24.8 C
Yangon
spot_img

CATEGORY

News

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ရှိ ဇေယျာ၀တီမြို့ ဘူတာရုံ၊ သကြားစက်နှင့်ဆားဂွန်းဂိတ်တို့တွင် တပ်စွဲထားသော စစ်တပ်ကို တိုက် ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ကား ၂ စီး သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၁၂ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဇေယျာ၀တီမြို့ ဘူတာရုံ၊ သကြားစက်နှင့်ဆားဂွန်းဂိတ်တို့တွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ကား ၂ စီး သိမ်းဆည်းရရှိကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဇွန်လ ၁၀...

ကုလသမဂ္ဂနှင့်အာဆီယံက စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်ရန် ထပ်ခါတလဲလဲ တောင်းဆိုသည့်ကြားမှ မြန်မာနိုင်ငံအခြေ အနေ ပိုမို ဆုတ်ယုတ်လာပြီး ပြည်သူ၏ ဒုက္ခဆင်းရဲမှု အဆိုးရွားဆုံးဖြစ်လာ

ရန်ကုန်၊ ဇွန် ၁၂ ကုလသမဂ္ဂနှင့်အာဆီယံတို့က စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သော်လည်း မြန်မာနိုင်ငံအခြေအနေမှာ ပိုမို ဆုတ်ယုတ်လာပြီး ပြည်သူ၏ ဒုက္ခဆင်းရဲမှုမှာ အဆိုးရွားဆုံးဖြစ်လာနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ ဇွန်လ ၁၀ ရက်နေ့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့်...

ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန် ပျူစောထီးရွာစစ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ဇွန် ၁၂ ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန် ပျူစောထီးရွာစစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန် ၁၀ ရက်နေ့ နံနက် ၅နာရီခန့်မှ နံနက် ၇ နာရီ အချိန်အထိ ပခုက္ကူမြို့နယ်၊အနောက်မန်ကျည်းကန် ပျူစောထီးကျေးရွာစစ်စခန်းသို့ အညာမြေတပ်ပေါင်းစုနှင့် ဧရာဒေါင်းတပ်ဖွဲ့တို့...

KNU ဗဟိုဌာနချုပ်ရုံးနယ်မြေအနီးသို့ စစ်ကောင်စီက အသေခံဒရုန်း ၇ စီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၁၂ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၇ နယ်မြေ၊ KNU ဗဟိုဌာနချုပ်နယ်မြေအနီးသို့ စစ်ကောင်စီက အသေခံဒရုန်း ၇ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်များက ပြောဆိုသည်။ ယမန်နေ့ ဇွန် ၁၁ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ်က...

မြန်မာနိုင်ငံတွင် မတည်မငြိမ်သည့်နေရာများမှာ ပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီး ပညာတတ်မြောက်မှု အားနည်းခြင်းနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်း၍ အကြမ်းဖက်မှုများလုပ်နေဟု မင်းအောင်လှိုင် ပြောပြန်

ရန်ကုန်၊ ဇွန် ၁၂ မြန်မာနိုင်ငံတွင် မတည်မငြိမ်သည့်နေရာများ ပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီး အတန်းပညာတတ်မြောက်မှု အားနည်းခြင်းနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်း၍ အကြမ်းဖက်မှုများလုပ်နေခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန်သည်။ ယမန်နေ့ ပြင်ဦးလွင်မြို့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် မတည်မငြိမ်မှုများနှင့်...

TNLA က သိမ်းပိုက်ထားသော နမ္မတူမြို့နယ်၊ မန်လီကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဇွန် ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ္မတူမြို့နယ်၊ မန်လီကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူတချို့၏ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုချက်နှင့် TNLA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက်၁ နာရီ ၁၀ မိနစ်အချိန်တွင်...

ဖားကန့်မြို့နယ်၊ မှော်စီဇာလမ်းဆုံတွင် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ထား

ရန်ကုန်၊ ဇွန် ၁၂ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဇာလမ်းဆုံတွင် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန် စစ်တပ်က တပ်စွဲထားသော မှော်စီဇာ ဘုရားကုန်းအနီး မှော်စီဇာလမ်းဆုံတွင်...

ပုလဲမြို့နယ်တွင် ပစ်ချခံလိုက်ရသည့် တိုက်လေယာဉ်မှာ တရုတ်ထုတ် Chengdu F-7M ခေတ်ဟောင်းလေယာဉ်အမျိုးအစားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သန်းခွဲ တန်ကြေးရှိ၊ စစ်တပ်တွင် တိုက်လေယာဉ်ဟောင်းများ ထုတ်သုံးခုခံရသည်အထိ အခြေအနေဆိုးရွားမှု ပေါ်လွင်စေဟုဆို

ရန်ကုန်၊ ဇွန် ၁၂ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် PLA က ပစ်ချလိုက်၍ ပျက်ကျခဲ့သော စစ်တပ် တိုက်လေယာဉ်မှာ တရုတ်ထုတ် Chengdu F-7M ခေတ်ဟောင်းလေယာဉ်အမျိုးအစားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သန်းခွဲ တန်ကြေးရှိကြောင်း တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂...

ရွှေဘိုတွင် ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၁ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း Fight For Freedom အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၆ ရက်နေ့တွင် ရွှေဘိုမြို့...

သင်္ဃန်းကျွန်းတွင် ညအချိန် အပြင်ထွက်၍ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံရသူ ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇွန် ၁၁ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ညအချိန် အပြင်ထွက်၍ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံရသူ ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Kanbauk Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့...

Latest news

- Advertisement -spot_img