28 C
Yangon
spot_img

CATEGORY

News

တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် ကိုရီးယားမြန်မာပူပေါင်း၍ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကျင်းပ

ရန်ကုန်၊ မေ ၂၅ တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် ကိုရီးယားမြန်မာပူပေါင်း၍ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆန္ဒပြပွဲကို အူဆန်မြန်မာအသင်းက ဦးဆောင်ပြီး တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက စစ်အာဏာရှင်စနစ်ဆိုးက လွတ်မြောက်သည်အထိ ဆက်လက်ပါဝင်ပေးရန်၊ ပြည်တွင်းပြည်ပမြန်မာနိုင်ငံသူနိုင်ငံသားများထောက်ပို့အပိုင်းကို အရှိန်အဟုံမြင့်ပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar...

ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းတွင် ဒုတပ်ကြပ် ဂျူလိုင်ထွန်း မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး အဆုံးစီရင်

ရန်ကုန်၊ မေ ၂၅ မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းတွင် ဒုတပ်ကြပ်တစ်ဦး မိမိကိုယ်ကို သေနတ် ဖြင့်ပစ်ခတ်ပြီး အဆုံးစီရင်သေဆုံးသွားကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မေလ ၂၁ ရက်နေ့ ညပိုင်း ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ဒုတပ်ကြပ်...

သဲကုန်းတွင် စစ်သား စုဆောင်းနေသူ အုပ်ချုပ်ရေးမှူး ကျော်ဝင်းထွဋ် ပစ်ခံရ၍ သေဆုံးပြီး အလောင်းလာကောက်သည့် စစ်တပ်ကိုပါ ထပ်မံ မိုင်းဆွဲ

ရန်ကုန်၊ မေ ၂၅ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် စစ်မှုထမ်းစစ်သား စုဆောင်းနေသူ အုပ်ချုပ်ရေးမှူးကျော် ဝင်းထွဋ်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက် လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadowက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မေလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ...

၀စီပိတ်ဘုန်းကြီး ခေါ်လို့ ကျိုင်းတုံမှာ မင်းအောင်လှိုင် လင်မယားက လောက သရဖူ စေတီ ဘုရားဌာပနာ ယတြာချေပွဲနှင့် ဆေးရုံဖွင့်ပွဲတွေ လုပ်

ရန်ကုန်၊ မေ ၂၅ မင်းအောင်လှိုင်လင်မယားက သူတို့ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးခေါ်လို့ ကျိုင်းတုံထိသွားပြီး လောကသရဖူ စေ တီ ဘုရားဌာပနာ ယတြာချေပွဲနဲ့ ဆေးရုံဖွင့်ပွဲ တက်ရောက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုပါတယ်။ မေလ ၂၃ ရက်နေ့ကတည်းက ကျိုင်းတုံကို ရောက်ရှိခဲ့တဲ့ မင်းအောင်လှိုင် လင်မယားက ၀စီပိတ်ဘုန်းကြီးရဲ့...

မိုးညှင်းခရိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် သက်ကြီးပိုင်း လင်မယား ၂ ဦးပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ မေ ၂၅ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အရပ်သားပြည်သူများ နေထိုင်သော နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲကာ သက်ကြီးပိုင်း လင်မယား ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၄ ရက်နေ့ ​ညနေ ၅ နာရီ...

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU က ယနေ့နံနက်ပိုင်း ထပ်မံ ထိုးစစ်ဆင်၊ ဘလက်ဒို စစ်စခန်း သိမ်းပိုက်ပြီးနောက် ၂ ရက်အကြာ စစ်တပ်စခန်းများအားလုံးကို တောက်လျှောက် မရပ်မနား ထိုးစစ်ဆင်နေ

ရန်ကုန်၊ မေ ၂၅ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU က ယနေ့နံနက်ပိုင်း ထပ်မံ ထိုးစစ်ဆင်နေပြီး တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်သံများကြားနေရကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ မေလ ၂၅ ရက်နေ့...

တနင်္သာရီမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၄ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၃ ရက်နေ့ နံနက်...

မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန် ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၁၂ ခုကို ခရိုင်အဆင့် စစ်ဆင်ရေး အဖြစ် တပြိုင်တည်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၂၄ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ် နှင့် ငါန်းဇွန်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၁၂ ခုကို ခရိုင်အဆင့် စစ်ဆင်ရေး အဖြစ် တပြိုင်တည်း တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး...

မြန်မာစစ်အုပ်စုထံ အခွန်ငွေ၊ လေယာဉ်ဆီနှင့် နည်းပညာများ စီးဆင်းအောင် ပံ့ပိုးကူညီနေသည့် အာဆီယံကုမ္ပဏီကြီးများစာရင်း JFM ထုတ်ပြန်

ရန်ကုန်၊ မေ ၂၄ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စု သို့ ၎င်းတို့ထိန်းချုပ်ထားသည့် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကုမ္ပဏီကြီး ၅၄ ခု စာရင်းကို Justice For Myanmar (JFM) ကယနေ့ထုတ်ပြန်လိုက်သည်။ အဆိုပါကုမ္ပဏီကြီးများသည် စစ်အုပ်စုထိန်းချုပ်ထားသည့် ရေနံနှင့်သဘာဝဓါတ်ငွေ့၊...

မိုးဗြဲမြို့ရှိ စစ်တပ်၏ ကာကင်းနေရာတစ်ချို့ကို ပြန်လည် ထိန်းချုပ်စဉ် စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ PDF ရဲဘော် ၁ ဦး ဒဏ်ရာရ၊ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ မေ ၂၄ ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်းနေရာတစ်ချို့ကို ပြန်လည် ထိန်းချုပ်စဉ် စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ PDF ရဲဘော် ၁ ဦး ဒဏ်ရာရ၊ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှု နေအိမ်များ ပျက်စီးခဲ့ကြောင်း Mobye...

Latest news

- Advertisement -spot_img