32 C
Yangon
spot_img

CATEGORY

News

ကလေးမြို့၊ ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီစခန်းကို CDF-KKGနှင့် RKDF တိုက်ခိုက်၊ စခန်းနှင့် စစ်သား အချို့ ထိခိုက်ဒဏ်ရာရ၊ မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ကို ၄ နေရာတွင် တိုက်ခိုက် စစ်သား ထိခိုက်သေဆုံးမှုများရှိ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ စခန်းကို CDF-KKG နှင့် RKDF တပ်ဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁ နာရီတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စခန်းရှိ အဆောက်အဦးများ...

ပြည်ထဲရေး ဌာန အပါအဝင် ဝန်ကြီးဌာနများမှ Non-CDM ဝန်ထမ်းများ၏ ဇနီးများ စစ်သင်တန်း တက်ရန် စစ်ကောင်စီက စာရင်းကောက်ခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ နိုင်ငံတစ်ဝန်းရှိ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများမှ Non-CDM ဝန်ထမ်းများ၏ ဇနီးများ စစ်သင်တန်း ပေးရန် အကြမ်းဖက်စစ်ကောင်စီက စာရင်းကောက်ခံနေကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။ "အခု စာရင်းတောင်းတာကလေ နောက်ပိုင်းစာတွေမထွက်ဘဲဖုံး Fax နဲ့ပဲဇယားပို့ပြီးတောင်းပါတယ်။ စစ် သင်တန်းမတက်ရသေးတဲ့ဝန်ထမ်းများနဲ့...

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာချုပ်အိမ်ကို အကြမ်းဖက်စစ်တပ်က ဝင်စီးပြီး ပစ္စည်းများ လုယူကာ ချိတ်ပိတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာချုပ် သာလွန်ဇောင်းထက်၏ စမ်းချောင်းမြို့နယ်ရှိ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ နံနက် ၉ နာရီတွင် လာရောက် ချိတ်ပိတ်သွားကြောင်း စမ်းချောင်းပြည်သူများက ပြောသည်။ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက်၊ မင်းလမ်း၊ အိမ်အမှတ် ၆၅ ၊ ၅ လွှာတွင်...

မကွေးတိုင်း ကျအိုးကျေးရွာမှ မောင်ချမ်းအေးကို ဒီးဒုတ်ကွင်းရွာပျူစောထီးအဖွဲ့မှ လက်နောက်ပြန်ကြိုးတုပ် ပါးစပ်ထဲ သေနတ်ပြောင်းထည့်ကာ အကြောင်းမဲ့ ပစ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ မကွေးတိုင်း ပေါက်မြို့နယ် အရှေ့တောင်ပိုင်း ကျအိုးကျေးရွာနေ မောင်ချမ်းအေးကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မကွေးတိုင်း ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာမှ ပျူစောထီးအဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများ က ပြောကြားသည်။ “လက်နောက်ပြန်ကြိုးတုပ်ပြီး ဒူးထောက်ပုံစံထား ပါးစပ်ထဲ သေနတ်ပြောင်းထည့်ပြီး...

၁ လ ကျော်ကြာ ပျောက်ဆုံးနေသော နိုင်ငံရေးသမား ဦးအောင်သူကို စစ်တပ်က ဖမ်းဆီးထား၊ ကျန်မာရေး မကောင်းမွန်၍ အသက်အန္တရာယ်စိုးရိမ်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ရန်ကုန်မြို့တွင် ၁ လကျော်ကြာပျောက်ဆုံးလျက်ရှိနေသော နိုင်ငံရေးသမား ဦးအောင်သူ(တံတားနီ)သည် စစ်တပ်၏ ဖမ်းဆီးခြင်းခံထားရပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း မိတ်ဆွေများထံမှ သိရှိရသည်။ ဇန်နဝါရီလ ၈ ရက်နေ့ ရန်ကုန်မြို့၊ ဘောက်ထော်တွင် ဦးအောင်သူ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး စစ်တပ်က ဖမ်းဆီးသွားသည်ဟု မျက်မြင်တချို့ က ပြောဆိုခဲ့နောက်ပိုင်း ၁...

မုံရွာ-ဘုတလင်လမ်းပိုင်း အခွန်ကောက်ခံနေသော စစ်ကောင်စီ တိုးလ်ဂိတ်ကို YGA LPDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်ကားလမ်းပေါ်ရှိ ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များကို အခွန်ကောက်ခံနေသည့် အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင် တိုးလ်ဂိတ်ကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကြီးအောင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ...

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီထုတ်ကုန်များ ရောင်းချခြင်းရှိ၊ မရှိ ဖယ်ခုံ ပအဖနှင့် PDF လိုက်လံစစ်ဆေး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃ ရှမ်း-ကယားအစပ် ဖယ်ခုံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေ ကုမ္ပဏီများ၏ ထုတ်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိကို ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဖယ်ခုံ PDF တပ်ခွဲ ၁၊ ၂၊ ၃ တို့ပူးပေါင်းကာ ဖေဖေါ်ဝါရီလ ၁၁...

ယင်းမာပင် အောင်မိုးကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၂ဝကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု​ကြောင့် ပြာကျပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကန်ချောင်းအုပ်စု အောင်မိုးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂ဝမီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဖြစ်သော Chindwin Peacock (CPPDF)တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက...

ပဲခူးတိုင်း သဲကုန်းရှိ မြသိန်းတန် ဘုရားအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်ခံရပြီး စစ်သား ၅ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ပဲခူးတိုင်း အနောက်ပိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် သဲကုန်းမြို့ရှိ မြသိန်းတန် ဘုရားနီး တပ်စွဲထားသော အကြမ်းးဖက် စစ်ကောင်စီ တပ်ဖွဲ့ကို သဲကုန်း PDFနှင့် ပဲခူး PDF တပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၅နာရီခန့်တွင်...

စစ်ကိုင်း၊ ရှမ်း၊ ပဲခူးနှင့် မန္တလေးတို့တွင် အုပ်ချုပ်ရေးမှူးများ၊ စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူနှင့် မီတာဖတ်စာရေး ၁ ဦး အပါအဝင် ၆ ဦး သတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ စစ်ကိုင်း၊ ရှမ်း၊ ပဲခူးနှင့် မန္တလေးတို့တွင် အုပ်ချုပ်ရေးမှူးများ၊ စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူနှင့် မီတာဖတ်စာရေး ၁ ဦး အပါအဝင် ၆ ဦး သတ်ခံရရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ စစ်ကိုင်း၊ ရှမ်း၊ ပဲခူးနှင့် မန္တလေးတို့တွင်...

Latest news

- Advertisement -spot_img