28 C
Yangon
spot_img

CATEGORY

News

သံအမတ်ကြီးဦးကျော်မိုးထွန်း ဦးဆောင်သော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး၏ ဘဏ်အကောင့်များကို ပိတ်ပင်ရန် အကြမ်းဖက် စစ်တပ်က အဆက်မပြတ် ကြိုးပမ်းသော်လည်း မအောင်မြင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ သံအမတ်ကြီးဦးကျော်မိုးထွန်း ဦးဆောင်သော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး၏ ဘဏ်အကောင့်များကို ပိတ်ပင်ရန် စစ်အုပ်စုက အဆက်မပြတ်ကြိုးပမ်းပြီး ရုံးမလည်ပတ်နိုင်အောင်လုပ်ဆောင်ခဲ့သော်လည်း စစ်တပ်၏ လုပ်ရပ်မှာ မအောင်မြင်ခဲ့ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက PVTV မှတစ်ဆင့် ပြည်သူများသို့ အသိပေးပြောဆိုသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက...

ဆားလင်းကြီးမြို့နယ်တွင် စစ်တပ် အတွက် လစဉ် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးနေသော မြန်မာ-ဝမ်ပေါင် ကုမ္ပဏီနှင့် ဝန်ထမ်းများကို ပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် လစဉ် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးနေသော မြန်မာ-ဝမ်ပေါင် ကုမ္ပဏီနှင့် ဝန်ထမ်းများကို ပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်းဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပုဂ္ဂလိက Non - CDM ဝန်ထမ်း စီမံခန့်ခွဲရေးကော်မတီမှာ တာဝန်ရှိသူတစ်ဦးက...

ပေါက်မြို့နယ်၊ ချက်ကန်ရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ၄ စီးဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ သေဆုံးသူတိုးလာနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချက်ကန်ရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ၄ စီးဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀...

ဝိုင်းမော်တွင် ၅ ရက်တာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ခလရ ၅၈ ၏ ကာကင်းစခန်း ၂ ခုကို KIA က သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား ရရှိထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် ၅ ရက်တာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်တပ်၏ ခလရ ၅၈ ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ရရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှဖေဖော်ဝါရီလ ၉ ရက်နေ့အထိ စစ်တပ်နှင့်...

ထန်တလန်မြို့နယ်၊ တလန်ခွါရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ကလေးငယ်တချို့ အပါအဝင် ထိခိုဒဏ်ရာရရှိသူများပြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ခွါရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိများလည်းရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင်...

ဖားကန့်တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေသောကြောင့် လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်၊ စစ်တပ်က လမ်းများပိတ်ဆို့ထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်နှင့် လုံးခင်းကျေးရွာတို့ဘက်တွင် တိုက်ပွဲ ဖြစ်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေသောကြောင့် လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၄၅...

ချောင်းဦးမြို့နယ်၊ ကျေးရွာများသို့ စစ်ကြောင်းထိုး လှည့်လည်နေသော စစ်တပ်စစ်ကြောင်းမှ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲပြီး ဆေးကြောင် ကျန်ခဲ့သော စစ်သား ၁ ဦးကို အရှင်ဖမ်းဆီးရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျေးရွာများသို့ စစ်ကြောင်းထိုး လှည့်လည်နေသော စစ်တပ်စစ်ကြောင်းမှ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲပြီး ဆေးကြောင် ကျန်ခဲ့သော စစ်သား ၁ ဦးကို အရှင်ဖမ်းဆီးရရှိကြောင်း Youth Vigor Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဖေဖော်ဝါရီလ...

နွားထိုးကြီးမြို့နယ်၊ မြဝတီရွာတွင် စစ်တပ်က ရဲတပ်သားတစ်ဦး၏ မိခင်ကို မုဒိမ်းကျင့်ပြီး အခြားပြည်သူများနှင့်အတူ လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြဝတီရွာတွင် စစ်တပ်က ရဲတပ်သားတစ်ဦး၏ မိခင်ကို မုဒိမ်းကျင့်ပြီး အခြားပြည်သူများနှင့်အတူ လူသားဒိုင်းအဖြစ် ဖမ်းဆီးထား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ နှင့် ဖေဖော်ဝါရီလ ၇ ရက်နေ့တို့တွင် အကြမ်းဖက်...

ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံးပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၂၃ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး အထိနာ၍ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ...

မြိုင်မြို့နယ်၊ ညောင်အုပ်ရွာဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု သံဃာတော် ၂ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး ဘုရားစေတီပုထိုးများနှင့်ကျောင်းဆောင်များ ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ မကွေးတိုင်း၊ မြိုင်မြို့နယ် အရှေတောင်ခြမ်း ညောင်အုပ်ရွာဘုန်းကြီးကျောင်းသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုရားစေတီပုထိုးများနှင့်ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးနှင့်...

Latest news

- Advertisement -spot_img