30.5 C
Yangon
spot_img

CATEGORY

News

မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံး၊ နမခ စစ်ဌာနချုပ်တွင် ကြောက်လန့်နေကြပြီး ညအချိန် မီးများအားလုံးပိတ်ထားရန် အမိန့်ထုတ်

ရန်ကုန်၊ ဇွန် ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၂ ဦးအပါအဝင် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်လည်း မီးလောင် ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar...

ပြည်သူကို ဗုံးကျဲသတ်ဖြတ်နေသည့် စစ်ဘက်လေယာဉ်ပိုင်းလော့များကို မက် လုံးအဖြစ် MAI ၊ MNA နှင့် အရပ်ဘက်လေ ကြောင်းလိုင်းများတွင် လေယာဉ် မှူးများအဖြစ် လုပ်ကိုင်ခွင့်ရရှိရေး လိုအပ်သော သင်တန်းများ တက်ခွင့်နှင့် လုပ်ခွင့်များပေး

ရန်ကုန်၊ ဇွန် ၁၆ မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူကို ဗုံးကျဲသတ်ဖြတ်နေသည့် စစ်ဘက်လေယာဉ်ပိုင်းလော့များကို မက်လုံးအဖြစ် MAI ၊ MNA နှင့် အရပ်ဘက်လေကြောင်းလိုင်းများတွင် လေယာဉ်မှူးဖြစ်လာစေရေး လိုအပ်သော သင်တန်းများ တက်ခိုင်းပြီး လေယာဉ်မှူးအဖြစ် ယာယီ လုပ်ကိုင်ခွင့်ပေးမှုများရှိနေကြောင်း မြန်မာ့လေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဗုံးကျဲသတ်ဖြတ်နေသော...

နောင်ချိုမြိုနယ်သို့ ထိုးစစ်ဆင်နေသော အပစ်ရပ် စစ်တပ်က အဆိပ်ငွေ့ဗုံးများပါ ထပ်မံအသုံးပြု တိုက်ခိုက်ပြန်

ရန်ကုန်၊ ဇွန် ၁၆ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နောင်ချိုမြိုနယ်သို့ ထိုးစစ်ဆင်နေသော အပစ်ရပ် စစ်တပ်က အဆိပ်ငွေ့ဗုံးများပါ ထပ်မံအသုံးပြု တိုက်ခိုက်ပြန်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများတွင် အဆိပ်ငွေ့ဗုံးများကို မကြာခဏ အသုံးပြုလျက်ရှိရာ ယခုဇွန်လတိုက်ပွဲများတွင် အဆိပ်ငွေ့ ဗုံးများကို...

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်တပ် လက်အောက်ခံ PNO က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာ အတွင်းဝင်ရောက်တပ်စွဲထားသည့် PNO ပြည်သူ့စစ်များက နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၁၂ ရက်နေ့ ညပိုင်း ဆီဆိုင်မြို့နယ်၊...

မန္တလေးအိုးဘိုထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရပြီး ဆေးကုသခွင့်မရ

ရန်ကုန်၊ ဇွန် ၁၅ မန္တလေးမြို့၊ အိုးအကျဉ်ထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်း ဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံနေရပြီး ဆေးဝါးကုခွင့် မရရှိကြောင်း စစ်ကိုင်းတိုင်း လူထုသပိတ်အင်အားစုက သတင်း ထုတ်ပြန်သည်။ ဇွန်လ ၁၁ ရက်နေ့ မုံရွာအကျဉ်းထောင်တွင် အကျဉ်းချခံထားရသော မုံရွာ...

မူဆယ် ၁၀၅ မိုင်တွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ က ထိန်းချုပ် အခွန်ကောက်ခံနေမှုကို မင်းအောင်လှိုင်နှင့်ဗိုလ်ချုပ်များက ကျေနပ်မှုမရှိသော်လည်း တရုတ်၏ ဖိအားကြောင့် ဘာမှ လုပ်မရဟုဆို

ရန်ကုန်၊ ဇွန် ၁၆ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ က သိမ်းပိုက်ထားသော မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်တွင် အခွန်ကောက်ခံနေမှုကို မင်းအောင်လှိုင်နှင့်ဗိုလ်ချုပ်များက ကျေနပ်မှုမရှိသော်လည်း မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များက ဘာမှ လုပ်မရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့်...

ကျောက်ဖြူသို့ တပ်ပြောင်းလာသော ခမရ ၂၁၁ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေ ဆုံး၊ AA နှင့် တိုက်ပွဲများအတွင်း စစ်မှုထမ်းတပ်သားသစ် အများအပြားသေဆုံးပြီး စစ်သားရာချီ လက်နက်ချ

ရန်ကုန်၊ ဇွန် ၁၅ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သို့ အပြောင်းအရွှေ့အဖြစ် ရာထူးတိုးပြောင်းရွှေ့လာသော ခမရ ၂၁၁ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်သည် တပ်ရင်းမှူးသို့ အပြောင်းအရွှေ့သတင်းပို့ပြီး အပြန် ရက္ခိုင့်တပ်တော် AA ပစ်ခတ်သည့် စနိုက်ပါကျည်ထိ၍ သေဆုံးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က...

ကျောက်ကြီး၊ အုန်းပင်စုရွာတွင် အထိုင်ချထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၁၅ ပဲခူတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း P29914 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၆ ရက်နေ့တွင်...

ဗန်းမောက်မြို့နယ်ရှိ စစ်တပ် လက်အောက်ခံ SNA တပ်မဟာ ၆၁၄ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇွန် ၁၅ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA တပ်မဟာ ၆၁၄ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း People's Defence Force Katha District B-04 မှ...

တောင်ငူ-လိပ်သို လမ်းပိုင်းနှင့် နတ်မောက်တို့တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းနေ

ရန်ကုန်၊ ဇွန် ၁၅ ပဲခူးတိုင်း၊ တောင်ငူ-လိပ်သို လမ်းပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေ၍ စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက...

Latest news

- Advertisement -spot_img