24.9 C
Yangon
spot_img

CATEGORY

News

ကချင်ပြည်နယ်၊ ဖားကန့်သို့ ဦးတည် ချီတက်လာနေသည့် စစ်တပ်စစ်ကြောင်းများကို ‌KIA ၊ PDF ပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်၊ ဗန်းမော်တွင်လည်း တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ ဧပြီ ၂၅ ကချင်ပြည်နယ်ဖားကန့်သို့ ဦးတည် ချီတက်လာနေသည့် စစ်တပ်စစ်ကြောင်းများကို ‌KIA ၊ PDF ပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ဗန်းမော်တွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြော ဆိုသည်။ ဖားကန့်မြို့သို့ မိုးကောင်း၊ ကာမိုင်းဘက်မှ စစ်တပ်စစ်ကြောင်းများ အင်အားရာချီ၍ တက်လာနေကြောင်း၊ ထို့ကြောင့် ဧပြီလ...

ပဲခူးတိုင်းနှင့်ရခိုင်အစပ် လေးအိမ်စုစခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ ဖြင့် တိုက်ခိုက်သိမ်းပိုက်ဟု အလင်းဝင်စစ်မှုထမ်းတပ်သား မင်းခန့် ပြော

ရန်ကုန်| ဧပြီ ၂၅ ပဲခူးတိုင်းနှင့် ရခိုင်အစပ် ပန်းတောင်း - တောင်ကုတ်လမ်းပိုင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ လေးအိမ်စုစခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားခဲ့ကြောင်း စစ်တပ်၏ ရှေ့ တန်း စခန်းမှ အလင်းဝင်ရောက် လာသည့်...

နေပြည်တော်တွင် အရေးပေါ် WFP အာဟာရဖြည့် ဘီစကွတ် ရောင်းချနေသည်ဆိုသော ဆိုရှယ်မီဒီယာဖော်ပြမှု သက်သေ မတွေ့ရဘဲ ရောင်းချလျှင် အရေးယူမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ကြေညာ

ရန်ကုန်၊ ဧပြီ ၂၅ မြန်မာနိုင်ငံမှ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ဖြန့်ဝေပေးထားတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFPရဲ့ အဟာရဖြည့် ဘီစ ကွတ် တွေကို ရောင်းချနေတာတွေ့ရှိခဲ့ရင် ချက်ချင်းအရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂရုံးက မနေ့က ကြေညာပါတယ်။ မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံမှာ အင်အားပြင်းစစ်ကိုင်းငလျင်လှုပ်ခတ်မှုအပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာက...

ပေါင်းတလည် နှင့်ညောင်လေးပင်မြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၅ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ာသား ၃ ဦးသေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)-၃၆၀၁ တပ်ရင်း၏ စစ်ထောက် လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဧပြီလ ၂၃ ရက်နေ့ ညနေ...

ကျောက်ပန်းတောင်တွင် ပြည်သူ့စစ်ခေါင်းဆောင် ဌေးနိုင် ကို တော်လှန်ရေး တပ်ဖွဲ့က အရှင် ဖမ်းဆီးရရှိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံး

ရန်ကုန်၊ ဧပြီ ၂၅ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် ဌေးနိုင် ကို တော်လှန်ရေး တပ်ဖွဲ့က အရှင် ဖမ်းဆီး နိုင်သော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း Popa Guerilla Force (PGF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ဘုတလင်မြို့နယ်၊ ကြို့ကုန်းကျေးရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၅ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကြို့ကုန်းကျေးရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ အိမ်ခြေ ၄၀၀ နီးပါးရှိသည့် ဘုတလင်မြို့နယ် ကြို့ကုန်းရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲခဲ့ကြောင်း၊ အဆို ပါ...

Breaking News- ပြည်ပရောက် NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး မြန်မာနိုင်ငံအတွင်း သို့ အပြီးပြန်လည် အခြေချကာ ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပညာရေးဆိုင်ရာများအတွက် လုပ် ဆောင်နေ

ရန်ကုန်၊ ဧပြီ ၂၅ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် ပြည်ပတွင် ရောက်ရှိနေရာမှ မိခင်မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီဖြစ်ပြီး ပြည်ပရောက် NUG ဝန်ကြီး တစ်ဦးအနေဖြင့် မြန်မာနိုင်ငံတွင်းသို့ အပြီး ပြန်လည် အခြေချကာ ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပညာ ရေး ဆိုင်ရာများ လုပ်ဆောင်နေကြောင်း NUG...

ညောင်ဦးတွင် စစ်ကောင်စီတပ်က ပြည်သူ့နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ

ရန်ကုန်၊ ဧပြီ ၂၅ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွားကြောင်း ညောင်ဦးမြို့နယ်ပကဖ -Yan Gyi Aung PDF မှ ကိုပြူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဧပြီလ ၂၁ ရက်နေ့ ညောင်ဦးမြို့နယ်၊...

စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက် ရခိုင်ပြည်မှ မြို့နယ် ၅ ခုကို စစ်ရေးအရ ၄၀၉ ကြိမ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ အဆောက်အအုံ ၂၄ ခု ပျက်စီး

ကျောက်ဖြူတွင် စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး ရန်ကုန်၊ ဧပြီ ၂၅ အကြမ်းဖက်စစ်ကောင်စီက အမည်ခံ အပစ်အခတ်ရပ်စဲရေး ကြေညာပြီး ရခိုင်ပြည်မှ မြို့နယ် ၅ ခုကို စစ်ရေးအရ ၄၀၉ ကြိမ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ အဆောက်အအုံ ၂၄...

AA ၊ PDF ပူးပေါင်းတပ်များ ဝင်ရောက်လာနေ၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တိမ်းရှောင်ခြင်းနှင့် စစ်တပ်စခန်းများထံတွင် သွားရောက်ခိုလှုံနေ

ရန်ကုန်၊ ဧပြီ ၂၅ ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းသို့ AA ၊ PDF ပူးပေါင်းတပ်များ ထိုးဖောက်ဝင်ရောက်လာနေ၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အုပ် ချုပ်ရေးမှူးများ တိမ်းရှောင်ခြင်းနှင့် စစ်တပ်စခန်းများထံတွင် သွားရောက်ခိုလှုံခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာ၊ ဝါးတောကွင်းကျေးရွာ၊ တောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှာ...

Latest news

- Advertisement -spot_img