24.7 C
Yangon
spot_img

CATEGORY

News

မြန်မာနိုင်ငံမှ သူနာပြုဘွဲ့နှင့် ဒီပလိုမာရ သူနာပြုများကို စင်ကာပူလိုင်စင်ရသူနာပြု စာမေးပွဲသို့ ဝင်ရောက် ဖြေဆိုခွင့် စစ်ကောင် စီက ပိတ်ပင်၊ ပြည်ပရောက် မြန်မာသူနာပြုများ၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခွင့်ကိုလည်း စစ်တပ်က ပိတ်ပင်

ရန်ကုန် ၊ မေ ၂၁ မြန်မာနိုင်ငံမှ သူနာပြု ဘွဲ့နှင့် ဒီပလိုမာရ သူနာပြုများကို စင်ကာပူတွင် လိုင်စင်ရသူနာပြု စာမေးပွဲများသို့ ဝင်ရောက်ဖြေဆိုခြင်းမပြုနိုင်ရန် စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း စာမေးပွဲ ဖြေဆိုရန် ကြိုးပမ်းနေကြသည့် စင်ကာပူရောက် မြန်မာသူနာပြုတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မြန်မာနိုင်ငံတွင် Bachelor နှင့် Diploma...

ထိုင်းမြန်မာနယ်စပ်ရှိ မော်ခီး စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ စတင်ထိုးစစ်ဆင်တိုက်ခိုက်

ရန်ကုန်၊ မေ ၂၂ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မော်ခီး စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ထိုင်း-မြန်မာနယ်စပ်မှ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန် ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့တောင်ဘက် ဝေါလဒေသအတွင်းရှိ အကြမ်း ဖက်...

ဗန်းမော်တွင် စစ်ရဟတ်ယာဉ် ပစ်ချခံရမှုကြောင့် ရဟတ်ယာဉ်ပေါ်ပါ စစ်ဗျူ ဟာမှူးနှင့်အဖွဲ့ဝင်များအားလုံး သေဆုံးမှုကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားပြီး စက်ချို့ယွင်း၍ ပျက်ကျဟုသာ တပ်တွင်း ရှင်းလင်းအသိပေး

ရဟတ်ယာဉ်မှူး ဗိုလ်ကြီးမျိုးထက်အောင်၊ ဗိုလ်ကြီး ကျော်မြင့်ထူးနှင့် ဗိုလ်ကြီးချမ်းသာတို့ သေဆုံးမှု အတည်ပြု ရန်ကုန်၊ မေ ၂၂ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း စစ်ရဟတ်ယာဉ် ပစ်ချခံရမှုတွင် ရဟတ်ယာဉ်မှူးများနှင့်လေတပ်အဖွဲ့ဝင်များ အပါအဝင် ရဟတ်ယာဉ်ပေါ်လိုက်ပါသည့် စစ်ဗျူဟာမှူးနှင့်အဖွဲ့ဝင်များအားလုံးသေဆုံးမှုကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားသည့်အပြင် ရဟတ်ယာဉ်မှာလည်း ပစ်ချခံရခြင်းမဟုတ်ဘဲ စက်ချို့ယွင်း၍သာ ပျက်ကျခြင်း ဖြစ်သည်ဟု...

မြန်မာစစ်တပ်ကို နှစ်ပေါင်းများစွာ ထောက်ပံ့နေသည့် ဂုဏ်သရေပျက် အာဆီယံသူဌေးကြီးသုံးဦး

ရန်ကုန်၊ မေ ၂၁ မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးများကို အားပေးကူညီနေသည့် ဂုဏ်သရေပျက် အာဆီယံ သူဌေးကြီးများစာရင်းအား Justice For Myanmar (JFM)အဖွဲ့က မေလ ၁၂ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါဂုဏ်သရေပျက် သူဌေးကြီးများစာရင်းတွင် ပါဝင်သော အာဆီယံသူဌေးကြီးများ၏ အသေးစိတ်အချက်အလက်များကို JFM ကဆက်လက်ထုတ်ပြန်လျှက်ရှိရာ၊ ယခုသတင်းတွင် အာဆီယံဒေသတွင်း မြန်မာနိုင်ငံ၊...

နတ်တလင်းမြို့နယ်၊ ကွင်းကျယ်ရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ စစ်သား အားလုံး စခန်း စွန့်ခွာ ထွက်ပြေးသွား၍ အထိုင်စခန်းကို မီးရှို့ရှင်းလင်း

ရန်ကုန်၊ မေ ၂၁ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကွင်းကျယ်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး စစ်သား အားလုံး စခန်း စွန့်ခွာ ထွက်ပြေးသွား၍ အထိုင်စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက...

KIA က ယမန်နေ့တွင် ပစ်ချခဲ့သော ရဟတ်ယာဉ် နေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်သား အလောင်း ၁၆ လောင်းနှင့် မီးလောင် ပျက်စီးသွားသော လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၂၁ KIA က ယမန်နေ့တွင် ပစ်ချခဲ့သော ရဟတ်ယာဉ် နေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်သား အလောင်း ၁၆ လောင်းနှင့် မီးလောင် ပျက်စီးသွားသော လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့...

ရွှေဘိုနှင့် မြင်းခြံ တွင် စစ်ကားနှင့် အထိုင်ကင်းနေရာများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ မေ ၂၁ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အင်အားဖြည့်တင်းရန် လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း TGYR-youth guerrillacounterre volution-nz မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၁၉ ရက်နေ့ ည...

ရွှေကူမြို့နယ် ခလရ ၅၆ တပ်ရင်း၌ အရေးပေါ် ဆင်းသက်ခဲ့ရသော ရဟတ်ယာဉ်ကို KIA က ယနေ့တွင် လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်မှု ရဟတ်ယာဉ် ၁ စင်းလုံး ပျက်စီးသွား

ရန်ကုန်၊ မေ ၂၁ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ခလရ ၅၆ တပ်ရင်း၌ အရေးပေါ် ဆင်းသက်ခဲ့ရသော ရဟတ်ယာဉ်ကို KIA က ယနေ့တွင် လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ရာ ရဟတ်ယာဉ် ၁ စင်းလုံး ပျက်စီးသွားကြောင်း KIA ၏ စစ်ရေး...

လက်ပံတန်းတွင် စစ်မှုထမ်းကြေး ကောက်ခံပြီး တပ်သားသစ်စုဆောင်းနေသည့် ချောင်းအုပ်စုကျေးရွာ ရာအိမ်မှူး အုန်းသန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၂၁ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် ချောင်းအုပ်စုကျေးရွာ ရာအိမ်မှူး အုန်းသန်းကို လောင်းကစားဝိုင်း၌ ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ကိုကိုအောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၁ ရက်နေ့ နံနက်...

ပေါင်းတည်မြို့နယ်အတွင်းရှိ သစ်ပုတ်စစ်ကောင်စီတပ်စခန်းနှင် သိမ်ကုန်းတာဝါတိုင်စခန်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၁ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ သစ်ပုတ်စစ်ကောင်စီတပ်စခန်းနှင် သိမ်ကုန်းတာဝါတိုင်စခန်းတို့ကို တော် လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၂ ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ပြည်ခရိုင် ၃၆၀၂ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ မေလ...

Latest news

- Advertisement -spot_img