30 C
Yangon
spot_img

CATEGORY

News

ကျွန်းစုမြို့နယ်တွင် PDF အယောင်ဆောင်ပြီး ငွေကြေးတောင်းခံနေသော ကြံ့ဖွတ်ပါတီမှ ပျူစောထီး ခေါင်းဆောင် တင်စိုး၏ ညီတစ်ဝမ်းကွဲဖြစ်သူ ကျော်ဝင်း ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် PDF အယောင်ဆောင်ပြီး ငွေကြေးတောင်းခံနေသော ကြံ့ဖွတ်ပါတီမှ ပျူစောထီး ခေါင်းဆောင် တင်စိုး၏ ညီတစ်ဝမ်းကွဲဖြစ်သူ ကျော်ဝင်း ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်...

ဆားလင်းကြီးမြို့နယ်၊ ရေခါးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦးကို ဖမ်းဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၁ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရေခါးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ စစ်တပ်က အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့...

လက်ပံတန်းမြို့နယ်၊ ကျောက်တွင်းရွာ လမ်းဆုံရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ကျောက်တွင်းရွာ လမ်းဆုံရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတန်းမြို့နယ်၊...

ချောင်းဦးမြို့နယ်ရှိ ကျီကုန်းရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို ပစ်သတ်၊ နတ်တလင်းတွင် PDF ဒရုန်း သင်တန်းဆင်းပွဲနှင့် ကျေးရွာများကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဒီဇင်ဘာ ၁ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျီကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာကို အကြမ်းဖက် စစ်တပ်က...

တောင်ငူမြို့နယ်တွင် နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးက ညီဖြစ်သူ PDF တပ်ဖွဲ့ဝင်ထံ ချိတ်ဆက်ပြီး အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၁ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးက ညီဖြစ်သူ PDF တပ်ဖွဲ့ဝင်ထံ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း PDF - Tatkon Battalion 803 မှ တပ်ရင်းမှူး...

ဗန်းမော်တွင် စစ်တပ်က ထိုးစစ်များ ပြန်လည်ဆင်နွှဲလာပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူပြော၊ တော်လှန်ရေးတပ်များ၏ စနိုက်ပါ ထိမှန်၍ ခမရ ၃၂၀ မှ ဗိုလ်ကြီးအောင်ကိုကို မျက်လုံးကျွတ်ထွက် သေ

ရန်ကုန်၊ ဒီဇင်ဘာ ၁ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စစ်တပ်က ထိုးစစ်များ ပြင်းပြင်းထန်ထန် ပြန်လည် ဆင်နွှဲလာပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက် တိုက် လုပ်ဆောင်နေကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့မှစတင်၍ စစ်တပ်က ဗန်းမော်မြို့ပေါ်တွင် ထိုးစစ်များ...

စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်က လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးပြီး လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းကာ မရွေးနိုင်သော လူငယ်များကို တောင်ကြီးစစ်သား စုဆောင်းရေးတပ်သို့ပိုဆောင်

ရန်ကုန်၊ ဒီဇင်ဘာ ၁ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်က လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းကာ မရွေးနိုင်သော လူငယ်များကို တောင်ကြီးမြို့ရှိ စစ်သားစုဆောင်းရေးတပ်များထံသို့ ပို့ဆောင်လိုက်ကြောင်း ဖမ်းဆီးခံလူငယ်များ၏...

တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့တွင် ကိုရီးယားမြန်မာပူးပေါင်းကာ စစ်အာဏာရှင် ကျရှုံးရေး ဆန္ဒပြပွဲကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာ ၁ တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့တွင် ကိုရီးယားမြန်မာပူးပေါင်းကာ အကြမ်းဖက်စစ်အာဏာရှင် ကျရှုံးရေး ဆန္ဒပြပွဲကျင်းပခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲတွင် ' ဒီဇင်ဘာလတွင် ပြုလုပ်မည့် အတုယောင်ရွေးကောက်ပွဲအလိုမရှိ၊ ထွက်ပေါက်မဟုတ်ဘူးထောင်ချောက်၊ အာဏာရှင်စနစ်ကျဆုံးရေး' စသောကြွေးကြော်သံများကြွေးကြော်ကာ ဆန္ဒပြခဲ့​ကြောင်းသိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou...

ထိုင်းဘက်သို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးများကျရောက်ပြီးနောက်​ သောင်ရင်းမြစ်ကို ဖြတ်ကူးသော နယ်စပ်ဂိတ်များအားလုံးကို ထိုင်းအာဏာပိုင်များက ၇ ရက်တိတိ ပိတ်ပင်

ရန်ကုန်၊ ဒီဇင်ဘာ ၁ ထိုင်းဘက်သို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးများကျရောက်ပြီးနောက်​ သောင်ရင်းမြစ်ကို ဖြတ်ကူးသော နယ်စပ်ဂိတ်များအားလုံးကို ထိုင်းအာဏာပိုင်များက ၇ ရက်တိတိ ပိတ်ပင်လိုက်ကြောင်း ထိုင်းစစ်တပ်က တရားဝင် ကြေညာချက် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာရှိ KNU က စုံစမ်းစစ်ဆေးရေး...

မိုးကုတ်မြို့ ပြင် အရှေ့ပိုင်းနှင့်အနောက်ပိုင်း နှစ်ဖက်စလုံးတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းများက မြို့ပြင်ဘက်သို့ ထွက်ခွာလာနေမှုကြောင့် အဓိက ဟုဆို၊ မိုးကုတ်မြို့ပေါ်တွင် ဗိုလ်မှူးချုပ် အဆင့်ရှိ စစ်အရာရှိက အထိုင်ချ ကွပ်ကဲနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁ မန္တလေးတိုင်း၊ မိုးကုတ်မြို့ ပြင် အရှေ့ပိုင်းနှင့်အနောက်ပိုင်း နှစ်ဖက်စလုံးတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းများက မြို့ပြင်ဘက်သို့ ထွက်ခွာလာနေမှုကြောင့်ဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ညနေပိုင်း မိုးကုတ်မြို့ပြင် အနောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင်လည်း မိုးကုတ်မြို့ပြင် အရှေ့ပိုင်းနှင့်...

Latest news

- Advertisement -spot_img