33 C
Yangon
spot_img

CATEGORY

News

သမ္မတရွေးချယ်ရေးအဖွဲ့က မဲပေးပြီးဖြစ်လာလျှင် မင်းအောင်လှိုင် သမ္မတ လုပ်နိုင်ဟု အကြမ်းဖက် ဇော်မင်းထွန်း ထုတ်ပြောလာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ အကြမ်းဖက် စစ်အာဏာသိမ်းထားသော မင်းအောင်လှိုင်ကို သမ္မတရွေးချယ်ရေးအဖွဲ့က မဲပေးပြီးဖြစ်လာလျှင် မင်းအောင်လှိုင် သမ္မတ လုပ်နိုင်ကြောင်း အကြမ်းဖက် စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသွားသည်။ ရန်ကုန်တွင် ယနေ့ ပြုလုပ်သည့် ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။ အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၁၄ ခုနှစ်...

စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာက ကျေနပ်ခြင်း၊ မကျေနပ်ခြင်းမှာ အရေးကိစ္စမဟုတ်ဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာက ကျေနပ်ခြင်း၊ မကျေနပ်ခြင်းမှာ အရေးကိစ္စမဟုတ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။ ရန်ကုန်တွင် ယနေ့ ပြုလုပ်သည့် ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားသတင်းဌာနတစ်ခု၏ မေးခွန်းကို အကြမ်းဖက် ဇော်မင်းထွန်းက ပြန်လည် ဖြေဆိုစဉ် အထက်ပါအတိုင်း...

စဉ့်ကူးနှင့် နတ်တလင်းမြို့နယ်တို့တွင် စစ်တပ်က ဒရုန်း၊ စက်တပ်လေထီးနှင့် လေယာဉ်တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၆...

မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်...

မြောက်ဦးဆေးရုံကို ပေါင် ၅၀၀ ဗုံးကျဲချမှု အပါအဝင် စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများကို ရှုတ်ချလိုက်ပြီး အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက အရေးယူဆောင်ရွက်ပေးရန် KNU က တိုက်တွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ မြောက်ဦးဆေးရုံကို ပေါင် ၅၀၀ ဗုံးကျဲချမှု အပါအဝင် စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများကို အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက အရေးယူဆောင်ရွက်ပေးရန် ကရင်အမျိုးသားအစည်းအရုံး-KNU က ယမန်နေ့ ကြေညာချက် ထုတ်ပြန်တိုက်တွန်းသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီကျော်အချိန် ရခိုင်ပြည်၊...

ဝက်လက်မြို့နယ်၊ ထုံးဘိုရွာအနီးရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော တောတိုက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၄ နှစ်အရွယ် မအေးမြတ်သူဇာ အပါအဝင် ပြည်သူ ၄ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုရွာအနီးရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော တောတိုက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၄ နှစ်အရွယ် မအေးမြတ်သူဇာ အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network...

နယူးဇီလန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကျင်းပ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ နယူးဇီလန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့တွင် မတရားသဖြင့် အာဏာသိမ်း၍ အဓမ္မအကျဉ်းချ ဖမ်းဆီးထားသော လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ချက်ခြင်း လွှတ်ပေးရေး၊ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများက...

ပြည်သူ ၃၀ ကျော် သေဆုံးသော မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှု အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက အပြင်း အထန် ရှုတ်ချလိုက်ပြီး ဂျနီဗာ ကွန်ဗန်းရှင်းနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုအဖြစ် ထုတ်ပြန်ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ပြည်သူ ၃၀ ကျော် သေဆုံးသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက အပြင်းအထန် ရှုတ်ချလိုက်ပြီး ဂျနီဗာ ကွန်ဗန်းရှင်းနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်မှုအဖြစ် ယမန်နေ့ ထုတ် ပြန်ကြေညာသည်။ အာဆီယံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀...

မြ၀တီမြို့နယ်၊ ဒေါနတောင်ခြေတွင် အသစ်တည်ဆောက်နေသော BGF ၏ ကျားဖြန့်နေရာသစ်များ အရှိန်အဟုန်ဖြင့် နေ့ချင်း ညချင်း ကြီးထွားလာနေပြီး တရုတ်များနှင့် နိုင်ငံခြားသားများကို စစ်တပ်က လမ်းကြောင်းကားဖြင့် လိုက်ပို့

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဒေါနတောင်ခြေတွင် အသစ်တည်ဆောက်နေသော BGF ၏ ကျားဖြန့်နေရာသစ်သို့ တရုတ်များနှင့် နိုင်ငံခြားသားများ ရွှေ့ပြောင်းရာတွင် စစ်တပ်က ပူးပေါင်းပါဝင်နေကြောင်း အဆိုပါမြို့သစ်တွင် ရောက်ရှိနေသော ကျားဖြန့် ကရင်အလုပ်သမားများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်တပ်လက်အောက်ခံ BGF များက ဒေါနတောင်ခြေတွင်...

တောင်ငူမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း Kenni Twilight Zone မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၅...

Latest news

- Advertisement -spot_img