34 C
Yangon
spot_img

CATEGORY

News

ပုလောမြို့နယ်တွင် CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းတို့ကို ထွက်ပြေးလွတ်မြောက်သွားသော အချုပ်သား ၄ ဦးက သတ်ဖြတ်မှု KNU က ပြန်လည် ဖမ်းဆီးရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းတို့ကို ထွက်ပြေးလွတ်မြောက်သွားသော အချုပ်သား ၄ ဦးက သတ်ဖြတ်သွားခဲ့ပြီး လူ သတ် တရားခံများကို KNU က ဖမ်းဆီးရရှိပြီဖြစ်ကြောင်း KNU က သတင်းထုတ်ပြန် သည်။ ဒီဇင်ဘာလ ၁၅...

စစ်တပ်နှင့် အကျိုးတူ ပူးပေါင်းနေသော MAI လေကြောင်းလိုင်းက ပြည်ပခရီးသည်များ ၏ Hand Carry ကို အခမဲ့ သယ်ခွင့်မပေးတော့ဘဲ အလေးချိန်အလိုက် ငွေကြေး အဆ မတန် တောင်းခံ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ အကြမ်းဖက် စစ်တပ်နှင့် အကျိုးတူ ပူးပေါင်းနေသော MAI လေကြောင်းလိုင်းက ပြည်ပ ခရီး သည်များ၏ လက်ဆွဲ Hand Carry သယ်ဆောင်မှုများကို အခမဲ့ သယ် ယူခွင့်မပေးတော့ဘဲ အလေးချိန်အလိုက် ငွေကြေး အဆမတန် တောင်းခံလျက်ရှိကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၃၃ ဦးကို အကြမ်းဖက်သမားများ အဖြစ်ကြေညာခဲ့ပြီးနောက် ဖမ်းဆီးနိုင်ရေး ကြိုးပမ်းမည်ဟု NUG က ထပ်မံ ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ အကြမ်းဖက်စစ်ကောင်စီမှ မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် အဖွဲ့ဝင် ၃၃ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အကြမ်းဖက်သမားများအဖြစ် ကြေညာခဲ့ပြီး နောက် ဖမ်းဆီးရရှိနိုင်ရေး ကြိုးပမ်းသွားမည်ဟု ထပ်မံ ကြေညာသည်။ ယမန်နေ့ ထုတ်ပြန်သော ကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေဖြင့် စစ်ကောင်စီအဖွဲ့ဝင် အကြမ်းဖက်သမားများကို...

ပေါက်နှင့် မြိုင်မြို့နယ် အတွင်းရှိ ရေနံမှော်ဒေသနှင့် ကျေးရွာများကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ မကွေးတိုင်း၊ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ် အတွင်းရှိ ရေနံမှော်ဒေသနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

ဝန်းသိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိကာ လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင် ဖမ်းမိကာ လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ...

စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့ရှိ တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ အပြီးတိုက်ခိုက်သိမ်းပိုက်၍ စစ်တပ်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့ရှိ တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ စစ်တပ်က အပြီးတိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေး စီမံချက်ဖြင့် ထိုးစစ်ဆင်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလမှစတင်၍ အညာဒေသကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရေး စစ်ဆင်ရေး စီမံချက်ကို ထိုးစစ်ဆင်များဖြင့် အကောင်...

မြိုင် ၊ ဗန်းမောက်နှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ Gyrocopter ၊ အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အဆောက်အဦးများ ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဘုန်းကြီးကန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နမခမှ...

ချောင်းဦးမြို့နယ်၊ အမြင့်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို ၆၀ မမ လက်နက်ကြီး ၅၀ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ၆၀ မမ လက်နက်ကြီးအလုံး ၅၀ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးပြီး အဆောက်အဦး ၁ ခုပျက်စီးခဲ့ကြောင်း Royal Tiger...

ကရင်နီပြည်တွင် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ် လောင်းများကို အမျိုးသားသစ္စာဖောက်အဖြစ် အပြစ်ပေးအရေးယူမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ကရင်နီပြည်တွင် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ် လောင်းများကို အမျိုးသားသစ္စာဖောက်အဖြစ် အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း ကရင်နီပြည် လူငယ် အင်အားစု ကိုယ်စားလှယ် ခွန်သောမတ်စ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ကရင်နီပြည်လူငယ်ထု...

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော်ကြီးများက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး မေတ္တာရပ်ခံပေးရန် တောင်းဆိုသည့် လက်မှတ်စုကမ်ပိန်းပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့က ဖက်ဒရယ်ပွဲတော်တွင် နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော်ကြီးများ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် မေတ္တာရပ်ခံပေးရန် တောင်းဆိုစာပေးပို့နိုင်ရေး လက်မှတ်စုဆောင်းခြင်းကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Latest news

- Advertisement -spot_img