27.9 C
Yangon
spot_img

CATEGORY

News

နောင်ချိုမြို့နယ် တောင်ကျရွာနှင့် အုမ္မတီးရွာ တို့ကို စစ်တပ်က စနိုက်ပါ၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မေ ၁၉ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် တောင်ကျရွာနှင့် အုမ္မတီးရွာ တို့ကို အကြမ်းဖက် စစ်တပ်က စနိုက်ပါ၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ မေလ ၁၇ ရက်နေ့...

ပဲခူးမြို့နယ်၊ ဇီးတောရွာရှိ စစ်တပ် ကာကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု လက်နက် ၁၄ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၁၉ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောရွာရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ လက်နက် ၁၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ မေလ ၁၈ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ...

စစ်သုံ့ပန်း မိသားစုဝင် ၃၀၀ ကျော် AA ထပ်မံလွတ်၊ ၁နှစ်အတွင်း စစ်သုံ့ပန်း ၁၀၀၀ ကျော် ပြန်လွှတ်ပေး

ရန်ကုန်| မေ ၁၉ ရခိုင်ပြည်၊ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ ၁နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သား စစ်သုံ့ပန်း မိသားစုဝင် ၃၀၀ ကျော် AA က လွှတ်ပေးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများ စစ်သုံ့ပန်းများနှင့် မိသားစုဝင်များအား အာရက္ခတပ်တော် AA က ပြန်လည်လွှတ်ပေးရာတွင်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူများကို သတင်းဂျာနယ်များ အခမဲ့ ဖြန့်ဝေ

ရန်ကုန်၊ မေ ၁၉ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား ပညာရေး ကျန်းမာရေး နိုင်ငံရေး အ​ခြေအနေသတင်းအချက်အလက်များအပါဝင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းက ကလေးသူငယ်များအားအကြမ်းဖက်သတ်ဖြတ်မှု အစရှိသည့်သတင်းအချက်များသိရှိစေရန် သတင်းဂျာနယ်ကို ၅/ဆလကလူထုသပိတ်စစ်ကြောင်းက အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကိုထမင်းနှင့် ဟင်း လှူဒါန်း

ရန်ကုန်၊ မေ ၁၉ ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းနှင့် ဟင်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မြင်းခြံမြို့နယ်၊ အနိမ့်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ မေ ၁၉ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အနိမ့်ရွာကို စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မူများရှိခဲ့ကြောင်း Myaung Drone Force MDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ မေလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အနိမ့်ရွာကို စစ်ကြောင်းထိုး...

အရာတော်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးဟောပြောပွဲပြုလုပ်

ရန်ကုန်၊ မေ ၁၉ အရာတော်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ၅/အရတ အရာတော်လူထုသပိတ်က ဦးဆောင်၍ လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဟောပြောပွဲတွင် လက်နက်ကြီး၊ လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဗုံးခိုးကျင်းတူးနည်းများ၊ အရေးပေါ် နေထိုင်နည်းများကို သရုပ်ဖော် မျှဝေခဲ့ပြီး ဗုံခိုးကျင်းတူးနည်း၊လေကြောင်း/လက်နက်ကြီး အန္တရာယ်ကြိုတင်ကာကွယ်နည်း၊ padamotor(စက်တပ်လေထီး) နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ ပါဝင်သော လက်ကမ်းစာစောင်များလည်း...

သံတောင်ကြီးမြို့နယ်ရှိ စစ်တပ်၏ တိုက်ခိုက်ရေး သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၁၉ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ...

ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာရှိ လိုတရသိန်းဃိုရ်ရှင် ဘုရားကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ နေအိမ်များလည်း ပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ မေ ၁၉ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာရှိ လိုတရသိန်းဃိုရ်ရှင် ဘုရားကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ နေအိမ်များလည်း ပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း Seven People Defence Force - SPDF မှ တာဝန်ရှိသူ...

စမ်းချောင်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး စစ်တပ်နှင့်ရဲက ကင်းပတ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့

ရန်ကုန်၊ မေ ၁၉ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်သွင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်က စမ်းချောင်းမြို့နယ်တစ်ခွင် ကင်းပတ် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူတချို့နှင့် THE BLOODLINE အဖွဲ့မှတာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရှိရသည်။ ယနေ့ မေလ ၁၉ ရက်နေ့ နံနက်...

Latest news

- Advertisement -spot_img