24.6 C
Yangon
spot_img

CATEGORY

News

ဆားလင်းကြီးမြို့နယ်၊ လင်းစားကျက်ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ဝဝ ကျော်ကို ဖမ်းဆီးထား၊ ဘုတလင် မောင်းထောင်ရွာရှိ နေအိမ် ၄ လုံးကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၂ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လင်းစားကျက်ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၂ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ပြီး ပြည်သူ ၁ဝဝ ကျော်ကို ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ...

ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းမှ ရဲတပ်သား ၁ ဦး G3 သေနတ် ၁ လက်နှင့်အတူ အလင်းဝင်

ရန်ကုန်၊ ဇွန် ၁၃ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းမှ တပ်သား ၁ ဦးသည် G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်ဆံ ၁၀၀ တောင့်နှင့်အတူ ဒေသကာကွယ်ရေးအဖွဲ့ ၁ ဖွဲ့ဖြစ်သည့် Young Force...

ပခုက္ကူနှင့် ဆိပ်ဖြူ အစပ်ရှိ ယောချောင်း တစ်လျောက် ကျေးရွာများကို စစ်တပ်က စီးနင်းနေသောကြောင့် ပြည်သူ ၃ သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရ

ရန်ကုန်၊ ဇွန် ၁၃ မကွေးတိုင်း၊ ပခုက္ကူနှင့် ဆိပ်ဖြူမြို့နယ် အစပ်ရှိ ယောချောင်း တစ်လျောက် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၈ ရက်နေ့မှ စတင်ကာ ဝင်ရောက် စီးနင်းနေသောကြောင့် ပြည်သူ ၃ သောင်းကျော်သည် အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများထံမှ...

ဝေါ်လေ ရဲစခန်းကို KNDO ပူးပေါင်းတပ် ဝင်တိုက်၊ ရဲ ၂ ဦးသေဆုံးပြီး စခန်းမှူးနှင့် ရဲတပ်သား ၂ ဦး အရှင်ဖမ်းမိ၊ ၆၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ် အချို့ရရှိ

ရန်ကုန်၊ ဇွန် ၁၃ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးကာ စခန်းမှူးနှင့် ရဲတပ်သား ၂...

Breaking News- ပဲခူး၊ ထန်းတပင်မြို့နယ် ၊ ဇရပ်ကြီး ၇၃ တပ်ရင်းတွင် လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်သံများကြားရ၊ တိုက်ပွဲ ပြင်းထန်နေ

ရန်ကုန်၊ ဇွန် ၁၂ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ၊ ဇရပ်ကြီး ၇၃ တပ်ရင်းတွင် ယနေ့ညပိုင်း လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။"ဒီည ထန်းတပင် ဇရပ်‌ကြီး ၇၃ တပ်ရင်းမှာ လက်နက်ကြီးလက်နက်ငယ်တွေ ပစ်နေတာ နာရီဝက်ကျော်ကြာပြီ။ နှစ်ဖက် အပြန်အလှန်ပစ်နေတာ။ ဒီနေ့ည ၈...

ဝက်လက်မြို့နယ်၊ ရှိန်းမကား နယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်များက ဝင်တိုက်ခိုက်ရာ စစ်တပ် အထိနာနေသဖြင့် စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်

ရန်ကုန်၊ ဇွန် ၁၂ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့ ဝက်လက်မြို့နယ်၊ ရှိန်းမကား နယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်များက ယနေ့ ညနေပိုင်း ဝင်တိုက်ခိုက်ရာ စစ်တပ် အထိနာနေသဖြင့် စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ် ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ရှိန်းမကားနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သဖြင့် ...

မော်လိုက်မြို့နယ် ယူးဝရွာနှင့် တပ်ကုန်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေ၊ ခင်ဦး ကြို့ကန်ရွာရှိ ပြည်သူပိုင် နေအိမ် ၃၇ လုံးကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၂ စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ယူးဝရွာနှင့် တပ်ကုန်းရွာတို့ကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အကြမ်းဖက်...

ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံ စစ်ကောင်စီဂိတ် ၄၀ မမ ဖြင့် ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံးပြီး စစ်တပ်၏ ပြန်လည် ပစ်ခတ်မှုကြောင့် ကားသမား ၁ ဦး ကျည်ထိမှန်

ရန်ကုန်၊ ဇွန် ၁၂ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်းကို ၄၀ မမဖြင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ယနေ့ ညနေပိုင်းတွင် ပစ်ခတ်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ စစ်တပ်၏ ပြန်လည် ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦး၏ ပေါင်တွင် ကျည်ထိမှန်ကြောင်း ဒေသသတင်းရင်းမြစ် KRIN...

စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို အနိုင်မရနိုင်တော့ဘဲ စစ်ပွဲများအဆုံးသတ်ပြီး ဒီမိုကရေစီ လမ်း ကြောင်း ပြန်သွားရန် အမေရိကန်တိုက်တွန်း

ရန်ကုန်၊ ဇွန် အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို အနိုင်မရနိုင်တော့ဘဲ စစ်ပွဲများအဆုံးသတ်ပြီး ဒီမိုကရေစီ လမ်းကြောင်း ပြန်သွားရန် အမေရိကန်အကြီးတန်းသံတမန်က တိုက်တွန်းပြောဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။ “သူတို့အနိုင်ရနိုင်တယ်လို့ တွေးထင်ထားမှုက တကယ်မြင်ရဖို့ ခက်ခဲပါတယ်၊ စစ်တပ်က နယ်မြေတွေ ဆုံးရှုံးနေတယ်။ စစ်တပ်က...

အရာတော်၊ မြင်းမူနှင့်ဆားတောင်မြို့တို့တွင် စစ်ကားများကို မိုင်းဆွဲခြင်းနှင့်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင်

ရန်ကုန်၊ ဇွန် ၁၂ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် ဆားတောင်မြို့တို့တွင် အကြမ်းဖက်စစ်သားများ လိုက်ပါသော စစ်ကားများကို PDF များ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိကြောင်း PDF များက သတင်းထုတ်ပြန် သည်။ ဇွန်လ ၁၂ ရက်နေ့ နံနက် ၄...

Latest news

- Advertisement -spot_img