23 C
Yangon
spot_img

CATEGORY

News

စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၃ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စဉ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိ က...

စစ်သား ၈၀ ဝန်းကျင်သေဆုံးခဲ့သော ခင်ဦးတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများကို တော်လှန်ရေးရဲဘော်များထံသို့ ဂုဏ်ပြု ချီးမြှင့်

ရန်ကုန်၊ ဒီဇင်ဘာ ၃ အကြမ်းဖက် စစ်တပ်မှ စစ်သား ၈၀ ဝန်းကျင်သေဆုံးခဲ့သော ခင်ဦးတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများကို တော်လှန်ရေးရဲဘော်များထံသို့ ဂုဏ်ပြု ချီးမြှင့်လိုက်ကြောင်း ခင်ဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂ ရက်နေ့ ခင်ဦးမြို့နယ်၊ မြို့နယ်...

စစ်တပ်နှင့် မပူးပေါင်း၊ မဆောင်ရွက်နိုင်လျှင် အစိုးရသစ်တက်လာပြီး နောက်နေ့ ပြုတ်ကျမည်ဟု ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ ပြော

ရန်ကုန်၊ အကြမ်းဖက် စစ်တပ်နှင့် မပူးပေါင်း၊ မဆောင်ရွက်နိုင်လျှင် အစိုးရသစ်တက်လာပြီး နောက်နေ့ ပြုတ်ကျမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီက ပြောဆိုလိုက်သည်။ နိုဝင်ဘာလ ၂၇ ရက်နေ့ ပုသိမ်မြို့တွင် ပြုလုပ်သော ကြံ့ဖွတ်ပါတီ၏ မဲဆွယ်စည်းရုံးပွဲတွင် ကြံ့ဖွတ်ခင်ရီက ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာတွင် စစ်တပ်နှင့်အဆင်ပြေသော ပါတီကိုသာလျှင် မဲပေးရမည်ဖြစ်ကြောင်း၊...

ဘုတလင်မြို့နယ်၊ ကံသာကျေးရွာကို Gyrocopter ၂ စီးဖြင့် စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှု ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၂ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသာကျေးရွာကို Gyrocopter ၂ စီးဖြင့် စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှု ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်...

ညိုစော ဝန်ကြီးချုပ်ဖြစ်ပြီး ၄ လကျော်အကြာ လာဘ်ပေးလာဘ်ယူမှုများ၊ နီးစပ်သူများကို လုပ် ငန်း နှင့်လိုင်စင်ချထားပေးမှုများ၊ အလွဲ သုံးစားလုပ်နေသော လက်အောက် ငယ်သားများကို အကာ အကွယ်ပေးမှုများဖြင့် နာမည်ပျက် အပုတ်နံ့လှိုင်ထွက်လာ

ရန်ကုန်၊ ဒီဇင်ဘာ ၃ ဗိုလ်ချုပ်ကြီးဟောင်း ညိုစောမှာ ဝန်ကြီးချုပ်ဖြစ်ပြီး ၄ လကျော်အကြာ လာဘ်လာဘ်ယူမှုများ၊ နီးစပ်သော အသိုင်းအ၀ိုင်းကို လုပ်ငန်းလုပ်ခွင့်နှင့် လိုင်စင်ချထားပေးမှုများ၊ အလွဲသုံးစား လုပ်နေသော လက်အောက်ငယ်များကို အကာအကွယ်ပေးမှုများဖြင့် နာမည်ပျက် အပုတ်နံ့လှိုင်ထွက်လာသော်လည်း တစ်စုံတစ်ရာ အရေးယူမှု မရှိသေးကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြော ဆိုသည်။ ယခုနှစ်၊...

မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Myaung Drone Force MDF မှ တာဝန်ခံ ကျားခင်စိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၁ ရက်နေ့...

ရွှေဘိုမြို့ ကန်တော်ဂိတ်တွင် စစ်သားများက ပြည်သူများထံမှ နေ့စဉ် ဓားပြတိုက်ပြီး ငွေကျပ် သိန်းရာချီ တောင်းယူ၊ သီပေါမြို့နယ်တွင်လည်း စစ်သား ၂ ဦးက ဈေးဆိုင် ၂ ဆိုင်ကို ဓားပြဝင်တိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အထွက် ကန်တော်ဂိတ်တွင် အကြမ်းဖက် စစ်သားများက ပြည်သူများထံမှ နေ့စဉ် ဓားပြတိုက်ပြီး ငွေကျပ် သိန်းရာချီ တောင်းယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခတ်သတင်းဌာနသို့ ပြောဆိုသည်။ အဆိုပါ ကန်တော်ဂိတ်ကို အကြမ်းဖက် စစ်တပ်က ထိန်းချုပ်ထားပြီး ရွှေဘိုမြို့ရှိ ခြေမြန်တပ်ရင်းဖြစ်သော ခမရ ၁၁...

နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် စက်တပ်လေထီးများဖြင့် ဗုံးကျဲ၊ ဆောမြို့နယ် အတွင်းကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင်...

ကြံ့ဖွတ်ပါတီက မဲဆွယ်စည်းရုံးပွဲများနှင့် ဆိုင်းဘုတ်တင်ပွဲများတွင် ငွေပေး လူခေါ်ယူသည့် စရိတ်များကို ရွေးကောက်ပွဲအသုံးစရိတ်တွင် ထည့်သွင်းခြင်းမပြု၊ လူ ၁ ဦးလျှင် နေ့စားခ ငွေကျပ် ၂ သောင်းနှုန်းဖြင့် ကြံ့ဖွတ်က မဲဆွယ်ပွဲတက်ရန် ငှားရမ်း

ရန်ကုန်၊ ဒီဇင်ဘာ ၂ ကြံ့ဖွတ်ပါတီက မဲဆွယ်စည်းရုံးပွဲများနှင့် ဆိုင်းဘုတ်တင်ပွဲများတွင် ငွေပေး၍ လူများ ခေါ်ယူသည့် စရိတ်များကို ရွေးကောက်ပွဲအသုံးစရိတ်တွင် ထည့်သွင်းခြင်းမပြုကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။ နိုင်ငံတစ်ဝန်းတွင် ကြံ့ဖွတ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးလှုပ်ရှားများနှင့် ဆိုင်းဘုတ်တင်ပွဲများ ပြုလုပ်နေရာတွင် လူ ၁ ဦးလျှင် ငွေကျပ်...

မုံရွာမြို့ပေါ်မှ ဈေးရောင်းပွဲတော်သို့ လာလည်ပတ်သည့် လူငယ် ၃၂ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ပြည်သူ့ ဥယျာဉ်တွင် ကျင်းပပြုလုပ်နေသည့် ဈေးရောင်းပွဲအတွင်း စတိတ်ရှိုး ပွဲကြည့်ပြီး ပြန်လာသော လူငယ် ၃၂ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့...

Latest news

- Advertisement -spot_img