31 C
Yangon
spot_img

CATEGORY

News

ပေါင်းတည်၊ သိမ်ကုန်းတာဝါတိုင်စခန်းသို့ စစ်ကူလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ခဲယမ်းတချို့သိမ်းဆည်းရရှိ၊ ဆားလင်းကြီးတွင်လည်း စစ်တပ်နှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

ရန်ကုန်၊ မေ ၁၉ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် စစ်တပ် အထိုင်စခန်းသို့ အင်အားဖြည့်တင်းရန် ထွက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မေလ...

ထိုင်း-မြန်မာနယ်စပ်၊ စစ်ကောင်စီ၏ မော်ဖိုးကေစစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်များက စတင်တိုက်ခိုက်နေပြီး ပြည်သူ ၁၀၀ ဝန်းကျင် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင်ရ

ရန်ကုန်၊ မေ ၁၉ ထိုင်း-မြန်မာနယ်စပ်၊ စစ်ကောင်စီ၏ မော်ဖိုးကေစစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်များက စတင်တိုက်ခိုက်နေပြီး ပြည်သူ ၁၀၀ ဝန်းကျင် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင်ရကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်သည်။ ယနေ့ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်၏ မော်ဖိုးကေစစ်စခန်းကို KNLA ၊ KNDO...

အကျဉ်းထောင်များအတွင်း ဘတ်ဂျက်ငွေ နည်းပါးဟုဆိုကာ အစားအသောက်ခွဲတမ်းလျှော့ချပြီး ထမင်းနှင့် ပဲဟင်းအရည်သာ ကျွေးတော့၍ အကျဉ်းသားများ အာဟာရချို့တဲ့မှုများဖြစ်နေ

ရန်ကုန်၊ မေ ၁၉ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များအတွင်း ဘတ်ဂျက်ငွေ နည်းပါးဟုဆိုကာ အကျဉ်းသားများကို အစား အသောက်ခွဲတမ်းလျှော့ချပြီး ထမင်းနှင့် ပဲဟင်းအရည်ကြည်သာ ကျွေးတော့၍ အကျဉ်းသားများတွင် အာဟာရချို့တဲ့မှုများဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အကျဉ်းထောင်များအတွင်း ထမင်းနှင့် ပဲဟင်းအရည်ကြည်ကိုသာ...

မင်းလှတွင် ကိုအောင်ချိုသူနှင့် ကိုချမ်းမြေ့ တို့ ၂ ဦးကို စစ်မှုထမ်းခိုင်းရန် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး၊ စစ်မှုထမ်းလစဉ်ကြေးကို စစ်တပ်ထံသို့ ပေးထားသော်လည်း ပြန်မလွှတ်ပေးဘဲ စစ်သားစုဆောင်းရေးတပ်သို့ ပို့ဆောင်

ရန်ကုန်၊ မေ ၁၉ ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကိုအောင်ချိုသူနှင့် ကိုချမ်းမြေ့ တို့ ၂ ဦးကို စစ်မှုထမ်းခိုင်းရန်အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်း ဖမ်းဆီးခံရသူများ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် မင်းလှမြို့ နယ် ၊...

စစ်ကောင်စီက လူမှုဖူလုံရေးအကျိုးခံစားသည့် အာမခံ အလုပ်သမားများ၏ အမည်၊ နေရပ်လိပ်စာနှင့် Google Mapping ရေးဆွဲမှတ်တမ်းတင်ရန် ညွှန်ကြား၊ အလုပ်သမားများကို စစ်မှုထမ်းစုဆောင်းရန် အဓိက ရည်ရွယ်ဟုဆို

ရန်ကုန်၊ မေ ၁၉ အကြမ်းဖက် စစ်ကောင်စီက လူမှုဖူလုံရေးအကျိုးခံစားသည့် အာမခံ အလုပ်သမားများ၏ အမည်၊ နေရပ်လိပ်စာနှင့် Google Mapping ပါ အတိအကျ ရေးဆွဲမှတ်တမ်းတင်ထားရန် ညွှန်ကြားချက်တစ်ရပ်ကို တစ်နိုင်ငံလုံးရှိ လူမှုဖူလုံရေးရုံးများသို့ ညွှန်ကြားထားကြောင်း အလုပ်သမားအရေး လှုပ်ရှားသူတချို့က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နေပြည်တော်လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)က ယခုမေလအတွင်း...

ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာသို့ လာသည့် ဒုရဲအုပ်နှင့် ရဲတပ်သား တို့ကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၁၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးသိပ္ပံ တက္ကသိုလ်ဝင်းရှိ အကြမ်းဖက် စစ်တပ် စခန်းမှ ပန်းရံ ကျေးရွာသို့ ထွက်လာသည့် ဒုရဲအုပ်နှင့် ရဲတပ်သား တို့ကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း No.4...

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း “Vote ILO Article 33 to Save Lives “ စာတန်းကိုင်ဆောင်ကာ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ မေ ၁၉ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဖားကန့်မှော်လှည့်သပိတ်က ဦးဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန် တောင်းဆိုသည့် အနေနှင့် မေလ ၁၉ရက်နေ့ နံနက်ပိုင်းတွင် “Vote ILO Article 33 to...

ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာနှင့် သဖန်းဇင်ရွာအကြား အများပြည်သူသုံးလမ်း ပေါ်တွင် စစ်တပ်က မြေမြုပ်မိုင်းအလုံး ၇၀ ခန့်ထောင်ထားပြီး ၂၃ လုံးကို ရှင်းလင်းသိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၁၈ ပဲခူးတိုင်း၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်း၊ ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာနှင့် သဖန်းဇင်ကျေးရွာအကြား အများ ပြည်သူအသုံးပြုသွားလာသည့် လမ်းပေါ်တွင် စစ်တပ်စစ်ကြောင်းက မိုင်းအလုံး ၇၀ ခန့်ထောင် ထားခဲ့ ရာ ၂၃ လုံးကို ရှင်းလင်းသိမ်းဆည်းရရှိပြီးဖြစ်ကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၄ ကသတင်းထုတ်...

တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု ဒုဗိုလ်မှူးကြီး ၂ ဦး အပါအဝင် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး တိုက် လေယာဉ် ၂ စီး၊ Y8 လေယာဉ် ၁ စီးနှင့်ဂိုဒေါင်များ ထိမှန်ပျက်စီးဟုဆို

ရန်ကုန်၊ မေ ၁၉ ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကေတုမတီလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှောက်တိုက်ဒုံးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်မှူး ကြီး ၂ ဦးအ ပါအဝင် ၁၀ ဦးသေဆုံးပြီး ဂျက်ဖိုက်တာ ၂ စီး၊ Y8 ၁ စီး နှင့်ဂိုဒေါင်များ...

ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်သားနှင့်ရဲ ၃ ဦး အလင်းဝင်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးအရှင်ဖမ်းမိ

ရန်ကုန်၊ မေ ၁၉ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်သား ၂ ဦးနှင့် ရဲ ၁ ဦးတို့သည် လက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Chinland Defense Force – Hakha က သတင်းထုတ်ပြန်သည်။ မေလ ၁၅ ရက်နေ့မှ ၁၇...

Latest news

- Advertisement -spot_img