28 C
Yangon
spot_img

CATEGORY

News

မြိုင်မြို့နယ်၊ အိုရင်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ မေ ၂၄ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အိုရင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၄...

ပြည်သူကို စစ်မက်ပြုပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေသော စစ်ကောင်စီကိုကုလသမဂ္ဂနှင့်လုံခြုံရေးကောင်စီက အရေးယူရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတိုက်တွန်း

ရန်ကုန်၊ မေ ၂၄ ပြည်သူကို စစ်မက်ပြုပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေသော စစ်ကောင်စီကို ကုလသမဂ္ဂနှင့်လုံခြုံရေးကောင်စီက အရေးယူရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတိုက် တွန်းလိုက်သည်။ မေလ ၂၃ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ၏...

ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီကို အရေးယူပေးရေး လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ မေ ၂၄ ယင်းမာပင်မြို့နယ်အတွင်း လူငယ့်အားမာန်သပိတ်စစ်ကြောင်းက ပြည်သူများနှင့် ပူးပေါင်းကာ စစ်ရာဇဝတ်မှုများဆက်တိုက်ကျူးလွန်သော အကြမ်းဖက် စစ်ကောင်စီကို အရေးယူပေးရေး လူထုလှုပ်ရှားမှုကို ယနေ့ မေလ ၂၄ရက် စနေနေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou...

လောင်းလုံးမြို့ပေါ်ရှိ စရဖရုံးကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၄ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ - စရဖ ရုံးကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုထံမှ သိရသည်။ မေလ ၂၁ ရက် နံနက် ၁၀ နာရီခွဲခန့်က လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ လက်...

တောင်ငူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ သေဆုံးမှုများပြား၊ စစ်တပ်၏ မီးရှို့မှုကြောင့် စပါးကြွယ်ကျေးရွာမှ အိမ်ခြေ ၇၅၀ လုံးဝန်းကျင်ပြာကျပြီး ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ မေ ၂၄ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာကို မီးရှို့ဖျက်ဆီးသည့် စစ်ကြောင်းကို​ တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ ရာ စစ်သား အများအပြား သေဆုံးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မေလ ၂၁ ရက်နေ့မှ စ၍ တောင်ငူမြို့အနောက်ဘက်၊ အမြန်လမ်း၊ မိုင်တိုင် ၁၄၇ အနီးရှိ...

မင်းလှတွင် စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး၊ တောထဲတွင် ဖြစ်သလို စွန့်ပစ်ခဲ့‌သော စစ်သား အလောင်း ၄ လောင်းကို PDF က သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၂၄ ပဲခူးတိုင်း၊ မင်းလှမြို့နယ် အပိုင် ပဲခူးရိုးမအတွင်း တက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးပြီး တောထဲတွင် ဖြစ်သလို စွန့်ပစ်ခဲ့သော အလောင်း ၄ လောင်းကို သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင်...

သထုံ၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ် တို့တွင် စစ်တပ်က အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၄ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ခရီးသွားပြည်သူများနှင့် ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ထားသည်။ မေလ ၂၁ ရက်နေ့တွင် ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သံဆိမ်စခန်းမှ...

ထိုင်း-မြန်မာနယ်စပ်၊ KNU က သိမ်းပိုက်လိုက်သော ဘလက်ဒိုစစ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၃ ဦးကို ထိုင်းစစ်တပ်က လက်မခံဘဲ မြန်မာဘက်သို့ ပြန်ရန် နှင်ထုတ်နေ

ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၃၀ ကျော် လက်နက်ချပြီး စစ် သား အလောင်း ၁၀ ခု သိမ်းဆည်းရရှိ ရန်ကုန်၊ မေ ၂၄ ထိုင်း-မြန်မာနယ်စပ်၊ KNU က သိမ်းပိုက်လိုက်သော စစ်တပ် ဘလက်ဒိုစစ်စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၃ ဦးကို ထိုင်းစစ်တပ်က...

စလင်းမြို့ပေါ်ရှိ မြို့မရဲစခန်း၊ စုပေါင်းရုံးနှင့် လင်းဇင်ရဲစခန်းတို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်

ရန်ကုန်၊ မေ ၂၄ မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်းမြို့မရဲစခန်း၊ စုပေါင်းရုံးနှင့် လင်းဇင်ရဲစခန်းတို့ကို လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ မေလ ၂၄ ရက် နံနက်အစောပိုင်း ၃ နာရီခန့်အချိန် စလင်းမြို့မရဲစခန်း ဗဟိုကင်းအဆောက်အအုံ...

နိုင်ငံရေးတွင် အနုပညာရှင်တချို့က လွဲမှားစွာ ဝင်ဆောင်ရွက်၍ နိုင်ငံတွင် မဖြစ်သင့်သည်များ ဖြစ်ခဲ့ရဟု အပြစ်တင်လိုက်ပြီး ရုပ်ရှင်ရုံများတွင် စစ်တပ်က အသိပေးလိုသည့် အချက်များကို ပြသပေးရမည်ဟု ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း အမိန့်ပေး

ရန်ကုန်၊ မေ ၂၄ မြန်မာနိုင်ငံ၏ ပါတီနိုင်ငံရေးတွင် အနုပညာရှင်တချို့က လွဲမှားစွာ ဝင်ရောက်ဆောင် ရွက်ခဲ့သဖြင့် နိုင်ငံတော်တွင် မဖြစ်သင့် မဖြစ်ထိုက်သည်များ ဖြစ်ပွားခဲ့ရကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းက ပြစ်တင်ပြောဆိုလိုက်သည်။ ယမန်နေ့ ရန်ကုန်တွင် ရုပ်ရှင်ဇတ်ကားများ ရုံတင် ပြသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ပြစ်တင်ပြောဆိုလာခြင်းဖြစ်သည်။ အနုပညာရှင်များအနေဖြင့် ပြည်သူများကို...

Latest news

- Advertisement -spot_img