31 C
Yangon
spot_img

CATEGORY

News

တီးတိန်မြို့ရှိ ခလရ ၂၆၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ခလရ ၂၆၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း PDF Zoland က သတင်းထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တီးတိန်မြို့ရှိ ခလရ ၂၆၉...

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ...

ရေဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအားလုံးကို PDF တပ်က ဝင်ရောက် တိုက်ခိုက်ပြီး မဲပေးစက်များ အပါအဝင် ဌာနဆိုင်ရာရုံး အားလုံးကို မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအားလုံးကို PDF တပ်က ဝင်ရောက် တိုက်ခိုက်ပြီး မဲပေးစက်များ အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ရေဖြူအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်ပြီး...

ပုသိမ်-မုံရွာ လမ်းပိုင်းတွင် မူးယစ်ဆေးဝါး WY အလုံးရေ ၁၀၀၀၀ သယ်ဆောင်လာသော လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင်၏ တပည့်ဖြစ်သူ နေသွေးကို အရှင်ဖမ်းမိပြီး မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် မူးယစ်ဆေးဝါး WY အလုံးရေ ၁၀၀၀၀ သယ်ဆောင်လာသော လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင်၏ တပည့်ဖြစ်သူ နေသွေးကို အရှင်ဖမ်းမိပြီး မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ...

စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေသော အရာရှိနှင့်စစ်သည်များကို ကြိုတင်မဲအဖြစ် စာရင်းသာပေးလိုက်ရပြီး ကိုယ်ထိလက်ရောက် မဲမပေးလိုက်ရဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ အကြမ်းဖက်စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေသော အရာရှိနှင့်စစ်သည်များအားလုံး ကြိုတင်မဲအဖြစ် စာရင်းပေးလိုက်ရပြီး ကိုယ်ထိလက်ရောက် မဲမပေးလိုက်ရကြောင်း တပ်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ သန်လျင်ရေတပ်စခန်းဌာနချုပ်မှ သတင်းရင်းမြစ်က သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များအလိုက် အရာရှိနှင့်စစ်သည်များ၏ စာရင်းများကို ကြိုတင်မဲအဖြစ် ပေးမည်ဖြစ်ပြီး ယင်းကြိုတင်မဲများကိုလည်း ကြံ့ဖွတ်ပါတီကိုသာ ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြိုတင်မဲ...

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် မိုင်းရှာရန် ထွက်လာသော ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်၊ ရေတာရှည်တွင် ပိတောက်ဆန်းရွာ ရာအိမ်မှူး အောင်လင်း၏ နေအိမ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု အောင်လင်း အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် မိုင်းရှာရန် ထွက်လာသော ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးနိုင်ကြောင်း Brave Heart Army -BHA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅၅မိနစ်ခန့်အချိန်...

ရွှေဘိုမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၂၀ အတွက် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး၊ မြို့လှမြို့တွင်လည်း ပေါ်တာဆွဲမှု အခြေအနေ အလွန်ဆိုးရွားနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ပေါ် တွင် စစ်မှုထမ်းအပတ်စဉ် ၂၀ အတွက် လူငယ် ၁၀၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာလ ၅...

မိုးကုတ်အရှေ့ပိုင်း မြို့ပြင် ဆက်အင်းပြန့်ရွာအနီး စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ မန္တလေးတိုင်း၊ မိုးကုတ်အရှေ့ပိုင်း မြို့ပြင် ဆက်အင်းပြန့်ရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေး တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး...

ဘားအံမြို့နယ်တွင် ခိုလှုံနေသော စစ်ဘေးရှောင် ၁၀၀၀ ကျော်ကို ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည်သူနှင့် မဲစာရင်းပါဝင်သူများကိုသာ ထောက်ပံ့ကြေးပေးမည်ဟု အကျပ်ကိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် လာမည့် ရွေးကောက်ပွဲအတွင်း ဆန္ဒမဲပေးမည့်သူနှင့် မဲစာရင်းပါသူများကိုသာ စစ်ဘေးရှောင် ထောက်ပံ့ ကြေးပေးတော့မည်ဟု စစ်တပ်က အကျပ်ကိုင်လာကြောင်း ယင်း စခန်းရှိ စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့၌ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာ၊...

ကောလင်းနှင့် နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မိခင်ဖြစ်သူပွဲချင်းပြီး သေဆုံးပြီး အသက် ၃ လ နှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မိခင်ဖြစ်သူ ပွဲချင်းပြီး သေဆုံးပြီး အသက် ၃ လနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့...

Latest news

- Advertisement -spot_img