30 C
Yangon
spot_img

CATEGORY

News

ရွှေဘို၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ မလား၊ မခေါက်ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး ရွာများကို မီးရှို့နေ

ရန်ကုန်၊ ဧပြီ ၂၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ မလား၊မခေါက်ကျေးရွာများကို ယနေ့ ညနေ ၆ နာရီကျော်အချိန် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ကျေးရွာများကို မီးရှို့လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "ရွှေဘိုမှာ စဥ့်အိုး လုပ်တဲ့ရွာ။ ကျောက်မြောင်းမြို့နယ်ခွဲမှာရှိတဲ့...

ဘားအံကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး မတရားရိုက်နှက်ခံရ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၂၇ ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို မတရားရိုက်နှက်၍ ဘားအံထောင်တွင် နိုင်ငံရေးအကျဥ်းသားများ ဆန္ဒပြလျက်ရှိပြီး ထောင်အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းရန်ပြင်ဆင်မှုများရှိနေကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်း ဘားအံထောင်အတွင်းတွင် နိုင်ငံရေးအကျဉ်း သားတစ်ဦးကို...

စစ်ကိုင်းမှ မုံရွာ ဘက်သို့ ဆင်းလာသော စစ်ကားများ မိုင်းဆွဲခံရပြီး ၅စီးထိမှန် စစ်သား ၁ဝ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၇ စစ်ကိုင်းမှ မုံရွာသို့ ဆင်းလာသည့် စစ်ကား ၁၃၆ စီးကို ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၁နာရီ ၄၅ မိနစ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၅စီးထိမှန်ကာ ၁စီး...

မကွေးတွင် ပျူစောထီး အဖွဲ့ဝင် အောင်ဘောနှင့် မန္တလေးတွင် စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူ မျိုးနိုင်တို့ ပစ်ခတ်ခံရကာ သေဆုံး၊ ရန်ကုန်ခရမ်းတွင်လည်း ဆယ်အိမ်မှူး သုမောင်သေဆုံး

ရန်ကုန်၊ ဧပြီ ၂၇ မကွေးတိုင်း မြို့သစ်မြို့ ဖိုးကုန်းကျေးရွာတွင်နေထိုင်သော ပျူစောထီး အဖွဲ့ဝင် အောင်ဘောကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဧပြီလ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၅ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။...

ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်ကားယာဉ်တန်း မိုင်းဆွဲခံရပြီး ဒေသခံ ပြည်သူများနှင့် လမ်းသွား လမ်းလာ များကို စစ်တပ်က ပစ်ခတ်နေ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဧပြီ ၂၇ ရွှေဘို-မန္တလေး လမ်းပိုင်းတွင် ယနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၃နာရီခန့်၌ စိုင်နှိုင်ကြီး-စိုင်နှိုင်လေးရွာအနီး စစ်ကောင်စီ ယာဉ်တန်းများ မိုင်းဆွဲ ခံရ ပြီးနောက် ကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်က သေနတ်များဖြင့် ပစ်ခတ်နေသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး လမ်းသွား...

ရန်ကုန်မြို့လယ်ခေါင်တွင် သိန်းထောင်ချီငွေသား သယ်ဆောင်သည့် ရွှေကုန်သည်တစ်ဦးကို စစ်တပ်က ဖမ်းဆီးပြီး ငွေညှစ်၊ ကုန်သည်ဖြစ်ကြောင်း သက်သေပြနိုင်သည့်တိုင် စစ်တပ်ကို ငွေကျပ် ၄၈၀၀၀၀ ဆက်ကြေးပေးခဲ့ရ

ရန်ကုန်၊ ဧပြီ ၂၇ ရန်ကုန်မြို့လယ်ခေါင်တွင် ငွေကျပ် သိန်းထောင်ချီ ငွေသား သယ်ဆောင်လာသည့် ရွှေလုပ်ငန်းရှင်တစ်ဦးကို စစ်တပ်က ယမန်နေ့ညနေပိုင်းက ဖမ်းဆီးပြီး ငွေညှစ်မှု တစ်ရပ်ဖြစ်ပွားကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။ ဧပြီလ ၂၆ ရက်နေ့ ညနေ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်း ၊ KBZ ဘဏ်ရုံးရှေ့တွင်...

မန္တလေး ပုသိမ်ကြီးမြို့နယ် NLD ဥက္ကဠ ဦးစိုးဆင့်ကို စစ်တပ်က အင်အားသုံး ဖမ်းဆီး၊ ထားဝယ်တွင်လည်း စစ်တပ်က ပြည်သူ ၇ ဦးကို အကြောင်းမဲ့ ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၂၇ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် NLD ဥက္ကဠ ဦးစိုးဆင့်ကို အကြမ်းဖက် စစ်တပ် တပ်မ ၃၃ က ယနေ့ ဧပြီလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ပုသိမ်ကြီး မြို့နယ် ဆင်ရွာတော ကျေးရွာတွင် အင်အားသုံး...

မုံရွာ၊ ဘိုးဘွားရိပ်သာအဝိုင်းပတ်ရှိ စစ်ကောင်စီဂိတ်စခန်းကို မုံရွာပြောက်ကျားအဖွဲ့များ ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၃ ဦးနှင့် ရဲ ၁ ဦးသေဆုံး၊ ဂန့်ဂေါရှိ စစ်ကောင်စီကင်းပုန်း အတိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဘိုးဘွားရိပ်သာအဝိုင်းပတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ စခန်းချသော စစ်ဆေးရေးဂိတ်တခုကို ယနေ့ ဧပြီလ ၂၇ ရက် နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ ပြောက်ကျားတပ်ဖွဲ့များ၊ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဝင်တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးနှင့် ရဲ ၁...

မလေးရှားအစိုးရအနေဖြင့် NUG အစိုးရနှင့်ဆက်သွယ်ဆောင်ရွက်မှုများရှိနေဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆို၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUCC ဥက္ကဋ္ဌတို့နှင့်တွေ့ဆုံ

ရန်ကုန်၊ ဧပြီ ၂၇ မလေးရှားအစိုးရအနေဖြင့် NUG အမျိုးသားညီညွတ်ရေးအစိုးရနှင့်ဆက်သွယ်ဆောင်ရွက်မှုများရှိနေပြီဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆိုလိုက်ကြောင်း Benar News နှင့် The Diplomat သတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မလေးရှားအစိုးရသည် မြန်မာနိုင်ငံမှ NUG အစိုးရနှင့် စေ့စပ်ဆွေးနွေးခဲ့ကြောင်း၊...

ထီးလင်းတွင် စစ်တပ်က ရွာဦးကျောင်းဆရာတော်၊ ကိုရင်ငယ်နှင့်သက်ကြီးရွယ်အို အပါအဝင် ပြည်သူ ၂၀ ဦးကို ဓားစာခံထိန်းသိမ်းပြီး သတ်မည်ဟု ခြိမ်း ခြောက် အကျပ်ကိုင်၍ ပိတ်မိနေသောစစ်တပ်ကို လမ်းဖွင့်ပေးခဲ့ရ

ရန်ကုန်၊ ဧပြီ ၂၇ မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ရွာဦးကျောင်းဆရာတော်၊ ကိုရင်ငယ်နှင့်သက် ကြီးရွယ်အို အပါအဝင် အပြစ်မဲ့ ပြည်သူ ၂၀ ဦးကို ဓားစာခံထိန်းသိမ်းပြီး သတ်မည်ဟု ခြိမ်းခြောက်အကျပ်ကိုင်၍ ပိတ်မိနေသောစစ်တပ်ကို လမ်းဖွင့်ပေးခဲ့ရကြောင်း ထီးလင်း YDF က သတင်းထုတ်ပြန်သည်။ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်း...

Latest news

- Advertisement -spot_img