27 C
Yangon
spot_img

CATEGORY

News

စစ်ကောင်စီတပ်ဖွဲ့နှင့် ဆက်လက်ပူးပေါင်းနေပါက တိုက်ခိုက်သွားမည်ဟု ပအိုးဝ်ပြည်သူ့စစ် PNO အဖွဲ့ကို KNDF တပ်ရင်း ၃ သတိပေး

ရန်ကုန်၊ မေ ၁၃ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဆက်လက်ပူးပေါင်းနေမည်ဆိုပါက ရန်သူဟု သဘောထားကာ တိုက်ခိုက်သွားမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ (ဖယ်ခုံဇုံ) က ယနေ့ မေလ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။KNDF တပ်ရင်း ၃ ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် 'စစ်ကောင်စီတပ်နှင့်...

ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ၄၀ ဦးခန့် ထိခိုက်သေဆုံးနိုင်

ရန်ကုန်၊ မေ ၁၃ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာအနီးတွင် ယမန်နေ့ မေလ ၁၂ ရက် ညနှင့် ယနေ့ မေလ ၁၃ ရက်နံနက်၌ မြိတ်နှင့် ထားဝယ်ဘက်မှ ထွက်ခွာလာလသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၄၀ ဦးခန့်...

မြန်မာ အကြမ်းဖက်စစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ အာဆီယံ ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေကြောင်း Justice For Myanmar ထုတ်ပြန်ပြောဆို

ရန်ကုန်၊ မေ ၁၃ Justice For Myanmar က စုံစမ်းဖော်ထုတ်ထားတဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ အာဆီယံအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေး၊ စစ်ရေးပူးပေါင်း ဆောင်ရွက်နေမှုတွေဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတာ ဖြစ်တယ်လို့ သုံးသပ် ရေးသားထားပါတယ်။အာဆီယံအနေနဲ့ ကာကွယ်ရေး အစီအစဉ်တရပ်ဖြစ်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ...

စစ်တပ်သတင်းပေးဟု စွပ်စွဲခံရသော သားနှင့်မြေးဖြစ်သူ အသတ်ခံရပြီးနောက် တောင်ဒဂုံ ၂၅ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အိမ်တွင် ဗုံး ၂ လုံးကွဲ၊ စစ်တပ်က လာစစ်ချိန်တွင် ဗုံး ၃ လုံးဆက်တိုက်ကွဲ

ရန်ကုန်၊ မေ ၁၃ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၂၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောနေအိမ်တွင် ယနေ့ နံနက်ပိုင်း ဗုံး ၂ လုံးပေါက်ကွဲပြီး စစ်တပ်က လာရောက်စစ်ဆေးချိန်တွင် ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဒဂုံမြို့သစ်တောင်ပိုင်း၊ ယုဇန ၂ လမ်း ရှိ...

ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်တွင် မြန်မာ အကြမ်းဖက်စစ်ကောင်စီ သံအမတ်ကို ဖိတ်ကြားထားမှု ပယ်ဖျက်ပေးရန် JFM တောင်းဆို

ရန်ကုန်၊ မေ ၁၃ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ကျင်းပမှာဖြစ်တဲ့ ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ဖို့ မြန်မာအကြမ်းဖက် စစ်ကောင်စီ သံအမတ် ကို ပွဲတာဝန်ရှိသူများက ဖိတ်ကြားထားကြောင်း သိရပါတယ်။ ဒါ့အပြင် ဖိုရမ်ရဲ့ ညစာစားပွဲ မတိုင်မှီ ညနေပိုင်းမှာ စစ်ကောင်စီ သံအမတ်ဖြစ်တဲ့ သာအောင်ညွန်...

ထီရိစစ်ကောင်စီစခန်းကို တိုက်ခိုက်စဉ် ဗိုလ်မှူးဟိန်းထက်ကိုကို အပါအဝင် ၁၅ ဦးသေဆုံး၊ အရှင်ဖမ်းမိသည့် ၅ ဦးကို ကောင်းမွန်စွာထားပြီး စစ်ဆေးနေ

ရန်ကုန်၊ မေ ၁၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်များ တပ်စွဲထားရာ ဂိတ်စခန်းကို ယမန်နေ့ မေလ ၁၂ ရက် နံနက်အစောပိုင်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ၏ တပ်မ ၅၅ မှ ဗိုလ်မှူးဟိန်းထက်ကိုကို အပါအဝင် ၁၅ ဦးသေဆုံးခဲ့ကာ...

KIA ၊ KNU နှင့် KNPP တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက်မှု ပြည်ပနိုင်ငံများ၊ PDF ၊ CRPH တို့ ပါဝင်ပတ်သက် ဆက်နွယ်နေဟု မင်းအောင်လှိုင် မချိတင်ကဲ သုံးသပ်ပြောဆို

ရန်ကုန်၊ မေ ၁၃ ကချင်လွတ်လပ်ရေးတပ်မတော်KIA ၊ ကရင် KNU နှင့် ကရင်နီKNPP လက်နက်ကိုင် ၃ ဖွဲ့က ဖိတ်ခေါ်ထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ရောက်မှုတွင် ပြည်ပနိုင်ငံများ ပါဝင်ပတ်သက်နေပြီး PDF ၊ CRPH တို့နှင့်ပါ ဆက်နွယ်နေကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင်...

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဝါရှင်တန်ဒီစီတွင်တွေ့ဆုံ၊ မြန်မာ့ဒီမိုကရေစီအရေး အမေရိကန်က ပိုမိုတွန်းအားပေးမည်

ရန်ကုန်၊ မေ ၁၃ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး အမေရိကန် ဝါရှင်တန်ဒီစီတွင် မေလ ၁၂ ရက်နေ့တွင် တွေ့ဆုံကြပြီး မြန်မာ့ဒီမိုကရေစီအရေး အမေရိကန်က ပိုမိုတွန်းအားပေးမည်ဖြစ်ကြောင်း အမေရိကန်ဘက်က ထုတ်ဖော်ပြောဆိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရNUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ...

မြန်မာ့အရေးမှာ မင်းအောင်လှိုင်ဘက်က ဘက်လိုက်မု ရှိနေတဲ့ အာဏာရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင် အမေရိကန်မှာ ဖိနပ်နဲ့ အပေါက်ခံရ

ရန်ကုန်၊ မေ ၁၃ ကမ္ဘောဒီးယားနိုင်ငံတွင်းမှာ လွတ်လပ်တဲ့‌ ရွေးကောက်ပွဲတွေ ကျင်းပခြင်းမရှိဘဲ အတိုက်အခံနိုင်ငံရေးသမားတွေ၊ သတင်းသမားတွေ အကြီးအကျယ် ဖိနှိပ် ထောင်ချနေတဲ့သူ၊ မြန်မာ့အရေးမှာ စစ်အာဏာရှင် မင်းအောင်လှိုင်ဘက်က ဘက်လိုက်နေတဲ့ အာဏာရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ် အာဏာရှင် ဟွန်ဆင်ဟာ အမေရိကန်ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီမှာ သူ့ရဲ့ ထောက်ခံသူတွေကို...

ရေဦးတွင် အကြမ်းဖက် စစ်တပ်က မုံတိုင်ပင်ရွာသား ၂၂ ဦးကို သတ်ဖြတ်ပြီး ပြည်သူ ၂၈ ဦးကို လူသား ဒိုင်းအဖြစ် ဖမ်းဆီးသွား၊ ကျေးရွာ ၆ရွာက ပြည်သူပိုင် နေအိမ်အလုံး ၈ဝကျော်ကိုလည်း စစ်တပ်က မီးရှို့ ဖျက်ဆီး၊ မြိုင်မြို့နယ် တောင်ဘို့ရွာကိုလည်း စစ်တပ်က...

ရန်ကုန်၊ မေ ၁၂ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုံတိုင်ပင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၂၂ ဦးကို ပစ်သတ်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်တပ်သည် ၎င်းတို့...

Latest news

- Advertisement -spot_img