25.2 C
Yangon
spot_img

CATEGORY

News

ပြည်သူ့စစ် PNO က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၁ အိမ်လျှင် ၃၀,၀၀၀ ကျပ် အဓမ္မကောက်ခံနေ၊ ပျူစောထီး ကဲ့သို့ အဖွဲ့ဖွဲ့ရန် လူစာရင်းကောက်ခံ၊ ပအိုဝ်းလူငယ်များ ရွှေ့ပြောင်းလုပ်သားများအဖြစ် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူများနေ

ရန်ကုန်၊ ဇွန် ၁၇ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO/PNA အဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၁ အိမ်လျှင် ငွေကျပ် ၃၀,၀၀၀ ကို အဓမ္မကောက်ခံနေပြီး၊ ပြည်သူ့စစ်ကဲ့သို့ အဖွဲ့ဖွဲ့ရန် လူစာရင်းများ ကောက်ယူနေခြင်းကြောင့် ပအိုဝ်းလူငယ်များသည် ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ လာရောက်သူ နေ့စဉ်များပြားနေကြောင်း...

အင်းစိန်ထောင်တွင် တိုက်ပိတ်ခံရသော နိုင်ငံရေးအကျဉ်းသား ၁၁ ဦး ရိုက် နှက်ခံရပြီး ဒဏ်ရာများ ဆေးကုသခွင့်မရဘဲ ၂ ဦးဒဏ်ရာ ပြင်းထန်ဟုဆို၊ ဘားအံ ထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသား ၂ ဦး ရိုက်နှက်ခံရပြီး စစ်ဆေးရုံတင်ထားရ

ရန်ကုန်၊ ဇွန် ၁၇ ရန်ကုန်၊ အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၁ ဦး အစာငတ်ဆန္ဒပြ မှု ကြောင့် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရကာ ဒဏ်ရာများ အပြင်း အထန် ရရှိထားကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်"အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁၁ ဦး...

အကြမ်းဖက်စစ်တပ်က လောင်းလုံးမြို့နယ်တွင်းရှိ ပြည်သူ ၃ ဦးကို ပစ်သတ်၊ အခြား ၁ ဦးလည်း သေနတ်သံများကြောင့် နှလုံးရပ်သေဆုံး၊ နေအိမ် ၇ လုံးကို မီးတင်ရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၆ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာမှ ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဇွန်လ ၁၆ ရက် ညပိုင်းတွင် ပစ်သတ်ခဲ့ပြီး၊ ၁ ဦး ဒဏ်ရာရကာ အခြား ၁ ဦးမှာ သေနတ်သံများကြောင့် နှလုံးရပ်သေဆုံးသွားကြောင်း၊...

စစ်တပ်အတွက် လေယာဉ်နှင့်လေကြောင်းဆိုင်ရာများ တင်သွင်း ပေးသူ မြန်မာ ခုနှင့် ရုရှားကုမ္ပဏီ ၆ ခုကို ဗြိတိန်က ပိတ်ဆို့အရေးယူ၊ စစ်တပ်အတွက် လေ ယာဉ်ဆီ တင်သွင်းခွင့် ဆက်လက် ပိတ်ပင် ရန် တောင်းဆို

ရန်ကုန်၊ ဇွန် ၁၆ မင်းအောင်လှိုင်ဦးဆောင် အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဉ် နှင့်လေ ကြောင်းဆိုင်ရာ အစိတ်အပိုင်းများ တင်သွင်းပေးနေသူ မြန်မာ ကုမ္ပဏီ ၃ ခုနှင့် ရုရှား ကုမ္ပဏီ ၃ ခုကို ဗြိတိန်အစိုးရ စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ် အရေးယူ လိုက် ကြောင်း...

စစ်တပ်အတွက် လေယာဉ်နှင့်လေကြောင်းဆိုင်ရာများ တင်သွင်း ပေးသူ မြန်မာ ခုနှင့် ရုရှားကုမ္ပဏီ ၆ ခုကို ဗြိတိန်က ပိတ်ဆို့အရေးယူ၊ စစ်တပ်အတွက် လေ ယာဉ်ဆီ တင်သွင်းခွင့် ဆက်လက် ပိတ်ပင် ရန် တောင်းဆို

ရန်ကုန်၊ ဇွန် ၁၆ မင်းအောင်လှိုင်ဦးဆောင် အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဉ် နှင့်လေ ကြောင်းဆိုင်ရာ အစိတ်အပိုင်းများ တင်သွင်းပေးနေသူ မြန်မာ ကုမ္ပဏီ ၃ ခုနှင့် ရုရှား ကုမ္ပဏီ ၃ ခုကို ဗြိတိန်အစိုးရ စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ် အရေးယူ လိုက် ကြောင်း...

ထီးချိုင့်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သား ၂ ဦးသေ ၊ထီးလင်းတွင် စစ်တပ် တိုက်ခိုက်ခံရပြီး ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၆ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အနီး ကုက္ကိုကုန်းလမ်းဆုံနားတွင် ကင်းချပြီး ပြန်လာ သည့် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ပိုင်း တွင် ဒေသကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်လိုက်ပြီး စစ်သား ၂ ဦး သေဆုံးကာ ၅...

စစ်အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားသူများကို စစ်တပ်က ကြိုးပေး ကွပ်မျက်ရန် ကြံစည်နေမှု အမြန်ဆုံး တားဆီးရန် မြန်မာအရပ်ဘက်အဖွဲ့ များ က နိုင်ငံတကာအစိုးရများကို တောင်းဆို

ရန်ကုန်၊ ဇွန် ၁၆ စစ်အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားသူများကို စစ်တပ်က ကြိုးပေး ကွပ်မျက်ရန် ကြံစည်နေမှု အမြန်ဆုံး တားဆီးရန် MM Spring အရပ်ဘက် လူထု အင်အားစုများ အစုအဖွဲ့က နိုင်ငံတကာအစိုးရများကို တောင်းဆိုလိုက် သည်။...

ပုဏ္ဏားကျွန်းမြို့တွင် စျေးဝယ်ထွက်လာသည့် စစ်သား ၂ ဦး ဓားထိုးခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၁၆ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ယနေ့ မွန်းလွဲပိုင်း စျေးဝယ်ထွက်လာသည် စစ်သား ၂ ဦး ဓားထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပုဏ္ဏားကျွန်းအခြေစိုက် ခလရ ၅၅၀ တပ်ရင်းမှ...

ရွှေဘိုမြို့နယ် ပေါက်ချိုင်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ ဝင်ရောက်မီးရှို့မှုကြောင့် အိမ်ခြေ ၁၀၃ လုံး မီးလောင်ကျွမ်းဆုံးရှုံး

ရန်ကုန်၊ ဇွန် ၁၆ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပေါက်ချိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီများ ဇွန်လ ၁၂ ရက်နေ့က ဝင်ရောက်ကာ ပြည်သူများ နေအိမ် ၁၀၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ “အိမ်ခြေ ၁၀၃ လုံးပါသွားပါတယ်။ ဒုတိယအကြိမ်မီးရှို့ခြင်းပါ။ ၁၂ ရက်နေ့ နံနက်ပိုင်းက...

အာဏာရှင်ဟောင်း သန်းရွှေ၏ ကိုယ်ရေးအရာရှိ စိုးရှိန် အိမ် ဗုံးပစ်ခံရဟုဆို၊ ဒေါပုံတရားရုံးတွင်လည်း ဗုံးတွေ့

ရန်ကုန်၊ ဇွန် ၁၆ အာဏာရှင်ဟောင်း သန်းရွှေ၏ ကိုယ်ရေးအရာရှိ စိုးရှိန် အိမ် ယနေ့ နေ့လယ် ပိုင်း ဗုံးပစ်ခံရကြောင်း အကြမ်းဖက် စစ်တပ် ထောက်ခံသည့် လော်ဘီ သတင်း ဌာနတစ်ခုက သတင်းဖော်ပြသည်။ ရန်န်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြိုနယ်၊ (ဃ) ရပ်ကွက်၊ မေဓာဝီ လမ်း...

Latest news

- Advertisement -spot_img