31 C
Yangon
spot_img

CATEGORY

News

ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံသားပိုင်ဆိုင်သော ကားအကူပစ္စည်းထုတ်စက်ရုံမှ တရားဝင်မြန်မာလုပ်သား ၁၇ ဦး ကြိုတင် အသိမပေးဘဲ အလုပ် ထုတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ရှိ တရုတ်နိုင်ငံသားလုပ်ငန်းရှင်ပိုင်ဆိုင်သော ကားအကူပစ္စည်းထုတ်စက်ရုံမှ တရားဝင် မြန်မာလုပ်သား ၁၇ ဦးမှာ ကြိုတင် အသိပေးမှုနှင့် အကြောင်းကြားမှု မရှိဘဲ အလုပ်ထုတ်ခံရကြောင်း 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့မှပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ တရားဝင် မြန်မာနိုင်ငံသား အလုပ်သမားများမှာ...

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို အုတ်မြစ်ချပေးပြီး ဒီမိုကရေစီ ခိုင်မာအောင် စစ်တပ်ကသာ ထိန်းကျောင်း တည့်မတ်နေ၍ စစ်တပ်နှင့်လက်တွဲနိုင်သူများကိုသာ မဲပေး ရွေးချယ်ရန်လိုအပ်ဟု မင်းအောင်လှိုင် ဆိုပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို အုတ်မြစ်ချပေးပြီး ခိုင်မာအောင် စစ်တပ်က တည့်မတ်ပေးနေ၍ စစ်တပ်နှင့်လက်တွဲနိုင်သူများကိုသာ ဆန္ဒမဲပေး ရွေးချယ်ရန်လိုအပ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။ ယမန်နေ့ မကွေးတပ်နယ်တွင် အကြမ်းဖက်စစ်တပ်မှ အရာရှိနှင့် စစ်သည်များနှင့်တွေ့ဆုံစဉ် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲတွင်...

ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှု တိုင်ကြားသော်လည်း ဖြေရှင်းမပေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ၏ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်အတွက် ဖြေရှင်းပေးရန် ခင်ရီထံသို့ တိုင်ကြားခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိကြောင်း အလိမ်ခံရသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်တွင် ကြံ့ဖွတ်ဥက္ကဋ္ဌ...

မုံရွာမြို့ နမခ မှ ထွက်လာသော ကြေးနီတင်ကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ အထက်မင်းလှမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်လာသော ကြေးနီတင်ကားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ဗိုလ်တိုက်ဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ...

ယင်းမာပင်နှင့် မုံရွာရှိ ကျေးရွာ ၁၀ ခုကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀၀ ကျော်ပြာကျ၊ ဆားလင်းကြီးတွင်လည်း စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၇ ခုကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀...

စဉ့်ကူးမြို့နယ်၊ သီလရွာတွင် နေထိုင်သော စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ သီလရွာတွင် နေထိုင်သော စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စဥ့်ကူး...

အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ဆိုင်ကယ်ဖြင့် ထွက်လာသော စစ်သားနှင့် ရဲများကို တိုက်ခိုက်မှု ဒုရဲအုပ်ဇော်ထွန်း အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ဆိုင်ကယ်ဖြင့် ထွက်လာသော စစ်သားနှင့် ရဲများကို တိုက်ခိုက်ရာ ဒုရဲအုပ်ဇော်ထွန်း အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၃၈၀၂ တပ်ရင်း ၊...

ချင်းပြည်နယ်၊ ပလက်၀တွင် ဒေသကာကွယ်ရေး တာဝန်များ ထမ်းဆောင်ရေး လူငယ်များ ပြင်ပထွက်ခွာခွင့် CDF ပလက်၀က ကန့်သတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ဒေသကာ ကွယ်ရေး တာ၀န်များ ထမ်းဆောင်ရေး လူငယ်များ ပြင်ပထွက်ခွာခွင့်ကို CDFပလက်၀က ကန့် သတ်ကြောင်း ယနေ့ ကြေညာ ချက်ထုတ်ပြန်သည်။ ချင်းလဲန်းကာ့ကွယ်ရေးတပ်ဖွဲ့-ပလက်၀ အနေဖြင့် ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင် ပင်ခံကောင်စီ၊ ပလက်၀ကောင်စီ၏ ပြည်သူ့တော်လှန်ရေးကာလ နိုင်ငံရေးနှင့် အုပ်ချုပ်စီမံရေး...

မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းဖြင့်ဗုံးကျဲသည့် စစ်ရာဇဝတ်မှုကို နိုင်ငံတကာအနေဖြင့် ရှုတ်ချရုံဖြင့်မဟုတ်ဘဲ အပြစ်ပေးဒဏ်ခတ်အရေးယူမှု ချက်ချင်းလုပ်ရန် တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ ဆေးရုံကို စစ်တပ်က လေကြောင်းဖြင့်ဗုံးကျဲသည့် စစ်ရာဇဝတ်မှုကို နိုင်ငံတကာအနေဖြင့် ရှုတ် ချရုံဖြင့်မဟုတ်ဘဲ အပြစ်ပေးဒဏ်ခတ်အရေးယူမှုများ ချက်ချင်းလုပ်ရန် ပြည်တွင်းပြည်ပအဖွဲ့ ၂၀၉ ခုက ယနေ့ ကြေညာတောင်းဆိုလိုက်ကြသည်။ ဒီဇင်ဘာ ၂၈ရက်နေ့ အတုအယောင်ရွေးကောက်ပွဲပြုလုပ်မည့် တရားမဝင်အကြမ်းဖက် စစ်အုပ်စုက ဒီဇင်ဘာ ၁၀...

ဝက်လက်နှင့် စစ်ကိုင်း မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေ၍ ပြည်သူများ ထိခိုက်မှုရှိပြီး သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေ၍ ပြည်သူများ ထိခိုက်မှုရှိပြီး သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ...

Latest news

- Advertisement -spot_img