25.1 C
Yangon
spot_img

CATEGORY

News

ဒိုက်ဦးနှင့် ဟားခါးမြို့နယ်တို့တွင် စစ်သား ၁ ဦးနှင့်ရဲ ၁ ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ရန်ကုန်၊ ဇွန် ၃ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် အခြေစိုက် ခမရ ၄၄၀ တပ်ရင်းမှ တပ်ကြပ်ကြီး ၁ ဦး ကျည်ဆန်၊ လက်ပစ်ဗုံးများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပဲခူးခရိုင် ပကဖ က သတင်းထုတ်ပြန်သည်။ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းမှ...

ပြည်ပရောက် တက်ကြွလှုပ်ရှားသူများ၏ ကုန်ပစ္စည်းများကို ဝယ်ယူအားပေးလျှင် အကြမ်းဖက်ဥပဒေဖြင့်အရေး ယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်မှု တော်လှန်ရေးထောက်ပို့လမ်းကြောင်းဖြတ်တောက်ရန် ရည်ရွယ်ဟုဆို

ရန်ကုန်၊ ဇွန် ၃ ပြည်ပတွင်ရောက်ရှိနေကြသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ၏ ကုန်ပစ္စည်းများကို ဝယ် ယူအားပေးလျှင် အကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်လာမှု တော်လှန်ရေးထောက်ပို့လမ်းကြောင်းဖြတ်တောက်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သုံးသပ်ပြောဆိုသည်။ တော်လှန်ရေးကို ထောက်ပို့လှူဒါန်းနေသည့် အဆိုတော် ချမ်းချမ်း၊ ပန်ဆယ်လို အကောင့်ပိုင်ရှင် အိမ့်ပိုးဥ၊...

ညောင်ရွှေတွင် အင်အား ၁၀၀၀ ခန့် ဖြင့် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူလူထု၏နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် အင်အား ၁၀၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား၊ PNO ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကောင်စီတပ်က ပြည်သူ့နေ အိမ် ၁၀ လုံးထက်နည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမှတ် ၁၀၀၉ တပ်ရင်း -အင်းလေးပြည်သူ့ကာ...

ဖားကန်မြို့နယ်၊ မှော်စီဇာလုပ်ကွက်ရှိ ၁၁၁ ကုမ္ပဏီပိုင် မြေသယ်ကားနှင့်ဘက်ဟိုးကားများကို စစ်တပ်က ထပ်မံမီးရှို့ပြန်

ရန်ကုန်၊ ဇွန် ၃ ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ မှော်စီဇာလုပ်ကွက်ရှိ ၁၁၁ ကုမ္ပဏီပိုင် မြေသယ်ကားနှင့်ဘက်ဟိုးကားများကို စစ်တပ်က မီးဝင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ မှောင်စီဇာလုပ်ကွက်ရှိ ၁၁၁...

မင်းအောင်လှိုင် အမိန့်ဖြင့် နိုင်ငံတစ်ဝန်း လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို စီမံချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးရာတွင် ငွေညှစ်ခံရမှုများ၊ ထောင်ဒဏ် ၁ လချခံရမှုများနှင့် စစ်မှုထမ်းအဖြစ် ဖမ်းဆီးစုဆောင်းခံရမှုများ အကြီးအကျယ်ဖြစ်နေ

ရန်ကုန်၊ ဇွန် ၃ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ဖြင့် နိုင်ငံတစ်ဝန်း လိုင်စင်မဲ့ကားများနှင့်ဆိုင်ကယ်များကို စီမံချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးရာတွင် ငွေညှစ်ခံရမှုများ၊ ထောင်ဒဏ် ၁ ချခံရမှုများနှင့် စစ်မှုထမ်းအဖြစ် ဖမ်းဆီး စုဆောင်းခံရမှုများ အကြီးအကျယ်ဖြစ်ပေါ်နေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။ ဇွန်လ ၁ ရက်နေ့မှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီက လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို...

ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA တပ်က ဒရုန်းများဖြင့် တိုက်ခိုက်နေပြီး ပြည်သူ ၅၀၀ ကျော် ထိုင်းဘက်သို့ တိမ်းရှောင်

ရန်ကုန်၊ ဇွန် ၃ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA တပ်က ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူ ၅၀၀ ကျော် ထိုင်းဘက်သို့ ထွက်ပြေးလာကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ ယမန်နေ့ ဇွန်လ ၂ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို...

စစ်ကောင်စီက အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူများ၊ CDM များနှင့် စစ် ပြေးရဲပြေး စုစုပေါင်း လူ ၅ သောင်းစာရင်းနှင့် ကိုယ်ရေးအချက်အလက်များကို ရုရှား နည်းပညာ PSMS Application တွင် ကနဦး ထည့်သွင်းစစ်ဆေးနေ

ရန်ကုန်၊ ဇွန် ၃ အကြမ်းဖက် စစ်ကောင်စီက အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူများ၊ CDM များနှင့် စစ်ပြေးရဲပြေး စုစုပေါင်း လူ ၅ သောင်းစာရင်းကို Person Scrutinization and Monitoring System (PSMS) Application တွင် ကနဦး ထည့်သွင်းပြီး နိုင်ငံတစ်ဝန်းလုံခြုံရေးဂိတ်များတွင်...

စစ်ကိုင်းမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံး၊ စစ်တပ်က ပြန်လည် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက် ကောင်းမှုတော်ဘုရားအနီးတွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Burmese Revolution Force – BRF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက...

ခမောက်ကြီးမြို့နယ်တွင် ခမရ ၃၄၂ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သားသစ် ၂ ဦး အလင်းဝင်

ရန်ကုန်၊ ဇွန် ၂ တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ နန္ဓသွန် ရှေ့တန်း ခြေကုတ်စခန်းရှိ ခမရ ၃၄၂ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သားသစ် ၂ ဦး အလင်းဝင်ရောက်လာခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော် အင်းဘီလူးက...

အုတ်ဖိုတွင် PDF များကို လက်ပစ်ဗုံးဖြင့် လာရောက် ပစ်သွင်းတိုက်ခိုက်သည့် ထန်းပင်ကုန်းရွာ ရာအိမ်မှူး အောင်မိုးခိုင် ပြန်လည် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF များကို လက်ပစ်ဗုံးဖြင့် လာရောက် ပစ်သွင်းတိုက်ခိုက်သည့် ထန်းပင်ကုန်းရွာ ရာအိမ်မှူး အောင်မိုးခိုင် ပြန်လည် ပစ်ခတ်ခံရပြီး သေဆုံး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

Latest news

- Advertisement -spot_img