဝရွာ စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို PDF တပ်က ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရွေးကောက်ပွဲ ပြုလုပ်နေစဉ် ဆပ်ဆူဝရွာ စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ၉၀၂ တပ်ရင်း ၊ တပ်ခွဲ - ၃ ၊ တောင်တွင်းကြီးတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက...

မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်ကို ၁ဝ၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က တန်ပြန်ရမ်းသမ်းပစ်ခတ်မှု ကြောင့် မြို့နေပြည်သူတချို့ ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ကန့်ကွက်သည့်အနေဖြင့် မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်ကို ၁ဝ၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးသွားကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့...

ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများတွင် မဲပေးသူမရှိ၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မဲပေးကြရန် အိမ်တိုင် ရာရောက် လိုက်လံ ခေါ် ယူခြိမ်းခြောက်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများတွင် မဲပေးသူမရှိဖြစ်နေ၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများကို မဲလာပေးကြရန် အိမ်တိုင်ရာရောက် လိုက်လံ ခေါ် ယူခြိမ်းခြောက်လျက်ရှိကြောင်း ခေါ်ယူခံရသည့် ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်နှင့်ပျူစောထီးများက အိမ် တိုင်ရာရောက် မဲနံပါတ်များလိုက်လံပေး၍...

မြ၀တီမြို့တွင် ယနေ့ ရွေးကောက်ပွဲနေ့ မဲရုံများသို့ မဲလာပေးသူ မရှိဘဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကြံ့ဖွတ်ရုံးရှေ့သို့ လာရောက်စပ်စုသူ အထူးများပြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ ရွေးကောက်ပွဲ မဲရုံသို့ မဲလာပေးသူ မရှိဘဲ ယမန်နေ့ညပိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကြံ့ဖွတ်ရုံးရှေ့သို့ လာရောက်စပ်စုသူ အထူးများပြားနေကြောင်း မြ၀တီမြို့ခံ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင်လည်းကောင်း၊...

ယနေ့ ရွေးကောက်ပွဲနေ့ ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရတိုင်းရုံးတွင် လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ၍ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ တွင် ယနေ့ ရွေးကောက်ပွဲ ပြုလုပ်သည့်နေ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရတိုင်းရုံးတွင် လက် နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ၍ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင် စစ်ရေးသတင်းရင်း မြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့...

ကလေးမြို့မှ ပြည်သူများက အသံတိတ်သပိတ် ဆင်နွှဲပြီး စစ်တပ်၏ ရွေးကောက်ပွဲနေ့ကို မဲထွက်မပေးဘဲ သပိတ်မှောက်၊ မဲရုံတွင်သာမက လမ်းပေါ်တွင် လူသူကင်းရှင်းနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပြည်သူများက ယနေ့ ပြုလုပ်သည့် စစ်တပ်၏ ရွေးကောက်ပွဲကို ပါဝင်ခြင်းမပြုဘဲ အသံတိတ် သပိတ် ဆင်နွှဲနေသောကြောင့် မဲရုံများတွင်သာမက လမ်းပေါ်တွင်ပါ လူသူ ကင်းရှင်းနေကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ယနေ့ ဒီဇင်ဘာလ...

ဘုတ်ပြင်းမြို့နယ်၊ လေညာရွာ တံတားကြီးအနီးရှိ စစ်တပ် မဲရုံကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာရွာ တံတားကြီးအနီးရှိ အကြမ်းဖက် စစ်တပ် မဲရုံကိုဒရုန်းဖြင့် တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Dragon Squad - TNI မှ တာဝန်ရှိသူတစ်ဦးက...

ခင်ဦးမြို့နယ်၊ မြေနီလျှိုကျေးရွာအနီးရှိ ခရီးသွားပြည်သူများ၏ ယာဉ်တန်းကို စစ်တပ်က လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၉ ဦးသေဆုံးပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြေနီလျှိုကျေးရွာအနီးရှိ ခရီးသွားပြည်သူများ၏ ယာဉ်တန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၉ ဦးသေဆုံးပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများက...

အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတ လုပ်ရေး၊ မလုပ်ရေး လွှတ်တော်အတွင်း သမ္မတ ရွေးချယ်ရေး ဖြစ်စဉ်ရောက်ချိန်မှ ပြောရန် သင့်တော်မည်ဟု ပြောဆို၊ “သမ္မတ မလုပ်ဘူး” ဟု ယတိပြတ်မငြင်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတ လုပ်ရေး၊ မလုပ်ရေး လွှတ်တော်အတွင်း သမ္မတ ရွေးချယ်ရေးကာလမှ ပြောဆိုရန် သင့်တော်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ ယနေ့ နေပြည်တော်တွင် မဲလာပေးသည့် အကြမ်းဖက် မင်းအောင်လှိုင်ကို မီဒီယာများ က၀ိုင်းဝန်း မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ဖြေဆိုခြင်းဖြစ်ပြီး "သမ္မတ...

Latest news

- Advertisement -spot_img