25 C
Yangon
spot_img

CATEGORY

News

တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၅...

ကောလင်းမြို့နယ်၊ နတ်အင်းရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ဘေးရှောင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ နတ်အင်းရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ...

မြန်မာ စစ်အုပ်စုက တာဝန်ခံမှုမှ ရှောင်လွှဲရန် စစ်ကော်မရှင်ဟု အမည်ပြောင်းလိုက်သည့်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ်နေဟု JFM ပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ အကြမ်းဖက် မြန်မာ စစ်အုပ်စုက တာဝန်ခံမှုမှ ရှောင်လွှဲရန် စစ်ကော်မရှင်ဟု အမည်ပြောင်းလိုက်သည့်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ်နေကြောင်း The Sentry နှင့် Justice For Myanmar တို့က ပူးတွဲ ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ...

ရန်ကုန်-ပြည် လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း သာယာဝတီခရိုင် ပကဖ အမှတ် ၁ တိုက်ခိုက်ရေးတပ်ရင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ...

ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ စတင်ကမ်းလှမ်းခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားခဲ့သော ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ပင်နှင့် တစ်ဦးချင်း သီးသန့် တွေ့ဆုံခွင့်ရရန်၊ စစ်အာဏာသိမ်းမှုအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှု ရရှိရေးအတွက်...

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းရှိ ပြည်သူ့ပါတီရုံးတွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းရှိ ပြည်သူ့ပါတီရုံးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းရှိ ပြည်သူ့ပါတီရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုအတွင်း ထိခိုက် ပျက်စီးမှုရှိပြီး ထိခိုက်ဒဏ်ရာသူ ရှိ၊...

အာဏာရှင်စစ်တပ်နှင့် တွေ့ဆုံညှိနှိုင်းခြင်းမှ နိုင်ငံရေးအဖြေရှာရန် အလုပ်မဖြစ်တော့၍ ကိုယ့်ရေမြေကို ကိုယ်ပိုင်ကာကွယ်ကြရန် သံလွင်ငြိမ်းချမ်းရေးဥယျာဥ်အဖွဲ့က တိုက်တွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ အာဏာရှင်စစ်တပ်နှင့်တွေ့ဆုံညှိနှိုင်းခြင်းမှ တဆင့် နိုင်ငံရေးအဖြေရှာခြင်းမှာ အလုပ်မဖြစ်တော့ သဖြင့် ကိုယ့်ရေမြေကို ကိုယ်ပိုင်ကာကွယ်ကြရန် သံလွင်ငြိမ်းချမ်းရေးဥယျာဥ် အဖွဲ့က ဆုံးဖြတ်တိုက်တွန်းလိုက်ကြောင်း အဆိုပါအဖွဲ့က တရားဝင် ကြေညာသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကရင်ပြည်နယ်၊ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်တောအုပ် တနေရာ၌...

ကောလင်း၊ ပေါက်၊ မြိုင်နှင့် ဗန်းမောက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် မကွေးတိုင်း ပေါက်မြို့နယ်၊ မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များက...

မုံရွာ-ဘုတလင်ကားလမ်းမပေါ်နှင့် ဘုတလင်မြို့အနီးတွင် တရားမဝင်အတုယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး Billboard များချိတ်ဆွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ မုံရွာ-ဘုတလင်ကားလမ်းမပေါ်နှင့် ဘုတလင်မြို့အနီးတွင် ဘုတလင်မြို့နယ် သပိတ်အင်အားစုနှင့် ဘုတလင်မြို့နယ် ဒေါင်းရာဇာ ပင်မ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ တရားမဝင်အတုယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဖော်ဆောင်သည့် Billboard များကို သွားရောက်ချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou...

ရန်ကုန်၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် လုပ်မည့် ရေတပ်နှစ်ပတ်လည်ပွဲသို့ မင်းအောင်လှိုင် လာတက်မည်ဖြစ်၍ လုံခြုံရေး အထူးတင်းကျပ်၊ ရတနာပုံသင်္ဘောစီး၍ မြစ်ထဲ လှည့်လည်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် လုပ်မည့် ရေ တပ် နှစ်ပတ်လည်ပွဲသို့ မင်းအောင်လှိုင် လာတက်မည်ဖြစ်၍ လုံခြုံရေး အထူးတင်းကျပ်ကြောင်း ရေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်း ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ပြုလိုက်မည့် ရေတပ်နှစ်ပတ်လည်ပွဲကို အကြမ်းဖက် မင်းအောင်လှိုင်...

Latest news

- Advertisement -spot_img