26 C
Yangon
spot_img

CATEGORY

News

ရခိုင်တွင် ပြဿနာဖြစ်လာလျှင် “စစ်တပ်ကို အဆိုးမဆိုနဲ့” ဟု AA ကို စစ်တပ် က တုံ့ပြန်၊ “လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်ကို သူတို့ပဲ ခံစားရမယ်” ဟု အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်းပြောဆို

ရန်ကုန်၊ မေ ၁၉ ရခိုင်တွင် ပြဿနာဖြစ်လာလျှင် "စစ်တပ်ကို အဆိုးမဆိုနဲ့" ဟု AA ကို အကြမ်းဖက်စစ်တပ် တုံ့ပြန်ပြောဆိုလိုက်ပြီး "လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်ကို သူတို့ပဲ ခံစားရမယ်" ဟု အကြမ်းဖက်စစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။ AA နှင့်ပတ်သက်၍...

မြ၀တီမြို့နယ်၊ လေးကေ့ကော်ကို စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲမှု ၃ ဦးဒဏ်ရာရ၊ ထိုင်းဘက်သို့ စစ်ဘေးရှောင် ၅၀၀ နီးပါး ထွက်ပြေးခိုလှုံရ၊ မြ၀တီမှ စစ်ကား အစီး ၂၀ ဝန်းကျင် တက်သွား

ရန်ကုန်၊ မေ ၁၉ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏သေ့ဘောဘိုး စခန်းကို စစ်တပ်က ဆုံးရှုံး လက် လွှတ် လိုက်ရပြီးနောက် ယနေ့ နံနက်အစောပိုင်းတွင် လေးကေ့ကော်ကို လေယာဉ်များဖြင့် လာရောက် ဗုံးကျဲရာ ပြည်သူ့ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးစိုးရိမ်ရကြောင်း PDF...

မြိုင်မြို့နယ်၊ ပန်းတိုင်းတောကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက် မီးရှို့ဖျက်ဆီးနေ၊ ဘုတလင်မြို့နယ်၊ ရေဘုတလင်ကျေးရွာ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျ

ရန်ကုန်၊ မေ ၁၉ မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ပန်းတိုင်းတောကျေးရွာကို ယနေ့ မေလ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်သားများနှင့် လက်ပါးစေ ပျူစောထီးများ သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး အများပြည်သူပိုင် နေအိမ်များကို မီးတင်ရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။"ဒီနေ့မနက် ၇ နာရီအချိန်တွင် မြိုင်နယ်တောင်ပိုင်း ပန်တိုင်းတောကျေးရွာကို...

ရန်ကုန်မြို့လယ်ခေါင် ၊ မြို့တော်ခန်းမရှေ့တွင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် စစ်တပ်ထောက်ခံပွဲလုပ်ရန် လူစုနေပြီး လမ်းများ ပိတ်ဆို့ထား

ရန်ကုန်၊ မေ ၁၉ ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမရှေ့တွင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် တပ်ထောက်ခံပွဲ လုပ်ရန် လူစုနေပြီး လမ်းများပိတ်ဆို့ထားကာ စစ်တပ်က လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားကြောင်း သိရှိရသည်။ မေလ ၁၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်မှစတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုပန်းခြံကားပါကင် မြေကွက်လပ်တွင် စစ်တပ်ထောက်ခံပွဲနှင့်...

မင်းအောင်လှိုင်၏ အသက် ၆၂ နှစ်ပြည့်မှ ဝန်ထမ်းများ အငြိမ်းစားယူခွင့် ပြုမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် အသက် ၆၀ ပြည့် ဝန်ထမ်း ၂၈၄၁ ဦးကို အငြိမ်းစားယူခွင့် ပယ်ဖျက်ပြီး ဆက်အလုပ်လုပ်ခိုင်း

ရန်ကုန်၊ မေ ၁၉ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ထမ်းများကို အသက် ၆၂ နှစ်ပြည့်မှ အငြိမ်းစားယူခွင့် ပြုမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် အသက် ၆၀ ပြည့် ဝန်ထမ်း ၂၈၄၁ ဦးကို အငြိမ်းစားယူခွင် မပေးဘဲ ပယ်ဖျက်ကာ ဆက်လက် အလုပ်လုပ်ရန် အမိန့်ထုတ်လိုက်ကြောင်း...

ရေစကြို ၄ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရမိ၊ တနင်္သာရီမြို့နယ်တွင် စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၈ မကွေးတိုင်း၊ရေစကြိုမြို့နယ် ၄ ရက်တိုက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် မှ ၃ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရမိကြောင်း MG6ပြောက်ကျားတပ် (မြင်းခြံခရိုင် အမှတ်၅ တပ်ရင်း)က သတင်းထုတ်ပြန်သည်။ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသသို့အင်အား ၁၀၀ ဝန်းကျင်ဖြင့်စစ်ကြောင်းထိုးလာသော...

တောင်ဒဂုံ၊ ရိုးမရိပ်သာလမ်းမကြီးပေါ်တွင် စစ်ကောင်စီခန့် ၇၁ ရပ်ကွက် ရာအိမ်မှူး လူမိုက် ပြုံးချို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၁၈ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြိုနယ် စစ်ကောင်စီခန့် ၇၁ ရပ်ကွက်ရာအိမ်မှူး လူမိုက် ပြုံးချိုသည် ယနေ့ ညနေ ၅ နာရီခွဲမတိုင်မီ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ပြုံးချိုသည် စစ်ကောင်စီတပ်၏ အမာခံသတင်းပေးဖြစ်ပြီး ရပ်ကွက်ရာအိမ်မှူးလည်းဖြစ်ကြောင်း၊ ယနေ့ ညနေ ၅...

ရေဦးမြို့နယ်တွင် ကက္ကိုစု ကျေးရွာသား ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး မူးသာကုန်းရွာကို မီးရှို့ဖျက်ဆီး၊ ရေစကြိုတွင်လည်း စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်

ရန်ကုန်၊ မေ ၁၈ စစ်ကိုင်းတိုင်း ခင်ဦးနှင့် ရေဦး မြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ဝင်ရောက် စီးနင်းပြီး ကက္ကိုစု ကျေးရွာသား ၂ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း...

သေ့ဘောဘိုးစစ်စခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာ၍ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်၊ သေ့ဘောဘိုးစခန်း ကို ပူးပေါင်း တပ်ဖွဲ့ရရှိသိမ်းပိုက်နိုင်ပြီဟု သတင်းထွက်ပေါ်

ရန်ကုန်၊ မေ ၁၈ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် ထိုင်း-မြန်မာနယ်စပ်အနီးရှိ သေ့ဘောဘိုးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်း (KNLA ပူးပေါင်းတပ်ဖွဲ့) ကြား ယမန်နေ့ မေလ ၁၇ ရက် ညမှစ၍ တိုက်ပွဲများပြင်းထန်နေပြီး ယနေ့နေ့လယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။"တိုက်လေယာဉ်နဲ့ လာပစ်တာကတော့...

သန်လျင်နှင့်အင်းစိန်တွင် ဆိုင်ကယ်များ စစ်တပ်က ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ဆောင်၊ မည်သည့်နေရာမှ ဆိုင်ကယ်မစီးရဟု စစ်သားများ အော်ဟစ်ပစ်ခတ်

ရန်ကုန်၊ မေ ၁၈ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်နှင့်အင်းစိန်မြို့နယ်တွင် ယနေ့ ဆိုင်ကယ်များကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၍ ရပ်တန့်ခိုင်းပြီး သိမ်းဆည်းခြင်းများ၊ မည်သည့်နေရာမှ ဆိုင်ကယ်မစီးရဟုဆိုကာ သိမ်းဆည်းမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။မေလ ၁၈ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး သန်လျင်မြို့နယ်နေရာအများအပြားတွင် စစ်တပ်က ကင်းများ ချထားကာ ဆိုင်ကယ်များကို...

Latest news

- Advertisement -spot_img