25 C
Yangon
spot_img

CATEGORY

News

ပုလောမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး မိုင်းနိုင်ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး၊ ထားဝယ်တွင်လည်း စစ်တပ် ဒေါက်တိုင် ၁ ဦးကို အရှင်ဖမ်းမိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ တနင်္သာရီတိုင်း၊ ပုလောမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး မိုင်းနိုင်ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့...

လေတပ်က တိုက်ပွဲအဆုံးအဖြတ်အပေါ် များစွာ အထောက်အကူပြုနေ၍ လေယာဉ်၊ ရဟတ်ယာဉ်နှင့် စစ်ဆင်ရေးအထောက် အကူစနစ်များ ကြိုးပမ်းဖြည့်တင်းနေဟု မင်းအောင်လှိုင် ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ အကြမ်းဖက်စစ်တပ်လက်အောက်ခံ လေတပ်က တိုက်ပွဲအဆုံးအဖြတ်အပေါ် များစွာ အထောက်အကူပြုနေ၍ လေယာဉ်၊ ရဟတ်ယာဉ်နှင့် စစ်ဆင်ရေးအထောက်အကူစနစ်များကို ကြိုးပမ်းဖြည့်တင်းနေကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော် ပြောဆိုသည်။ ယမန်နေ့ နေပြည်တော် အေလာလေတပ်စခန်းဌာနချုပ်တွင် ပြုလုပ်သော ၇၈ နှစ်မြောက် လေတပ် နှစ်ပတ်လည်နေ့တွင် ၎င်းက...

ရွှေဘိုခရိုင်၊ ရွှေဘို‌မြို့ပေါ်တွင် တရားမဝင်ရွေးကောက်ပွဲအား ဆန့်ကျင်ကြရန် ဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်များမျှဝေခြင်း၊အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေးကဗျာများ ရွတ်ဖတ်၍ နှိုးဆော်ခြင်းများပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘို‌မြို့ပေါ်ဖြစ်သည့် အဝေးပြေးကားကြီးဝင်းထိပ်တံတားပေါ်နှင့်အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရုပ်ထုရှေ့၊ အလက-၁ ကျောင်းမျက်နှာချင်းဆိုင် စိုက်ပျိုးရေးရုံးရှေ့၊ ရွှေဘို-ရေဦးလမ်းထိပ်နေရာများတွင် စကမ၏ တရားမဝင်ရွေးကောက်ပွဲအား ဆန့်ကျင်ကြရန် ဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်များမျှဝေခြင်း၊အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေးကဗျာများ ရွတ်ဖတ်၍ နှိုးဆော်ခြင်းများကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -PDO ၊ တိုက်နယ် ၅...

မြောင်းမြထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အကြမ်းဖက် ရိုက်နှက်ခံနေရပြီး ငွေညှစ်ခံနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ဧရာ၀တီတိုင်း၊ မြောင်းမြ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အကြမ်းဖက်ရိုက်နှက်ခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မြောင်းမြအကျဉ်းထောင်၏ ဒုထောင်ပိုင် တင့်ဆွေဝင်း က ညပိုင်း အရက်သေစာသောက်စားမူးယစ်ပြီး နိုင်ငံရေးအကျဥ်းသားများကို စိန်ခေါ်၍ အိပ်ဆောင်တွင်းသို့ လေးခွဖြင့်ပစ်ခတ်ကြောင်း၊ ထောင်ဗူးဝပေါ်တွင်...

ကရင်နီ-KNDF၊ BPLA ၊ ချင်းညီနောင် – CB၊ မွန်တော်လှန်ရေး တပ် အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့ဖြင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ပြီး NUG နှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ကရင်နီ-KNDF၊ BPLA ၊ ချင်းညီနောင် - CB၊ မွန်တော်လှန်ရေး တပ် အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့ဖြင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ပြီး အမျိုးသားညီညွတ်ရးအစိုး ရ- NUG နှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းသားလက်ရုံးတပ်တော် - SAFမှ...

ရန်ကုန်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်သူနာပြု သင်တန်းဆင်းပွဲလာတက်ချိန် မင်္ဂလာဒုံနှင့်မြောက်ဥက္ကလာပအတွင်းရှိ ရပ်ကွက်များတွင် Anti Drone-Guard နှင့် Jammer စက်ကြီးများ ချပြီး ဖုန်းနှင့်အင်တာနက်လိုင်းများ ယာယီဖြတ်တောက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရန်ကုန်မြို့တွင် ယမန်နေ့ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက စစ်သူနာပြုသင်တန်းဆင်းပွဲ လာရောက်တက်ချိန် မင်္ဂလာ ဒုံ နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်တချို့တွင် Drone-Guard နှင့် Jammer စက်ကြီးများ ချပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ယာယီဖြတ်တောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများနှင့် တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၅...

တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း (DSNDA) ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်...

စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ မီးလောင်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၅...

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာဘုန်းကြီးကျောင်းနှင့် ပေါက်မြို့နယ်၊ သပြေညို လယ်အိုရေနံမှော်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာဘုန်းကြီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပကဖ အသံ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင်...

ခန္တီးမြို့နယ်တွင် ခလရ ၂၂၉ တပ်ရင်းမှ ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်လာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်တွင် ခလရ ၂၂၉ တပ်ရင်းမှ ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်လာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်...

Latest news

- Advertisement -spot_img