25 C
Yangon
spot_img

CATEGORY

News

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ တစ်ရပ် ပီပီပြင်ပြင် ပေါ်ပေါက်လာပြီး စစ်ကိုင်းတိုင်းဆိုင်ရာ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ အသီးသီးခန့်အပ်တာဝန်ပေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ တစ်ရပ် ပေါ်ပေါက်လာပြီး စစ်ကိုင်းတိုင်းဆိုင်ရာ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ အသီးသီးရွေးချယ်ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့် ထွေးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသည့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က စစ်ကိုင်း ဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံ...

မကွေးတွင် ရွေးကောက်ပွဲနေ့ မဲမပေးသူများကို ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေသော ရပ်/ကျေးစာရေး အောင်ကြိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ မကွေးတိုင်း၊ မကွေးမြို့နယ်တွင် ရွေးကောက်ပွဲကို လာရောက်မဲမပေးသူများကို ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေသော ရပ်/ကျေးစာရေး အောင်ကြိုင် ပစ်ခတ်ခံရပြီး သေ ဆုံး သွားကြောင်း မကွေး-တောင်တွင်းကြီး အထူး‌ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့...

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို KNU-NUG တပ်မဟာ -၄ ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ နှင့်အဖွဲ့ ၁၅ ခုတို့က ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချပြီး လုံး၀ လက်မခံဟု ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာလ ၂၃ အကြမ်းစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို KNU-NUG တပ်မဟာ -၄ ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ နှင့်အဖွဲ့ ၁၅ ခုတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး လက်မခံဟု ကြေ ညာလိုက်ကြောင်း KNU မြိတ် -ထားဝယ်ခရိုင် အထွေထွေ အတွင်း ရေးမှူး ပဒိုစောအယ်...

ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးတွင် အထူး ကိုယ်စားလှယ်က မင်းအောင်လှိုင်နှင့် တတိယအကြိမ် တွေ့ဆုံမှု အပါအဝင် အခြေအနေများကို အစီရင်ခံ၊ ရလဒ်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကို ကျင်းပခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Julie Bishop က မင်းအောင်လှိုင်နှင့် တတိယအကြိမ် တွေ့ဆုံမှု အပါအဝင် မြန်မာ့အရေး အခြေ အနေများကို အစီရင်ခံခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၂...

ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင် စစ်တပ်၏ အမိန့်ဖြင့် ဘွဲ့ရစာရင်း လိုက်လံကောက် ခံနေပြီး စာရင်းကောက်သည့် အကြောင်း အရာ မပြော၍ ပြည်သူများ စိုးရိမ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင် စစ်တပ်၏ အမိန့်ဖြင့် ဘွဲ့ရစာရင်းများကို သက် ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံကောက် ခံနေပြီး စာရင်း ကောက်သည့် အကြောင်း အရာ မပြော၍ ပြည်သူများ စိုးရိမ်နေကြကြောင်း သိရှိရသည်။ ယခု ဒီဇင်ဘာလ ၂၀...

လောင်းလုံးနှင့် ပေါက်မြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု လူငယ် ၁ ဦး သေဆုံးပြီး ကျေးရွာများကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်နှင့် မကွေးတိုင်း ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး သေဆုံးပြီး ကျေးရွာများကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း...

ဗန်းမောက်၊ ကံကြီးကုန်း ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု သံဃာတော်၁ ပါး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ၊ မြင်းခြံ အိုင်းမကျေးရွာကိုလည်း စစ်တပ်က မီးတင်ရှို့

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် အနောက်ခြမ်း ကံကြီးကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက် ခိုက်ရာ သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဗန်းမောက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ...

မြန်မာအကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် MRTV ရုပ်သံလိုင်းများကို ဩစတြေးလျရုပ်သံပလက်ဖောင်း Kick နှင့် အမေရိကန် Youtube တို့က ဆက်တိုက်ဖယ်ရှားနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ မြန်မာအကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် MRTV ရုပ်သံလိုင်းများကို ဩစတြေးလျရုပ်သံပလက်ဖောင်း Kick နှင့် အမေရိကန် Youtube တို့က ဖယ်ရှားလိုက်ကြောင်း Justice for Myanmar က သတင်းထုတ်ပြန်သည်။ ဩစတြေးလျတိုက်ရိုက်ရုပ်သံလွှင့်ပလက်ဖောင်း Kick တွင် မြန်မာအကြမ်းဖက်စစ်အုပ်စုက ၎င်းတို့၏ ဝါဒဖြန့် MRTV...

ပြည်ပတွင် မြန်မာနိုင်ငံသား သန်းချီ ရောက်ရှိနေသော်လည်း ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှု ၅၀၀၀ ဝန်းကျင်သာရှိ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကြိုတင်မဲပေးသူ ၃၀၀ ကျော်ဝန်းကျင်သာရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံသား သန်းပေါင်းများစွာ ရောက်ရှိနေသော် လည်း စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးမှုမှာ ဆန္ဒမဲပေါင်း ၅၀၀၀ ဝန်းကျင်သာရှိကြောင်း စစ်တပ်လက်အောက်ခံ ရွေးကောက် ပွဲကော်မရှင်ထံမှ စုံစမ်းသိရှိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ဒီဇင်ဘာလ ၇ ရက်နေ့တို့တွင် ပြည်ပရောက်မြန်မာ...

စစ်တပ်၏ထိပ်ပိုင်း ဗိုလ်ချုပ်များမှစတင်၍ အောက်ခြေ ရပ်/ကျေးအဆင့်ဝန်ထမ်းများအထိ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးထားရန် လျှို့ဝှက် အမိန့်ဖြင့် စေခိုင်း၊ စစ်တပ်နှင့် အဆင်ပြေသော ကြံ့ဖွတ်ပါတီကိုသာ ကြိုတင်မဲပေးခိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ အကြမ်းဖက်စစ်တပ်၏ထိပ်ပိုင်း ဗိုလ်ချုပ်များမှစတင်၍ အောက်ခြေ ရပ်/ကျေးအဆင့် Non-CDM ဝန်ထမ်းများအထိ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးထားရန် စစ်ကော်မရှင်က လျှို့ဝှက် အမိန့် ထုတ်ပြန်စေခိုင်းထားကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း ၁ အတွက် စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးဌာနနှင့် ဗဟိုအဖွဲ့အစည်းများ၊...

Latest news

- Advertisement -spot_img