24.9 C
Yangon
spot_img

CATEGORY

News

မော်လိုက်မြို့နယ် ယူးဝရွာနှင့် တပ်ကုန်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေ၊ ခင်ဦး ကြို့ကန်ရွာရှိ ပြည်သူပိုင် နေအိမ် ၃၇ လုံးကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၂ စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ယူးဝရွာနှင့် တပ်ကုန်းရွာတို့ကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အကြမ်းဖက်...

ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံ စစ်ကောင်စီဂိတ် ၄၀ မမ ဖြင့် ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံးပြီး စစ်တပ်၏ ပြန်လည် ပစ်ခတ်မှုကြောင့် ကားသမား ၁ ဦး ကျည်ထိမှန်

ရန်ကုန်၊ ဇွန် ၁၂ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်းကို ၄၀ မမဖြင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ယနေ့ ညနေပိုင်းတွင် ပစ်ခတ်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ စစ်တပ်၏ ပြန်လည် ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦး၏ ပေါင်တွင် ကျည်ထိမှန်ကြောင်း ဒေသသတင်းရင်းမြစ် KRIN...

စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို အနိုင်မရနိုင်တော့ဘဲ စစ်ပွဲများအဆုံးသတ်ပြီး ဒီမိုကရေစီ လမ်း ကြောင်း ပြန်သွားရန် အမေရိကန်တိုက်တွန်း

ရန်ကုန်၊ ဇွန် အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို အနိုင်မရနိုင်တော့ဘဲ စစ်ပွဲများအဆုံးသတ်ပြီး ဒီမိုကရေစီ လမ်းကြောင်း ပြန်သွားရန် အမေရိကန်အကြီးတန်းသံတမန်က တိုက်တွန်းပြောဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။ “သူတို့အနိုင်ရနိုင်တယ်လို့ တွေးထင်ထားမှုက တကယ်မြင်ရဖို့ ခက်ခဲပါတယ်၊ စစ်တပ်က နယ်မြေတွေ ဆုံးရှုံးနေတယ်။ စစ်တပ်က...

အရာတော်၊ မြင်းမူနှင့်ဆားတောင်မြို့တို့တွင် စစ်ကားများကို မိုင်းဆွဲခြင်းနှင့်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင်

ရန်ကုန်၊ ဇွန် ၁၂ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် ဆားတောင်မြို့တို့တွင် အကြမ်းဖက်စစ်သားများ လိုက်ပါသော စစ်ကားများကို PDF များ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိကြောင်း PDF များက သတင်းထုတ်ပြန် သည်။ ဇွန်လ ၁၂ ရက်နေ့ နံနက် ၄...

ဗုံးခွဲခံလိုက်ရသည့် မြ၀တီမြို့နယ်၊ ကြံ့ဖွတ်ရုံး

ရန်ကုန်၊ ဇွန် ၁၂ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကြံ့ဖွတ်ရုံး ဇွန်လ ၁၁ ရက်နေ့ ယမန်နေ့ ည ၁၀ နာရီခွဲအချိန် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ "မဲဆောက်ဘက်ကနေတောင် ကြားရတယ်။ ပေါက်ကွဲသံက အတော်ကို ကျယ်တယ်" ဟု မဲဆောက်ဘက်ခြမ်းတွင် နေထိုင်သူ မြန်မာတစ်ဦးက...

ရွှေတိဂုံတွင် “တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည်” စာတန်းချိတ်ဆွဲ

ရန်ကုန်၊ဇွန် ၁၂ ယနေ့နံနက်ပိုင်းအာရုဏ်ဦးတွင် "တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည်" စာတန်းအား ရွှေတိဂုံစေတီတော် စောင်းတန်းမုခ်ဦးဝတွင် ချိတ်ဆွဲ၍ ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်သည်။အဆိုပါ လှုပ်ရှားမှုနှင့်အတူ မနက်ဖြန်ကျရောက်မည့် ၂၀၂၂ခုနှစ်၊ ဇွန်လ၊ ၁၃ရက်၊ နယုန်လပြည့်နေ့တွင် ဘုရားစေတီပုထိုးများသို့ သွားရောက်ဖူးမျှော်ခြင်းမပြုပဲ ဘုရားရင်ပြင်တော်ပေါ်၌ တိတ်ဆိတ်ခြောက်ခြား‌စေခြင်းဖြင့် သပိတ်မှောက်ဆန္ဒထုတ်ဖော်ကြရန် ရန်ကုန်လူထုသပိတ်က ပြည်သူတစ်ရပ်လုံးအား...

မင်းအောင်လှိုင် အပါအဝင် အကြမ်းဖက် စစ်ခေါင်းဆောင်တွေနဲ့ အကျိုးစီးပွား ပတ်သတ်နေတဲ့ Star Sapphire ကုမ္ပဏီ တနင်္သာရီတွင် စွမ်းအင်စီမံကိန်းတစ်ခု အကောင်အထည်ဖော်နေ

ရန်ကုန်၊ ဇွန် ၁၂ Star Sapphire ကုမ္ပဏီရဲ့ ခေါင်းဆောင် ဒေါက်တာထွန်းမင်းလတ်နဲ့ ၎င်းရဲ့မိတ်ဖက်တွေဟာ စစ်တပ်ဆက်နွယ်တဲ့ ၎င်းတို့စီးပွါးရေးလုပ်ငန်း ကွန်ယက်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ကံဘောက်မှာ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံတစ်ခုကို တည်ဆောက်နေတယ်လို့ Justice for Myanmar အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ဒီစီမံကိန်းတည်ဆောက်မှုဟာ...

ရွှေဘိုမြို့နယ်၊ ဆည်ကြီးကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက် မီးရှို့နေပြီး မောင်းတက်နှင့်အုန်းပေါက် ကျေးရွာများကိုလည်း ဝင်မွှေ၊ အနီးအနား ကျေးရွာ ၈ ရွာမှ ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဇွန် ၁၂ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ ဆည်ကြီးကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက် မီးရှို့နေပြီး မောင်းတက်နှင့်အုန်းပေါက် ကျေးရွာများကိုလည်း ဝင်မွှေနေသဖြင့် အနီးအနား ကျေးရွာ ၈ ရွာမှ ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇွန်လ ၁၂ ရက်နေ့ နံနက်အစောက်ပိုင်းတွင် မောင်းတက်ကျေးရွာနှင့်...

စစ်ကောင်စီ၏ ၂၀၂၃ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှု မရှိနိုင်ဘဲ နိုင်ငံတကာကို ခြယ်လှယ် လှည့်စားရန်ကြိုးပမ်း မှုဟု အမေရိကန်ပြော

ရန်ကုန်၊ ဇွန် ၁၂ "ကြည့်ဦး..အာဆီယံက ဘာမှ မလုပ်နိုင်ဘူး" ဟု မြန်မာစစ်တပ်က ထင်မြင်ပြောဆိုမှု မလိုလား၍ အာဆီယံအထူးသံတမန်ကို လုပ်ပိုင်ခွင့် အာဏာ ပိုပေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဆိုပြုမည် စစ်ကောင်စီ၏ ၂၀၂၃ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှု မရှိနိုင်ဘဲ နိုင်ငံတကာနှင့်ဒေသတွင်းကို ခြယ်လှယ် လှည့်စားရန်ကြိုးပမ်းမှုဟု အမေရိကန်...

မြ၀တီမြို့နယ်၊ ကြံ့ဖွတ်ရုံး ဗုံးပေါက်ကွဲ၊ ထိုင်းဘက်ခြမ်း မဲဆောက်မှပင် ပေါက်ကွဲသံကြားရ

ရန်ကုန်၊ ဇွန် ၁၁ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကြံ့ဖွတ်ရုံး ဇွန်လ ၁၁ ရက်နေ့ ယနေ့ည ၁၀ နာရီခွဲအချိန် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ "မဲဆောက်ဘက်ကနေတောင် ကြားရတယ်။ ပေါက်ကွဲသံက အတော်ကို ကျယ်တယ်" ဟု မဲဆောက်ဘက်ခြမ်းတွင် နေထိုင်သူ မြန်မာတစ်ဦးက ပြောသည်။...

Latest news

- Advertisement -spot_img