31.9 C
Yangon
spot_img

CATEGORY

News

ကလေးမြို့တောင်ပိုင်း၊ စစ်တပ်နှင့်ပျူစခန်း ၅ ခုကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် အကြိမ်ပေါင်း ၁၀၀၀ ကျော်ဗုံးကျဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၅ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၆ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ ပျူစခန်းများ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်လုပ်ဆောင်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁၅ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း CDF – KKG က ယနေ့...

သင်္ကြန်ကာလ ထီးလင်း၊ ဆောနှင့်ဂန့်ဂေါမြို့နယ်တို့ကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ

ရန်ကုန်၊ ဧပြီ ၁၆ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်နှင့်ဂန့်ဂေါမြို့နယ်တို့ကို စစ်ကောင်စီတပ်က သင်္ကြန်ကာ လအတွင်း လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယနေ့ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်...

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၊ လမ်းလျှောက်သင်္ကြန် သွားရောက်လည်ပတ်သည့် လူငယ်တချို့ ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၁၆ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်နေသော လမ်းလျှောက်သင်္ကြန်သို့ သွားရောက်လည်ပတ်ခဲ့သည့် လူငယ် ၃ ဦးကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသည့် လူငယ် ၃ ဦး၏ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့...

သင်္ကြန်အတက်နေ့ ကျုံဒိုးမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်နေပြီး စစ်ဘေးရှောင် ကားတစ်စီးပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အနည်းဆုံး ပြည်သူ ၁၀ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဧပြီ ၁၆ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့် ကားပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အနည်းဆုံး ပြည်သူ ၁၀ ဦးသေဆုံးကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာသို့...

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သောင်းတန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ ဧပြီ ၁၆ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သောင်းတန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးထက်မနည်း သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် ပဲခူးတိုင်း အုတ်တွင်းမြို့နယ်၊...

မင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူးကာလ အကျဉ်းသားတချို့ လွတ်ငြိမ်းသက်သာခွင့်ပေးရန်ရှိနေပြီး အာဆီယံ၏ အသိ အမှတ်ပြုမှု ရယူလို

ရန်ကုန်၊ ဧပြီ ၁၆ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာရိုးရာ နှစ်သစ်ကူးကာလ လုပ်ဆောင်မြဲဖြစ်သော အကျဉ်းသားများ လွတ်ငြိမ်းသက်သာခွင့်ပေးရန်ရှိနေပြီး အဆိုပါ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အာဆီယံ၏ အသိအမှတ်ပြုမှု နှင့် ချီးကျူးမှု ရယူလိုနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ၏ ဖိတ်ကြားချက်အရ ဧပြီလ...

ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုတွင် အသက် ၃ နှစ်အရွယ်မှ အသက် ၁၅ နှစ်အရွယ်အထိ ကလေးငယ် ၄ ဦး အပါအဝင် ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၆ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုတွင် အသက် ၃ နှစ်အရွယ်မှ အသက် ၁၅ နှစ်အရွယ်အထိ ကလေးငယ် ၄ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် မွန်လွတ်မြောက်ရေးတပ်မတော်ထံမှ သိရှိရသည်။ ယမန်နေ့ ဧပြီလ ၁၅...

နွားထိုးကြီးမြို့ပေါ်တွင် အရက်ထွက်ဝယ်သည့် စစ်သား ၂ ဦးကို အနီးကပ် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

နွားထိုးကြီးမြို့ပေါ်တွင် အရက်ထွက်ဝယ်သည့် စစ်သား ၂ ဦးကို အနီးကပ် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ ဧပြီ ၁၅ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်တွင် အရက်ထွက်ဝယ်သည့် စစ်သား ၂ ဦးကို အနီးကပ် ပစ်ခတ်...

မင်းလှမြို့နယ်တွင် PDF သတင်းများကို လိုက်လံ စုံစမ်းနေသည့် လက်နက်ကိုင် ပျူစောထီး လင်မယားကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦး သေဆုံး

မင်းလှမြို့နယ်တွင် PDF သတင်းများကို လိုက်လံ စုံစမ်းနေသည့် လက်နက်ကိုင် ပျူစောထီး လင်မယားကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦး သေဆုံး ရန်ကုန်၊ ဧပြီ ၁၅ ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် PDF သတင်းများကို လိုက်လံ စုံစမ်းနေသည့် လက်နက်ကိုင် ပျူစောထီး လင်မယားကို ပစ်ခတ်တိုက်ခိုက်ရာ ၁...

သင်္ကြန်အကြတ်နေ့တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အုတ်တွင်းမြို့နယ်ရှိ သောင်းတန်းရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး

သင်္ကြန်အကြတ်နေ့တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အုတ်တွင်းမြို့နယ်ရှိ သောင်းတန်းရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး ရန်ကုန်၊ ဧပြီ ၁၅ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သောင်းတန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး...

Latest news

- Advertisement -spot_img