30 C
Yangon
spot_img

CATEGORY

News

အကြမ်းဖက်စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး နဲ့ သတင်းအချက်အလက်စစ်ဆင်ရေး ယန္တရားများ

By နေဘုန်းလတ် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူလူထုတရပ်လုံးနဲ့ တော် လှန်ရေး အင်အားစုတွေအားလုံးဆင်နွှဲနေကြတဲ့ ပြည်သူ့နွေဦးတော်လှန် ရေးကို ရင်ဆိုင်တုံ့ပြန်နိုင်ဖို့အတွက် စစ်လက်နက်ပစ္စည်းတွေ၊ စစ်အင်အားတွေ၊ နိုင်ငံ့ဘဏ္ဍာတွေ များစွာကို အသုံး ပြုပြီး ရုပ်ပိုင်းဆိုင်ရာစစ်ဆင်ရေး(Physical Warfare) တခုကို ဆင်နွှဲနေသလိုပဲ စိတ်ဓါတ်စစ်ဆင်ရေး(Psychological Warfare) နဲ့ သတင်းအချက်အလက်စစ်ဆင်ရေး...

ဖားကန့်ဗျူဟာကုန်းမှ စစ်တပ်က လုံးခင်းကျေးရွာဘက်သို့ တပ်ဖြန့်နေရာယူလာသဖြင့် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်ပြီး ပြည်သူများ စစ်ဘေးရှောင်

ရန်ကုန်၊ ဧပြီ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာဘက်သို့ စစ်တပ်က တပ်ဖြန့်နေရာယူလာသဖြင့် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်ပြီး ဒေသနေပြည်သူများ စစ်ဘေးရှောင်နေကြကြောင်း ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ဧပြီလ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် KIA ပူးပေါင်းတပ်နှင့်...

နေပြည်တော်နှင့် ရေတာရှည်မြို့နယ် အစပ်သို့ စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းများတွင် စစ်မှုထမ်း တပ်သားသစ်အများအပြားပါဝင်

ရန်ကုန်၊ ဧပြီ ၉ နေပြည်တော်နှင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ် ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားပြီး စစ်မှုထမ်း တပ်သားသစ်များကိုလည်း ထပ်မံ အင်အားဖြည့်တင်းထားနေကြောင်း ဒေသသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်တပ်က နေပြည်တော်နှင့်...

မြန်မာနိုင်ငံတွင် လောင်စာဆီနှင့် မြေဩဇာ ပြတ်လပ်မှုများကြောင့် စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာ ထုတ်လုပ်မှု အကျပ်အတည်းဆိုက်ကာ စီးပွားရေးကိုပါ ခြိမ်းခြောက်လာ

ရန်ကုန်၊ ဧပြီ ၉ အီရန်စစ်ပွဲနောက်ဆက်တွဲ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှုကြောင့် ဖြစ်ပေါ်လာသည့် လောင်စာဆီ အကျပ်အတည်းနှင့် မြေဩဇာ ပြတ်လပ်မှုဒဏ်ကို မြန်မာနိုင်ငံ၏ အားနည်းလှသော စီးပွားရေးက ဆိုးဆိုးရွားရွား ခံစားနေရသည်။ ယင်းအခြေအနေသည် စိုက်ပျိုးရာသီ စတင်ချိန်မှာပင် တောင်သူများအနေဖြင့် လယ်ထွန်စက်များအတွက် ဆီမဖြည့်နိုင်ခြင်းနှင့် မြေဩဇာမရရှိခြင်းတို့ကြောင့် စားနပ်ရိက္ခာလုံခြုံမှုကို ခြိမ်းခြောက်နေသည်။ ပြည်တွင်းစစ်နှင့် အဆမတန်...

နတ်မောက်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ ဧပြီ ၉ မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိ ခိုက်သေဆုံးမှုများရှိကြောင်း အမှတ် ၉၀၂ တပ်ရင်း (People's Defense Force - Natmauk) ထံမှ သိရသည်။ ဧပြီလ ၂...

မြင်းခြံ၊ ဖက်ပင်အိုင်ရွာတွင် စစ်တပ်က ပြည်သူနှင့် PDF ၁၁ ဦးကို သတ်ဖြတ်ပြီး မိခင်အလောင်းလာသယ်သော သားဖြစ်သူကိုပါ ဒရုန်းဖြင့် ထပ်မံဗုံးကျဲ သတ်ဖြတ်

ရန်ကုန်၊ ဧပြီ ၉ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာတွင် စစ်ကောင်စီတပ်က ကျေးရွာနေပြည်သူများနှင့် ကာကွယ်ပေးနေသည့် PDF ရဲဘော် စုစုပေါင်း ၁၁ ဦးကို အစုလိုက် အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ဧပြီလ ၁ ရက်နေ့ ညနေပိုင်း...

မင်းပြားတွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ လေ ကြောင်း ရန်ကြောင့် သင်္ကြန်ကာလ လိုက်နာရမည့် စည်းကမ်းချက်များကို အာရက္ခအစိုးရ ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၉ အာရက္ခပြည်နယ်အတွင်း စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အရပ်သားများရှိရာ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး မင်းပြားမြို့နယ်တွင် လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် APM သတင်းအရ သိရှိရသည်။ ယမန်နေ့ ဧပြီလ ၈ ရက် နံနက် ၈...

အင်ဒိုနီးရှားတွင် မင်းအောင်လှိုင်အပေါ် တိုင်ကြားသည့်အမှုအပေါ် ရှေ့နေချုပ်ရုံးက စတင်ကိုင်တွယ်သည့်အနေဖြင့် ကြီးလေးသော ရာဇဝတ်မှုများ စစ်ဆေးသည့်ဌာနသို့ လွှဲပြောင်း

ရန်ကုန်၊ ဧပြီ ၉ မြန်မာစစ်ခေါင်းဆောင်အပေါ် တရားစွဲဆိုထားသည့် အမှုကို အင်ဒိုနီးရှား ရှေ့နေချုပ်ရုံးက တရားဝင်လက်ခံလိုက်ပြီ ဖြစ်ပြီး ယင်းအမှုကို ကြီးလေးသော ရာဇဝတ်မှုများကို အထူးပြုစစ်ဆေးသည့် ဌာနခွဲသို့ လွှဲပြောင်းပေးကာ စတင်ကိုင်တွယ်နေပြီဖြစ်ကြောင်း ရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနထံသို့ အတည်ပြု ပြောကြားသည်။ ဧပြီလ ၆ ရက်နေ့...

မင်းအောင်လှိုင်က ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် တိုင်းရင်းသားများကို နေရာပေးရန် ငြင်းပယ်ပြီး တိုင်း/ပြည်နယ် ဝန်ကြီးချုပ်နေရာများကို ငယ်ကျွန် လက်မရွံ့ သစ္စာရှိသူများကိုသာ ပြန်လည်ခန့်အပ်

ရန်ကုန်၊ ဧပြီ ၉ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် တိုင်း ရင်းသားများကို နေရာပေးမည်ဟု မကြာ ခဏ ဆိုသလို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ယင်းပြောဆိုမှုကို ငြင်းပယ်ပြီး တိုင်း/ပြည်နယ် ဝန်ကြီးချုပ်နေရာများကို ငယ်ကျွန် လက်မရွံ့ သစ္စာရှိသူများကိုသာ ပြန်လည်ခန့်အပ်လိုက်သည်။ အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်က ခန့်အပ်လိုက်သော တိုင်းနှင့်ပြည်နယ်ဝန်ကြီး...

သုံးစွဲသူအချက်အလက်များ စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့မှုဖြင့် တယ်လီနောကုမ္ပဏီကို မြန်မာသုံးစွဲသူများက နော်ဝေနိုင်ငံ၌ သမိုင်းဝင် တရားစွဲဆို

ရန်ကုန်၊ ဧပြီ ၈ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးစွဲသူတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စစ်ကောင်စီထံသို့ ပေးအပ်ခဲ့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှသုံးစွဲသူများက တယ်လီနောကုမ္ပဏီကို နော်ဝေနိုင်ငံ၌ တရားစွဲဆိုလိုက်ပြီဖြစ်သည်။ ဤအမှုသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် လုံခြုံမှုထက်မကဘဲ၊ စစ်အာဏာရှင်၏ အကြောက်တရားအောက်တွင် အရေးကြီးအချက်အလက်များ ထုတ်ဖော်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဖမ်းဆီးခံရမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊...

Latest news

- Advertisement -spot_img