27 C
Yangon
spot_img

CATEGORY

News

ကွတ်ခိုင်ရှိ စစ်ကောင်စီဗျူဟာကုန်း တိုက်ခိုက်ခံရ၊ နမ့်ခမ်းရှိ စစ်ကောင်စီစခန်းကုန်းကိုလည်း KIA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁ မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းမှု ၁ နှစ်ပြည့် ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်နှင့် နမ့်ခမ်းမြို့များရှိ စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ၏ ခလရ ၄၅ အခြေစိုက်ရာ ဗျူဟာကုန်းကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တစ်ခုက...

မြစ်ကြီးနား အမှတ် ၃၀ ရဲတပ်ရင်းအနီး ဗုံးကွဲပြီးနောက် စစ်တပ်က ရမ်းကားပစ်ခတ်၍ ၇ နှစ် အရွယ် မောင်ဘုန်းခန့်ထည် ကျည်ထိ ကွယ်လွန်၊ စစ်တပ်က အလောင်း လုယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင်လည်း ယနေ့ နံနက် ၆ နာရီအချိန် လယ်ကုန်းရပ်ကွက် ရှိ အမှတ် ၃၀ ရဲတပ်ရင်း အနီး ဗုံးကွဲမှု ဖြစ်ပေါ် ပြီးနောက် စစ်တပ်က သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်မှု...

ရန်ကုန် တိုက်ကြီးစစ်မှုထမ်းဟောင်း အိမ်ရာ၊ မြောင်းတကာရဲစခန်း၊ လှိုင်သာယာ၊ မရမ်းကုန်း၊ တာမွေ၊ မင်္ဂလာဒုံတို့တွင် ဗုံးများပေါက်ကွဲ၊ မြစ်ကြီးနားတွင် ဗုံးကွဲပြီးနောက် စစ်တပ်ရမ်းကားပစ်ခတ်၍ ၇ နှစ်ကလေးငယ် ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရန်ကုန် တိုက်ကြီးစစ်မှုထမ်းဟောင်း အိမ်ရာ၊ မြောင်းတကာရဲစခန်း၊ လှိုင်သာယာ၊ မရမ်းကုန်း၊ တာမွေ၊ မင်္ဂလာဒုံတို့တွင် ဗုံးတွေ့ရှိမှုများနှင့် ဗုံးများပေါက်ကွဲမှုများ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။ ယနေ့နံနက် ၆ နာရီ...

စစ်အာဏာသိမ်းမှုအောက်တွင် နေထိုင်နေရသည့် မြန်မာပြည်သူများကို မေ့မထားဟု အမေရိကန်သမ္မတပြောဆို၊ ဒီမိုကရေစီ ပြန်မသွားလျှင် စစ်တပ်နှင့်နောက်လိုက်များကို ဒဏ်ခတ်အရေးယူမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်နှင့် စစ်တပ်၏ စစ်အာဏာသိမ်းမှု လက် အောက်တွင် နေထိုင်နေရသည့် မြန်မာပြည်သူများကို မေ့လျော့ထားခြင်းမရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာစစ်တပ်၏အာဏာသိမ်းမှု ၁ နှစ်ပြည့်အချိန်တွင် မိန့်ခွန်း တစ်ရပ် ထုတ်ပြန်ပြောဆိုလိုက်သည်။အဆိုပါ မိန့်ခွန်းတွင် အမေရိကန်သမ္မတက စစ်တပ်၏အာဏာသိမ်းယူခြင်းနှင့် အရပ်သားပြည်သူများကို...

ကနီတွင် စစ်ကောင်စီ ရေယာဉ်အုပ်စု ၃ကြိမ် တိုက်ခိုက်ခံရပြီး စစ်သား ၃ဝ ထက်မနည်း သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၁ စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ကင်းရွာနှင့် ရွာအနီးတွင် တပ်ချ ထားသော အကြမ်းဖက် စစ်ကောင်စီ ရေယာဉ်အုပ်စုကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဝထက်မနည်း သေဆုံးကြောင်း People's Defense Force...

စစ်ကောင်စီခန့် တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ အကျင့်ပျက်ခြစားမှု ကော်မရှင်ဥက္ကဋ္ဌ၊ ဦးတေဇနှင့်သားသမီး ၂ ဦး၊ ဂျော်နသန်မျိုးကျော်သောင်း၊ စီးပွားရေးကုမ္ပဏီ ၁ ခု၊ စစ်တပ်ဌာန ၁ ခုတို့ကို အမေရိကန်က ပိတ်ဆို့ အရေးယူ၊ ဗြိတိန်နှင့်ကနေဒါပါ ပူးပေါင်းပါဝင်

ရန်ကုန်၊ ဇန်နဝါရီ ၃၁ စစ်ကောင်စီခန့် တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ အကျင့်ပျက်ခြစားမှု ကော်မရှင်ဥက္ကဋ္ဌ၊ ဦးတေဇနှင့်သားသမီး ၂ ဦး၊ ဂျော်နသန်မျိုးကျော်သောင်း၊ စီးပွားရေးကုမ္ပဏီ ၁ ခု၊ စစ်တပ်ဌာန ၁ ခုတို့ကို အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူလိုက်ပြီး ဗြိတိန်နှင့်ကနေဒါ ပူးပေါင်းပါဝင်ကြောင်း အမေရိကန်အစိုးရက...

စစ်ကောင်စီတပ်၏လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး သေဆုံး၊ KNU တပ်မဟာ ၅ နယ်မြေကို စစ်တပ်က တိုက်လေယာဉ်များ ပစ်ခတ်ရုံမျှမက လက်နက်ကြီးများဖြင့်ပါပစ်ခတ်

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ဒေသရှိ ထီးလော်သေထကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ပစ်ခတ်သဖြင့် လသားအရွယ်ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "၂၉ ရက်နေ့...

ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတား၊ သာကေတ၊ တောင်ဥက္ကလာ တွင် ဗုံးများ ပေါက်ကွဲ၊ မြောက်ဥက္ကလာပတွင် ဗုံးတွေ့၊ မန္တလေးနှင့်ပဲခူးရဲစခန်းအနီးတွင်လည်း ဗုံးပေါက်

ရန်ကုန်၊ ဇန်န၀ါရီ ၃၁ ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတား၊ သာကေတ၊ တောင်ဥက္ကလာ တွင်ယနေ့ တစ်နေကုန် ယခုအချိန်အထိ ဗုံးများ ဆက်တိုက်ပေါက်ကွဲနေပြီး မန္တ လေးတွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်းဒေသကြီး၊...

ပုလဲ မွေ့တုံရွာကို စစ်တပ်က ညအချိန် ပြည်သူပိုင် နေအိမ်များကို မီးရှို့နေ

ရန်ကုန်၊ ဇန်နဝါရီ ၃၁ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက် စီးနင်း တပ်စွဲခဲ့ပြီး ည ၈နာရီခန့်က စတင်ကာ ကျေးရွာတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း...

မုံရွာနှင့် ရေစကြိုရှိ ပျူစောထီး အဖွဲ့ဝင် ၃ဦး သတ်ခံရပြီး ကသာမြို့ စာတိုက်ရုံးတွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဇန်နဝါရီ ၃၁ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူစောထီး တပ်စိတ်မှူးတစ်ဦးဖြစ်သည့် ယဉ်နွယ်သိမ့်(ခ)မီးမီးကို ဇန်နဝါရီလ ၃ဝရက်နေ့ ည ၉နာရီ ၄၅မိနစ်တွင် ဗိုလ်စနေ ဦးဆောင်သည့် အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ ယဉ်နွယ်သိမ့်သည် ပန်းရောင်းသည့်...

Latest news

- Advertisement -spot_img