31.9 C
Yangon
spot_img

CATEGORY

News

လှိုင်သာယာ၊ ချန်းရိ Adidas ဖိနပ်စက်ရုံတွင် တစ်ရက်လျှင် လုပ်အားခ ၁၂၀၀၀ ရရှိရေး ဆန္ဒပြမှုအတွက် စက်ရုံက တစ်ရက်လျှင် လုပ်အားခ ၈၅၀၀ ကျပ်ဝန်းကျင်သာ တိုးပေး၊ အလုပ်သမားထောင်ချီ သဘောမတူဘဲ ကိုယ်စားလှယ်များဖြင့် စာချုပ်ချုပ်

လှိုင်သာယာ၊ ချန်းရိ Adidas ဖိနပ်စက်ရုံတွင် တစ်ရက်လျှင် လုပ်အားခ ၁၂၀၀၀ ရရှိရေး ဆန္ဒပြမှုအတွက် စက်ရုံက တစ်ရက်လျှင် လုပ်အားခ ၈၅၀၀ ကျပ်ဝန်းကျင်သာ တိုးပေး၊ အလုပ်သမားထောင်ချီ သဘောမတူဘဲ ကိုယ်စားလှယ်များဖြင့် စာချုပ်ချုပ် ရန်ကုန်၊ မေ ၁၈ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာ၊ ချန်းရိ...

ကမ္မမြို့ပေါ်၊ ရပ်ကွက်ဆေးခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးခန်းပျက်စီး

ရန်ကုန်၊ မေ ၁၈ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးခန်းပျက်စီးသွားကြောင်း ဆိတ်ဖြူတကိုယ်တော်ကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့မေလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၁၇ မိနစ်အချိန်...

AA ထောက်ပံ့ရေးအဖွဲ့ဝင်များကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိဟု စစ်ကောင်စီက သတင်းလိမ်လည် ထုတ်ပြန်နေပြီး စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံတကာတွင် AA ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ဇာတ်လမ်းဆင် ဖန်တီးနေဟု ခိုင်သုခ ပြော

ရန်ကုန်၊မေ ၁၈ ပြည်တွင်းတွင် AA ထောက်ပံ့ရေးအဖွဲ့ဝင်များကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်မှုများသည် လိမ် လည်မှုသာဖြစ်ပြီး စစ်တပ်က ၎င်းတို့ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံတကာတွင် AA ၏ ဂုဏ်သိက္ခာညိုးနွမ်းစေရန် ရည်ရွယ် ချက်ရှိရှိ ဇာတ်လမ်းဆင် ဖန်တီးနေခြင်းဖြစ်ကြော်ငး AA ပြောခွင့်ရပုဂ္ဂိုလ်...

ပခုက္ကူမြို့၊ စက်မှုန်ဇုန် ၆ လမ်းရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၃ ဦး သေဆုံး

ရန်ကုန်၊ မေ ၁၈ မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုန် ၆ လမ်းရှိ စစ်တပ် ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူ စောထီး ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မေလ ၁၅...

အမေရိကန်က သွင်းကုန်အခွန်တိုးကောက်မှု မဖြစ်သင့်ဘဲ ဥရောပနှင့်ဗြိတိန်တို့က ယူကရိန်းကို ထောက်ပံ့ခြင်းဖြင့် ရုရှားကို စစ်ပန်းအောင် လုပ်နေပြီဟု အကြမ်းဖက် မင်းအောင်လှိုင်က ဝေဖန်ပြော

ပြည်တွင်းတွင် စစ်ရှုံးနေသော်လည်း ကမ္ဘာ့ရေးရာကိစ္စရပ်များတွင်ပါ မင်းအောင်လှိုင်က ဝေဖန်ပြောဆိုလာ ရန်ကုန်၊ မေ ၁၈ အမေရိကန်ပြည်ထောင်စုက သွင်းကုန်များအပေါ် အခွန်တိုးကောက်လိုက်မှုမှာ မဖြစ်သင့်၊ မကောက်သင့်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က က ဝေဖန်လိုက်ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၈ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်...

မန္တလေး၊ စစ်ကိုင်း အပါအဝင် မြို့ကြီးများတွင် ယနေ့ည ၁၀ နာရီ ၂၅ မိနစ်အချိန် သိသိသာသာ ငလျင်လှုပ်ခတ်ပြီး လှုပ်ခတ်ချိန် အချိန်အနည်းငယ်ကြာ မြင့်၊ ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၇ အဆင့်ဖြင့် လှုပ်ခတ်ခဲ့

ရန်ကုန်၊ မေ ၁၇ မန္တလေး၊ စစ်ကိုင်း အပါအဝင် မြို့ကြီးများတွင် ယနေ့ည ၁၀ နာရီ ၂၅ မိနစ်ဝန်းကျင် အချိန် သိသိသာသာ ငလျင်လှုပ်ခတ်ပြီး ငလျင်လှုပ်ခတ်ချိန် အချိန်အနည်းငယ်ကြာမြင့်ကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ "ဒီည ငလျင်က တော်တော်ကြမ်းတယ်။ အချိန်လည်း ကြာတယ်။ ၁...

မန္တလေးငလျင်ဘေးသင့် ကယ်ဆယ်ရေးစခန်းတွင် ငလျင်လှုပ်ခတ်မှုနှင့် မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင် ပြိုလဲရာမှ ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံး

ရန်ကုန်၊ မေ ၁၈ မန္တလေးငလျင်ဘေးသင့် ကယ်ဆယ်ရေးစခန်းတွင် မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင်ပြိုလဲရာမှ ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ယနေ့ မေလ ၁၈ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း၊...

မြန်မာစစ်တပ်ကို နှစ်ပေါင်းများစွာ ထောက်ပံ့နေသည့် ဂုဏ်သရေပျက် ထိုင်းသူဌေးကြီးနှစ်ဦး

ရန်ကုန်၊ မေ ၁၇ မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးများကို အားပေးကူညီနေသည့် ဂုဏ်သရေပျက် အာဆီယံ သူဌေးကြီးများစာရင်းအား Justice For Myanmar (JFM)အဖွဲ့က မေလ ၁၂ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါဂုဏ်သရေပျက် အာဆီယံ သူဌေးကြီးများစာရင်းတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံမှ သူဌေးကြီး ၂ ဦးပါဝင်နေသည်။ (၁) ချယ်ရင်းန်...

အကြမ်းဖက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို အာဆီယံက မျက်ကွယ်ပြုနေထားဟု Fortify Rights ပြောဆို

ရန်ကုန်၊ မေ ၁၇ အကြမ်းဖက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို အာဆီယံက မျက်ကွယ်ပြုနေကြောင်း Fortify Rights အဖွဲ့က မေလ ၁၄ ရက်တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။ "အာဆီယံဟာ မြန်မာနိုင်ငံအရေးအခင်းအတွက် အာဆီယံဦးဆောင်တဲ့ ဖြေရှင်းရေးနည်းလမ်းကို ရှာဖွေဖို့ စိတ်အားထက်သန်ပေမယ့်လည်း၊ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကိုတော့...

ရွှေဘိုတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က တခွန်တိုင်ရွာ ဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင်နေသည့် ပြည်သူများကို ဖမ်းဆီးထားပြီး ထောင်နှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၁၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က တခွန်တိုင်ရွာ ဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင်နေသည့် ပြည်သူများကို ဖမ်းဆီးထားပြီး ထောင်နှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၁၄ ရက်နေ့မှ စတင်၍...

Latest news

- Advertisement -spot_img